ခြေတုတပ်ပြီး (၃)ပတ်အကြာမှာပဲ ပျော်ရွှင်စွာကခုန်နေပြီဖြစ်တဲ့ ကိုလံဘီယာ Miss ဟောင်း

Instagram by danielaalvareztv'

၂၀၁၁ ခုနှစ်တုန်းက Miss Columbia ဖြစ်ခဲ့ပြီး ၂၀၁၂ ခုနှစ်ရဲ့ Miss Universe မှာ ကိုလမ်ဘီယာကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ခဲ့တဲ့ Daniella Alvarez ဟာ တကယ့်ကို လှပပြီး သွက်လက်ကာ အရည်အချင်းရှိတဲ့မိန်းကလေးတစ်ယောက်ပါ။ ဒါပေမဲ့ သူမမှာ ရောဂါတစ်ခုကြောင့် ခြေထောက်ဖက်ကို သွေးမရောက်တော့တဲ့အတွက် ခြေထောက်တစ်ဖက် ဖြတ်လိုက်ခဲ့ရပါတယ်။

https://www.instagram.com/p/B-h574VJkZ0/

အခုတော့ ခြေထောက်လေးကို ခြေတုလေး တပ်လိုက်ပါပြီတဲ့။ ပုံမှန်ဆိုရင် ခြေတုတစ်ခုနဲ့ လမ်းကောင်းကောင်းပြန်လျှောက်ဖို့အတွက် ၆ လလောက်အထိ အသားကျအောင် လေ့ကျင့်မှုတွေပြုလုပ်ရပေမယ့်လို့ Daniella Alvarez ကတော့ တစ်လမပြည့်ခင်မှာပဲ ချီးကျူးဖို့ကောင်းတဲ့ အရာတစ်ခုကို လုပ်ခဲ့ပါတယ်။

READ
(၁၅.၁၂.၁၈) မှ (၂၁.၁၂.၁၈)အတွင်း လူစိတ်ဝင်စားမှုအများဆုံး သတင်း (၅)ပုဒ်

https://www.instagram.com/p/B3GK0MipdI4/

အဲဒါကတော့  ၃ ပတ်တည်းနဲ့ ခြေတုကို အသားကျအောင်လုပ်နိုင်ပြီး အစ်ကိုဖြစ်သူနဲ့ကတောင်ကနေပါပြီ။

 

 

View this post on Instagram

 

No importan las dificultades! Debemos ser resilientes en la vida !! #enrumbatecondaniella

A post shared by Daniella Alvarez (@danielaalvareztv) on

သူမအနေနဲ့ အခုလို ခြေထောက်တစ်ဖက် ဆုံးရှုံးခဲ့ရပေမယ်လို့ တစ်ခါမှ စိတ်ဓာတ်ကျပြီး ငိုခဲ့ဖူးတာမရှိခဲ့ပါဘူးတဲ့။ ဒါပေမဲ့လည်း ခွဲစိတ်ခန်းဝင်ပြီး ပြန်ထွက်လာတုန်းကတော့ အရမ်းကိုနာကျင်လွန်းလို့ မျက်ရည်ကျခဲ့တာပဲရှိတာပါတဲ့။ နောက်ပြီး သူမကနေပဲ “နတ်မိမယ်တောင်ပံရှိနေပြီပဲ လမ်းလျှောက်ဖို့ ခြေထောက်ဘယ်လိုတော့မှာလဲဆိုပြီး ပြောလာခဲ့ပါတယ်။

Penny

READ
သားဖြစ်သူကို ဆံပင်ညှပ်ရာမှာ လက်လွန်ပြီးထိပ်ပြောင်သွားလို့ ဇနီးပေါက်ကွဲတာခံရတဲ့ခင်ပွန်း

 

SHARE