သမ္မတကပေးအပ်တဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကို အကောင်းဆုံးအသုံးချနေတဲ့ အမျိုးသမီး

အမေရိကန်နိုင်ငံရဲ့ သမ္မတဟောင်းဖြစ်သူ ဘားရတ်ခ်အိုဘားမားဟာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ထောင်ထဲက လွတ်ပြီး တက္ကသိုလ်မှာ ကျောင်းတက်နေတဲ့ အကျဉ်းသားဟောင်းဖြစ်ခဲ့ဖူးသူကို စာရေးသားကာ ချီးကျူးစကားဆိုခဲ့ကြောင်း CNN သတင်းအရ သိရပါတယ်။ ၄င်းအကျဉ်းသားဟောင်းဟာ ဒယ်နီယဲလ်မက်တ်ဆိုသူ အမျိုးသမီးတစ်ဦးဖြစ်ပါတယ်။ ဒယ်နီယဲလ်ဟာ (၁၉၉၃) ခုနှစ် သူမအသက်(၂၆) နှစ်အရွယ်မှာ ဆေးမှုနဲ့ ထောင်တစ်သက်တစ်ကျွန်းကျခံခဲ့ရတာ ဖြစ်ါတယ်။

အိုဘားမားသမ္မတလက်ထက်မှာတော့ ယခင်ဆေးမှုနဲ့ ထိန်းသိမ်းထားသူ အကျဉ်းသားတော်တော်များများကို လွှတ်ပေးခဲ့တဲ့အထဲ ဒယ်နီယဲလ်ပါ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပါသွားခဲ့ပါတယ်။ သူမရဲ့ ဘ၀တစ်သက်တာမှာ အချိန်ထက်ဝက်လောက်ဟာ အကျဉ်းထောင်ထဲမှာပဲ ကုန်ဆုံးခဲ့ရတဲ့အတွက် အိုဘားမားဆီက လွတ်ငြိမ်းချမ်းသာခွင့်ရတဲ့အခါ ဒယ်နီယဲလ်ဟာ အတိုင်းမသိပျော်ရွှင်ခဲ့ပါတယ်။

Change.Org
DANIELLE METZ

သမ္မတရဲ့ စေတနာကို အသိအမှတ်ပြုတဲ့အပြင် သူမဘ၀ရှေ့ရေးအတွက်လည်း စိတ်သစ်လူသစ်နဲ့ တဖန်ပြန်ကြိုးစားချင်တာကြောင့် သူမဟာ တက္ကသိုလ်မှာ ကျောင်းပြန်တက်ခဲ့ပါတယ်။ အခုဆိုရင်တော့ ဒယ်နီယဲလ်ဟာ တက္ကသိုလ်ပထမနှစ်ကို ဂုဏ်ထူးတွေဝေေ၀ဆာဆာနဲ့ ပြီးစီးခဲ့တာကြောင့် အိုဘားမားက သူမကို ကိုယ်တိုင်စာရေးပြီး ဂုဏ်ပြုစကားဆိုခဲ့တာ ဖြစ်ပါတယ်။ ဒယ်နီယဲလ်ဟာ ပျမ်းမျှ GPA (၃.၇၅) နဲ့ အမှတ်ရလဒ်ထွက်ရှိခဲ့ပြီး တက္ကသိုလ်ထိပ်တန်းကျောင်းသားစာရင်းထဲ ပါဝင်ခဲ့ကာ ပညာသင်ဆုလည်း ရရှိခဲ့တာ ဖြစ်ပါတယ်။

READ
အိမ်တွင်းအထည်ချုပ်လုပ်ငန်းကနေ သန်းချီတန်စီးပွားဖြစ်အောင် စွမ်းဆောင်ခဲ့တဲ့အမျိုးသမီး

 

သမ္မတအိုဘားမားကတော့ သူပေးပို့တဲ့စာထဲမှာ ဒယ်နီယဲလ်အတွက် ဂုဏ်ယူကြောင်းနဲ့ ဒုတိယအကြိမ် ရောက်လာမယ့် အခွင့်အရေးကို ရှာဖွေနေကြတဲ့ လူတွေအတွက်လည်း သူမဟာ စံနမူနာဖြစ်ပါတယ်ဆိုပြီး ဖော်ပြထားခဲ့တာ ဖြစ်ပါတယ်။ ဒယ်နီယဲလ်ဟာ အခုဆိုရင်တော့ တက္ကသိုလ်မှာကြိုးကြိုးစားစားနဲ့ ပညာဆည်းပူးသင်ယူလျက်ရှိပြီး သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကို  အကောင်းဆုံးအသုံးပြုလျက် ရှိနေကြောင်း သိရပါတယ်။

READ
အရက်နဲ့မူးယစ်ဆေးဝါးတို့ရဲ့ သားကောင်ဘ၀မှ ရုန်းထွက်ခဲ့တာ(၁၀) နှစ်ပြည့်ပြီဆိုတဲ့ အမ်မီနမ်

လင်းလင်း (ShweMom)

SHARE