အချစ်ရေးထက် တိုင်းပြည်အရေးကို ဦးစားပေးခဲ့တဲ့ ဒိန်းမတ်ဝန်ကြီးချုပ်အမျိုးသမီး

[email protected]

လက်ရှိအချိန်မှာ ဖြစ်ပွားနေတဲ့ COVID 19 ကပ်ရောဂါကြီးဟာ ဘယ်အချိန်မှ ပြီးနိုင်မလဲ မသိနိုင်သေးတဲ့ အခြေအနေပါ။ ရောဂါဖြစ်ပွားမှုတွေ၊ ကူးစက်နှုန်းတွေ အရင်ကထက် လျော့ကျသွားပြီဖြစ်ပေမယ့် ကာကွယ်ဆေးမပေါ်သေးတာကြောင့် အခုအချိန်မှာ အရင်လိုနေထိုင်မှုဘဝတွေ ပြန်ရဖို့ အချိန်အတော်ကြာ စောင့်ရအုံးမှာပါ။ နိုင်ငံတော်တော်များများမှာတော့ Lockdown စည်းမျဉ်းတွေ အရင်ကလောက် သိပ်မတင်းကြပ်တော့ပေမယ့် ဘယ်အရာမှ ပေါ့ဆမနေသင့်ပါဘူး။

နိုင်ငံတော်တော်များရဲ့ ခေါင်းဆောင်တွေခမျာလည်း သူတို့နိုင်ငံသားတွေ ကျန်းမာရေးအတွက် အချိန်ပြည့် ဘယ်လိုကာကွယ်မှုတွေ လုပ်ရမလဲဆိုတာ ခေါင်းပူအောင် စဉ်းစားနေရဆဲပါပဲ။ အခုလည်း ဒိန်းမတ်နိုင်ငံရဲ့ ဝန်ကြီးချုပ်အမျိုးသမီးဟာ COVID 19 ကာကွယ်မှုအတွက် ပြုလုပ်မယ့် အရေးပေါ်အစည်းအဝေးက သူမရဲ့ မင်္ဂလာဆောင်နေ့ရက်နဲ့ တိုက်နေတာကြောင့် မင်္ဂလာပွဲကို ဖျက်လို့ဖို့ ဆုံးဖြတ်ခဲ့ကြောင်း CNN သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

အသက် (၄၂) နှစ်အရွယ် ဒိန်းမတ်ဝန်ကြီးချုပ်အမျိုးသမီးဖြစ်တဲ့ Mette Frederiksen ဟာ လာမယ့် ဇူလိုင်လ (၁၇) ရက်နေ့ကို သူမနဲ့ သူမရဲ့ချစ်သူဖြစ်တဲ့ Bo Tengberg တို့မင်္ဂလာဆောင်ဖို့ အစီအစဉ်တွေပြုလုပ်ထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် မကြာသေးခင်အချိန်ကပဲ ဒိန်းမတ်နိုင်ငံရဲ့ COVID 19 ကပ်ရောဂါကာကွယ်မှုတွေနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်တွေအတွက် အရေးပေါ်အစည်းအဝေးကို ပြုလုပ်ဖို့ ရက်စွဲကို ဇူလိုင်လ (၁၇) ရက်နေ့မှာ ပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဒါ့ကြောင့် Mette ဟာ သူမရဲ့ မင်္ဂလာပွဲနေ့ဟာ အစည်းအဝေးရက်နဲ့ တိုက်နေတာကြောင့် မင်္ဂလာပွဲကို ဖျက်သိမ်းခဲ့ကြောင်း သိရပါတယ်။

“မင်္ဂလာပွဲကတော့ နောက်မှဘယ်အချိန် ဆောင်ဆောင်ရပါတယ်။ လက်ရှိမှာတော့ COVID 19 နဲ့ ပတ်သတ်တဲ့ အရာတိုင်းက အရေးကြီးနေပါတယ်။ တစ်ချက်ကလေး သတိလွတ်သွားတာနဲ့ အခန့်မသင့်ရင် အသက်အန္တရယ်တောင် ဆုံးရှုံးနိုင်ပါတယ်။ ဒါ့ကြောင့်လည်း ကျွန်မမင်္ဂလာပွဲကိုပဲ ဖျက်ပစ်လိုက်တာပါ” လို့ Mette က ပြောကြားခဲ့ပါတယ်။

READ
ရောင်းမကောင်းတဲ့ ကော်ဖီဆိုင်လေးကို ဒေါ်လာ ၇၀၀ ကျော်လှူခဲ့တဲ့ စားသုံးသူစုံတွဲ

Pyi Hein  Kyaw

SHARE