မကြာခင်မှာ ထွက်ရှိတော့မယ့် လူကြမ်းကြီး Danny Trejo ရဲ့ Documentary

[email protected]

Danny Trejo လို့ နာမည်ပြောလိုက်တာနဲ့ ဘယ်သူမှ သိလောက်မှာ မဟုတ်ပါဘူး။ ရုပ်ကို ကြည့်လိုက်တော့မှ “ဟာ… Danny Trejo ဆိုတာ ဒီလူကြီးပါလား” လို့ လူတိုင်းမှတ်မိသွားမယ့် လူမျိုးပါပဲ။ Danny ကိုတော့ များသောအားဖြင့် အက်ရှင်ကားတော်တော်များများမှာ လူဆိုးခေါင်းဆောင်၊ လူကြမ်းဇာတ်ကောင်နေရာတွေမှာသာ အတွေ့များမှာ ဖြစ်ပါတယ်။ အခုတော့ Danny ဟာ သူ့ရဲ့ ဘဝဇာတ်ကြောင်းကို ဖြစ်ရပ်မှန် Documentary ဇာတ်ကားဟာ မကြာခင်ထွက်ရှိတော့မှာဖြစ်ပြီး အဲဒီ Documentary ဇာတ်ကားထဲမှာ ဘဝကို ကြမ်းကြမ်းတမ်းတမ်းဖြတ်သန်းလာခဲ့ရတဲ့ Danny ရဲ့ အကြောင်းကို တွေ့ရှိရတော့မှာ ဖြစ်ကြောင်း CNN သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

အဆိုပါ မှတ်တမ်းရုပ်ရှင်(Documentary) ရဲ့ နာမည်ကတော့ Inmate #1 လို့ အမည်ရပြီး ရိုက်ကူးမယ့် သူကတော့ ကနေဒါနာမည်ကြီးဒါရိုက်တာ Brett Harvey ပဲ ဖြစ်ပါတယ်။ ဇူလိုင်လ ၇ ရက်နေ့မှာ တရားဝင်ထွက်ရှိမှာဖြစ်ပြီး ဒီမှတ်တမ်းရုပ်ရှင်ထဲမှာ Danny ရဲ့ ငယ်ဘဝကစလို့ Hollywood ရုပ်ရှင်လောကထဲ ခြေချဝင်ရောက်လာတဲ့အကြောင်းတွေကို စုံစုံလင်လင် ပါရှိမှာပဲ ဖြစ်ပါတယ်။

အသက် (၇၀) အရွယ်ရှိပြီဖြစ်တဲ့  Danny ဟာ Machete, Desperado, Con Air, Once Upon a Time in Mexico, Anaconda, Predators အစရှိတဲ့ နာမည်ကြီးဇာတ်ကားတွေမှာ သရုပ်ဆောင်ခဲ့ပြီး သူပထမဦးဆုံး သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကားကတော့ Runaway Train လို့ အမည်ရတဲ့ ဇာတ်ကားမှာပဲ ဖြစ်ပါတယ်။ အဲဒီဇာတ်ကားမှာတော့ Danny ဟာ ထောင်ထဲက လက်ဝှေ့သမားတစ်ယောက်နေရာမှာ သရုပ်ဆောင်ခဲ့ရတာပါ။

READ
ဇနီးဖြစ်သူ Kim ကိုဂုဏ်ပြုခဲ့တဲ့ Kanye West ရဲ့ အငြင်းပွားဖွယ်ရာ ဓာတ်ပုံ

ဒီဇာတ်ကားရိုက်ကူးပြီးတဲ့အချိန်မှာတော့ သူ့ရဲ့ ပုံစံကို ကြိုက်နှစ်သက်သွားတဲ့ Hollywood ဒါရိုက်တာတစ်ချို့ဟာ လာရောက်ကမ်းလှမ်းပြီး ဇာတ်ကားတော်တော်များများမှာ ဗီလိန်နေရာက ပင်တိုင်သရုပ်ဆောင်ခိုင်းပါတော့တယ်။

“ဒါရိုက်တာတော်တော်များများက ကျွန်တော် ထောင်ထွက်ဆိုတာ မသိကြဘူး။ ကျွန်တော်အရင်က မူးယစ်ဆေးမှုနဲ့ ထောက်တော်တော်ကြာ ကျဖူးခဲ့ပါတယ်။ ဒါရိုက်တာတော်တော်များများကတော့ ကျွန်တော့်ပုံစံက ထောင်ထွက်လူမိုက်နဲ့တူလို့ ဇာတ်ကားတွေမှာ သရုပ်ဆောင်ခိုင်းခဲ့ပြီး ကျွန်တော်က တစ်ကယ့်ထောင်ထွက်လးဆိုးတစ်ယောက်ဆိုတာကိုတော့ တော်တော်များများ မသိခဲ့ကြပါဘူး” လို့ Danny က ရယ်မောပြောဆိုခဲ့ပါတယ်။

Pyi Hein Kyaw

SHARE