Minzy ရဲ့ စကားကြောင့် မျက်ရည်မထိန်းနိုင် ဖြစ်ခဲ့ရတဲ့ DARA

Instagram/DaraXXI

ပြိုကွဲသွားပြီဖြစ်တဲ့ 2NE1 အဖွဲ့ဝင်တွေဖြစ်တဲ့ DARA ဟာ Minzy ရဲ့ ကျေးဇူးတင်စကားတွေကြောင့် မျက်ရည်မဆည်နိုင် ဖြစ်ခဲ့ရပါတယ်။ MBC ထုတ်လွှင့်တဲ့ talk show တစ်ခုဖြစ်တဲ့ ‘Video Star’ ဆိုတဲ့ အစီအစဉ်ကို Minzy က ဧည့်သည်အဖြစ် ဖိတ်ကြားခံခဲ့ရတဲ့ အကြောင်းကို sbs က ခုလိုဖော်ပြထားပါတယ်။

ဒီအစီအစဉ်မှာ Minzy ကနေပြီး သူမ 2NE1 အဖွဲ့ကထွက်ဖို့ ဆုံးဖြတ်ပြီးနောက်မှာ ဆိုးဝါးတဲ့ ကော်မန့်တွေနဲ့ မဟုတ်မမှန်တဲ့ သတင်းတွေ ထွက်ခဲ့တဲ့ ကိစ္စတွေကို ခုလို ပြောပြခဲ့ပါတယ် “ ကျွန်မ အဖွဲ့က ထွက်တဲ့အချိန်တုန်းက လူတွေက ကျွန်မကို သစ္စာဖောက်တဲ့သူ၊ အဖွဲ့အတွက် မကောင်းတဲ့သူ ဆိုပြီးတော့ ပြောကြပါတယ် အဲဒီ့အချိန်က ကျွန်မ အသက်(၂၂) နှစ်ပဲ ရှိပါသေးတယ်။ ဒါတွေကို ခံနိုင်ရည်ရှိဖို့ ကျွန်မအတွက် ခက်ခဲခဲ့ပါတယ်” ဆိုပြီး ပြောပြခဲ့ပါတယ်။

 

View this post on Instagram

 

오늘 비스!!! 본방사수우~!!! 크하… 밍끼가 내 동생이라는게, 퉤니원의 막내라는게~ 항상 그렇지만 새삼 너무나도 뿌듯하고 행복한 하루였다~!!! 우린 다 알고있었지만, 몰랐던분들이 방송을 보시면 공민지의 여러가지 매력들을 발견할수있을듯!!! 얘는 그냥 사기캐야!!! 역대급 히히!!! #비디오스타 #공민지 #투애니원 뭐 이렇게 잘해?!

A post shared by Sandara Park (@daraxxi) on

နောက်ပြီး Minzy က DARA ကို သူမပြောချင်နေတဲ့ စကားတွေကို ပြောပြခဲ့ပါတယ် “ 2NE1 ပြိုကွဲသွားပြီးတဲ့ နောက်မှာ DARA က မတူညီတဲ့ အခွင့်အလမ်းတွေ၊ တွန်းအားတွေ ယူလာပေးတတ်သူပါ။ သူ အလုပ်ကြိုးစားနေတာတွေကို မြင်ရသလို သူ့လိုမျိုး ဖြစ်လာအောင် တွန်းအားတွေ ပေးပါတယ်။ ဒါတွေက ကျွန်မ ကျွန်မ စိတ်ဓာတ်တွေ ကျနေတဲ့အချိန်မှာ ကျွန်မအတွက် တကယ့်ကို ခွန်အားတွေ ဖြစ်ခဲ့ပါတယ်” ဆိုပြီး သူမရဲ့ ခံစားချက်တွေကို ပြောပြခဲ့ပါတယ်။

READ
တက်သစ်စမော်ဒယ်တွေတောင် အရှုံးပေးရလောက်တဲ့ ခင်ဇာခြည်ကျော်ရဲ့နုပျိုတဲ့အလှ

 

 

View this post on Instagram

 

Minzy : aku memperhatikanmu sebagai kolega dan aku melihat Unnie mencoba berbagai hal. Unnie mencoba hal berbeda dan tumbuh dari itu. Itu memberikanku kekuatan selama masa periode tidak aktif ku. Dia adalah figur seorang ibu diantara member kami, dia selalu menjaga kami. Dara : Aku bukan orang yang penuh kasih sayang tapi aku banyak mengekspresikan diri ku akhir-akhir ini. Aku bahkan mengirim (emoticon) hati melalui teks. tapi aku merasa seperti aku tidak bisa merawatnya, ketika kami sedang melakukan promosi (2ne1). Pasti sangat sulit baginya (waktu itu) di usia yang sangat muda. Aaaaaaa myblackjack heart!!!!!! Dua-duanya nangis!! ♠️ Cr : @stantokki . Don’t REMOVE the watermark and use hastag #blackjackshere if you repost my video!! @chaelincl @newharoobompark @_minzy_mz @daraxxi . . . . . . . . . . . . . . #dara #cl #bom #minzy #2ne1 #blackjack #parkbom #sandarapark #chaelincl #gongminzy #blackjackshere .

A post shared by BLACKJACK INDONESIA | 2NE1♠ (@blackjackshere) on

ဒီစကားကို ကြားတဲ့အခါမှာတော့ DARA က ဘယ်လိုမှ မျက်ရည်မထိန်းနိုင်တော့ပဲ ငိုချခဲ့ပါတယ်။ ဆက်လက်ပြီး Minzy က “ DARA က အဖွဲ့ရဲ့ အစ်မကြီးတစ်ယောက်လို ဖြစ်ခဲ့တဲ့ သူပါ။ သူက အမြဲတမ်း အဖွဲ့ဝင်တွေအပေါ် ဂရုစိုက်တယ် ရှေ့ကိုသွားနိုင်ဖို့ အမြဲတမ်း တစ်စုတစ်စည်းတည်းဖြစ်စေခဲ့ပါတယ်” လို့ ပြောပြလာပါတယ်။

READ
မင်္ဂလာနှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် ဓါတ်ပုံလေးတွေတင်လိုက်တဲ့ သန္တာလှိုင်

DARA က သူမရဲ့ အကြောင်းကို ခုလိုပြန်ပြောပြခဲ့ပါတယ် “ တကယ်တော့ ကျွန်မက တစ်ခြားသူတွေအပေါ် ဂရုစိုက်ပေးတတ်တဲ့၊ ချစ်ခင်ပေးတတ်တဲ့ သူမျိုး မဟုတ်ခဲ့ပါဘူး။ အထူးသဖြင့် Minzy ကိုတောင်းပန်ချင်ပါတယ် အဲဒီ့အချိန်တုန်းက သေချာဂရုမစိုက်ပေးနိုင်ခဲ့လို့” ဆိုပြီး ဟိုးအရင်က အချိန်တွေအကြောင်း ပြောပြပေးခဲ့ကြပါတယ်။

Khin

SHARE