Paris မှာ အတူတူ ပြန်တွဲတွေ့ရတဲ့ သူတို့နှစ်ယောက်

2NE1 ဆိုတာ တစ်ခေတ်တစ်ခါက ကမ္ဘာကျော်ခဲ့တဲ့ တောင်ကိုရီးယား မိန်းကလေးဂီတအဖွဲ့ တစ်ဖွဲ့ဖြစ်ပါတယ်။ အဖွဲ့ဝင်အနေနဲ့ CL, Dara, Park Bom, Minzy ရယ်ဆိုပြီး ပရိသတ်တွေရဲ့ အချစ်ကို ရရှိခဲ့ကြတာပါ။ ဒါပေမယ့် စိတ်မကောင်းဖွယ်ရာပဲ 2NE1 ဟာ (၂၀၁၇) ခုနှစ်က တရားဝင် အဖွဲ့ကွဲသွားပြီဖြစ်ကြောင်း YG က ကြေညာခဲ့ပါတယ်။

Youtube

အဖွဲ့ဝင်တွေ တကွဲတပြားစီ အနုပညာလှုပ်ရှားမှုတွေ ကိုယ်စီ လုပ်ဆောင်နေကြတဲ့ သူတို့တတွေကတော့ အခုနောက်ပိုင်းမှာ အတူတွဲတွေ့ဖို့ ပိုခက်လာခဲ့ပါတယ်။ ဒါပေမယ့် အဖွဲ့ဝင်နှစ်ယောက်ဖြစ်တဲ့ Dara နဲ့ CL တို့ကိုတော့ ပြီးခဲ့တဲ့ တစ်ပတ်က အတူတူ ပြန်တွေ့ရပါတယ်။ Paris Fashion Week (Women’s) ကို Paris မြို့မှာ စက်တင်ဘာ (၂၄) ကနေ အောက်တိုဘာ (၂) ရက်နေ့အထိ ပြုလုပ်ခဲ့ရာ သူတို့နှစ်ယောက်လည်း သွားခဲ့ကြတာပါ။

READ
ကြက်ဝိုင်းမှာ အဖမ်းခံရတယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ပြန်ဖြေရှင်းလိုက်တဲ့ နေထူးနိုင်
Instagram
Instagram

ပရိသတ်တွေ မမျှော်လင့်ထားခဲ့တဲ့ တွေ့ဆုံမှုတစ်ခုပါပဲ။ Dara နဲ့ CL တို့ဟာ Paris ကို သွားကြတာတူပေမယ့် တက်မယ့် ပွဲတွေကတော့ မတူတာကြောင့် ပရိသတ်တွေက သူတို့ဆုံဖို့ မမျှော်လင့်ခဲ့ကြတာပါ။ ပြီးခဲ့တဲ့ အောက်တိုဘာ ၁ ရက်နေ့မှာတော့ Dara က သူမရဲ့ အင်စတာဂရမ်အကောင့်မှာ CL နဲ့ နှစ်ယောက်တွဲ ပုံလေး တင်ထားခဲ့ပြီး သူတို့ ဆုံဖြစ်ခဲ့ကြတယ်ဆိုတာ ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။

Instagram

 

ပို့စ်မှာ “#loversinparis လို့လည်း ရေးထားခဲ့ပြီး အချစ်မြို့မှာ အချစ်နှစ်ယောက် တကယ်ကို ပြန်ဆုံခဲ့ကြတာ ဝမ်းသာစရာပါပဲ။ Dara က နှစ်ယောက်တွဲပုံ တင်ခဲ့ရုံသာမက IG Story မှာပါ သူမကို CL ရိုက်ထားပေးခဲ့တဲ့ ပုံလေးကိုပါ တင်ခဲ့ပါတယ်။ Blackjack တွေအတွက်တော့ အလွမ်းပြေပေါ့နော်…။

READ
ထိုင်းမှာ အပြတ်လန်းနေတဲ့ လွှမ်းပိုင် နဲ့ Bobby soxer တို့စုံတွဲ
Instagram

Ref: Koreaboo

SHARE