Buckingham နန်းတော်မှာ ခမ်းနားစွာ နေရတဲ့အကြောင်း ပြောပြခဲ့တဲ့ ဘုရင်မကြီးရဲ့စားဖိုမှူး

Wikipedia

Buckingham နန်းတော်ဆိုတာကတော့ အင်္ဂလန်နိုင်ငံ၊ Westminster မြို့မှာ တည်ရှိတဲ့ အင်္ဂလန်ဘုရင်မကြီးရဲ့ ကိုယ်ပိုင်နန်းတော်တစ်ခုပါပဲ။ ဒီလို ကြီးကျယ်ခမ်းနားတဲ့ နန်းတော်ကြီးမှာ ဘယ်သူမဆို နေချင်မိမှာပါပဲ။ အခုလည်း အင်္ဂလန်ဘုရင်မကြီးရဲ့ ပင်တိုင်စားဖိုမှူးတစ်ယောက်ဖြစ်တဲ့ Darren McGrady ဟာ ဒီနန်းတော်ကြီးမှာ နေပြီး အလုပ်လုပ်ရတာဟာ ကမ္ဘာ့အဆင့်မြင့်ဟော်တယ်ကြီးတွေမှာနေနေရသလို ခံစားရတယ်လို့ ပြောကြားခဲ့ကြောင်း Asia One သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Darren ဟာ အဆိုပါနန်းတော်ကြီးထဲမှာ နေထိုင်ပြီး စာဖိုမှူးအဖြစ်လုပ်ကိုင်ခဲ့တာ ၁၉၈၂ ခုနှစ်ကနေ အခုအချိန်ထိဆိုရင် နှစ်ပေါင်း ၃၀ ကျော်ရှိနေပြီဖြစ်ပါတယ်။ သူ့ရဲ့ဘဝတစ်လျှောက်လုံးမှာ ဘုရင်မ Elizabeth, မင်းသမီး Diana, မင်းသား William နဲ့ မင်းသား Harry တို့ကို တစ်ချိန်လုံး ချက်ပြုတ်ကျွေးမွေးခဲ့ရတာပဲ ဖြစ်ပါတယ်။

READ
သတင်းကြေညာသူအဖြစ် AIစက်ရုပ်တွေအသုံးပြုနေတဲ့ တရုတ်ရှင်ဟွာသတင်းဌာန

အသက် ၅၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ Darren ဟာ Buckingham နန်းတော်မှာ နေထိုင်ခဲ့ရတဲ့ တောက်လျှောက်ဟာ သူ့ဘဝရဲ့ အကြီးအကျယ်အခမ်းအနားဆုံး အချိန်တွေဖြစ်ခဲ့ကြောင်း၊ တစ်လတစ်လရတဲ့ လစာဟာလည်း သူ့အတွက် ဒီအတိုင်းပိုနေပြီး မုန့်ဖိုးပုံစံဖြစ်ကြောင်း၊ နေထိုင်တဲ့ ကာလတစ်လျှောက် သူ့အိတ်ထဲက ဘာငွေမှ မကူန်ခဲ့ရကြောင်း ပြောပြခဲ့ပါတယ်။

“မှတ်မှတ်ရရ ကျွန်တော်ဒီကို စစရောက်ချင်းတုန်းက ကိုယ့်အခန်းနဲ့ကိုယ် နေရတယ်။ အခန်းကတော့ လုံးဝအမိုက်စားပဲ။ စာဖိုးမှူးတစ်ယောက်ရဲ့ အခန်းနဲ့တောင် မတူဘူး။ မနက်အိပ်ရာနိုးရင် ကိုယ့်အိပ်ရာကိုယ် သိမ်းစရာမလိုဘူး။ အခြားအစေခံကောင်မလေးတွေ ရောက်လာပြီး သေသေချာချာ လာသိမ်းပေးတယ်။ ရေချိုးဖို့ဆပ်ပြာတွေ၊ ခေါင်းလျှော်ရည်တွေကအစ တစ်နေ့တစ်ကြိမ် လာလဲပေးတယ်။ လုံးဝနိဗ္ဗာန်ဘုံပဲ။ ဒီမှာနေခဲ့ရတဲ့ အနှစ် ၃၀ လုံးလုံး အဆင့်မြင့်ဟော်တယ်ကြီးတစ်ခုမှာ တည်းနေရသလိုပါပဲ” လို့ Darren ကကက   ပြောကြားခဲ့ပါတယ်။

READ
NATO Summit မှာ သူ့အကြောင်း အတင်းတုတ်တဲ့ ကနေဒါဝန်ကြီးချုပ်ကို တုန့်ပြန်ခဲ့တဲ့ Trump

Pyi Hein Kyaw

SHARE