ဇိမ်ကျတဲ့မြို့ပြဘ၀ကို စွန့်လွှတ်ပြီး ဒုက္ခိတခွေးတွေကို စောင့်ရှောက်နေတဲ့ ဓာတ်ပုံဆရာမ

နာမည်ကျော်ဓာတ်ပုံဆရာမတစ်ဦးဖြစ်တဲ့ ဒါယာပွတ်ရှ်ကာရီဗာဆိုသူ အမျိုးသမီးဟာ မော်စကိုက အဆင့်အတန်းမြင့်မြင့် ဇိမ်ကျလွန်းတဲ့ ဘ၀ကို စွန့်ခွာပြီး တောအုပ်ထဲကို ရွှေ့ပြောင်းခဲ့ပါတယ်။ သူမဟာ တောအုပ်ထဲမှာ ခင်ပွန်းဖြစ်သူနဲ့အတူ နေထိုင်နေပြီး အစွန့်ပစ်ခံခွေးပေါင်းများစွာကို မွေးမြူကာ ဘ၀ကို အဓိပ္ပါယ်ရှိရှိ ဖြတ်သန်းနေတာ ဖြစ်ပါတယ်။ ဒါယာဟာ ခွေးချစ်တတ်သူတစ်ဦးဖြစ်ပါတယ်။ သူမဟာ နာမည်ရတဲ့ ဓာတ်ပုံဆရာမတစ်ဦးဖြစ်တာကြောင့် အားလပ်ချိန်မရှိအောင်ကို အလုပ်များလွန်းသူတစ်ဦးပါ။ အရင်တုန်းကတော့ သူမအနေနဲ့ ခွေးမွေးချင်ပေမယ့်လည်း အခြေအနေမပေးတဲ့အတွက် မမွေးဖြစ်ခဲ့ပါဘူး။

© danka_pu / Instagram

ဒါပေမယ့် ဒါယာဟာ ခွေးစင်တာတွေဆီ သွားရောက်ပြီး နာမကျန်းဖြစ် အတိဒုက္ခရောက်နေတဲ့ ခွေးလေးတွေကို စေတနာ့ဝန်ထမ်းအဖြစ်နဲ့ ကူညီပေးခဲ့ပါတယ်။ ဒါယာဟာ စောင့်ရှောက်မယ့်သူမရှိပဲ မျက်စိတဖက်ကန်းနေတဲ့ ခွေးကလေးတစ်ကောင်ကို စတင်မွေးမြူဖြစ်ခဲ့ပါတယ်။ ထိုစဉ်ကစပြီး ခွေးတွေဟာ သူမဆီ ပုံစံအမျိုးမျိုးနဲ့ ရောက်ရှိလာပြီး သူမဟာ ခွေး(၆) ကောင်ထိ မွေးမြူခဲ့ပါတယ်။ (၇) ကောင်မြောက် ခွေးကို မွေးမြူတဲ့အခါမှာတော့ သူမမှာ ဒုက္ခတော်တော်တွေ့ခဲ့ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ခွေးဟာ ဦးနှောက်ထိခိုက်ဒဏ်ရာရနေပြီး သခင်တွေအပါအ၀င် အားလုံးကို တိုက်ခိုက်နေတာကြောင့်ပါ။

© danka_pu / Instagram
© danka_pu / Instagram

ဒါယာက အိမ်မှာ ခွေးတွေ များလာတဲ့အပြင် ခွေးတွေကြောင့် အမြဲတမ်းဆူညံနေရလို့ အိမ်နီးချင်းတွေကို အားနာစရာ ဖြစ်လာခဲ့ပါတယ်။ ဒါကြောင့် ခွေးတွေလည်း အဆင်ပြေပြေနဲ့ လွတ်လွတ်လပ်လပ်နေရအောင် ဒါယာနဲ့အမျိုးသားဟာ ရွာလေးတစ်ရွာနားမှာရှိတဲ့ တောအုပ်လေးထဲကို အိမ်ပြောင်းဖြစ်ခဲ့ပါတယ်။ အခုဆိုရင် ဒါယာဟာ ခင်ပွန်းသည်နဲ့အတူ တောအုပ်ကလေးထဲမှာ နေထိုင်လျက်ရှိနေပြီး ခွေးကောင်ရေ (၁၀၀) ကျော်ကို မွေးမြူထားပါတယ်။ နေ့တိုင်း ခွေးတွေကို အသားနဲ့ ငါးကျွေးမွေးပြီး လမ်းလျှောက်ထွက်လေ့ ရှိပါတယ်။

READ
အကြောင်းတစ်ခုကြောင့်ကွဲကွာခဲ့ရတဲ့ ဇနီးသည်နဲ့ ပြန်ပေါင်းထုပ်နိုင်ခဲ့တဲ့ အဖိုးအို
© danka_pu / Instagram
© danka_pu / Instagram

ဒါယာမွေးထားတဲ့ အချို့ခွေးလေးတွေက အရိုးတွေ မကောင်းတော့တာကြောင့် ၀ှီးချဲလ်နဲ့ပဲ သွားလာနေရတဲ့ ဘ၀လေးတွေပါ။ ကိုယ်လက်အင်္ဂါမသန်စွမ်းဖြစ်လို့ ကျွေးမယ့် မွေးမယ့်လူမရှိ၊ အစွန့်ပစ်ခံခဲ့ကြရာက သူတို့လေးတွေရဲ့ ဘ၀ကို စာနာနားလည်ပေးမယ့် ဒါယာတို့ဇနီးမောင်နှံလို သခင်မျိုးနဲ့တွေ့ရတာ ခွေးလေးတွေအဖို့ အလွန်ကံကောင်းလှပါတယ်။ ဒါယာကတော့ သူမရဲ့ ခွေးတွေနဲ့ ပတ်သက်လို့ ခွေးအားလုံးဟာ သူမရဲ့ မိသားစုဝင်တွေပဲ ဖြစ်ကြောင်းနဲ့ သူမအနေနဲ့ ခိုကိုးရာမဲ့ ဒုက္ခိတခွေးလေးတွေကို တတ်စွမ်းသရွေ့ပြုစုစောင့်ရှောက်နေကြောင်း ပြောပြခဲ့ပါတယ်။

© danka_pu / Instagram
© danka_pu / Instagram
© danka_pu / Instagram

လင်းလင်း (ShweMom)

Ref: brightside

SHARE