စားပြီးသား ဂဏန်းခွံတွေကြား ပျောက်သွားတဲ့လက်စွပ်ကို မရမက ရှာပေးခဲ့ကြတဲ့ ၀န်ထမ်းများ

facebook/Daryl William Bridger

ရိုးသားပြီး ၀န်ဆောင်မှုကောင်းတဲ့ စားသောက်ဆိုင်တွေဟာ ဈေးဝယ်သူတွေကို ပိုပြီးဆွဲဆောင်နိုင်ပါတယ်။ မလေးရှားနိုင်ငံက Fatty Crab အမည်ရတဲ့ စားသောက်ဆိုင်တစ်ဆိုင်ကတော့ ၀န်ထမ်းတွေရဲ့ ရိုးသားတဲ့ စိတ်ထားနဲ့ စားသုံးသူတွေအပေါ် အထူးဆွဲဆောင်နိုင်ခဲ့တဲ့အကြောင်း worldofbuzz သတင်းအရ သိရပါတယ်။

facebook/Daryl William Bridger

ပြီးခဲ့တဲ့ ဇန်န၀ါရီလ (၁၂) ရက်နေ့က ဒါရိုင်းလ်ဝီလျံဘရစ်ဂျာဟာ ဇနီးဖြစ်သူနဲ့အတူ Fatty Crab ကို သွားပြီး ဆိုင်ရဲ့ အထင်ရှားဆုံးလက်ရာဖြစ်တဲ့ ဂဏန်းဟင်းတစ်ပွဲကို မှားစားခဲ့ပါတယ်။ အဲ့ဒီတုန်းက ဒါရိုင်းလ်ရဲ့ ဇနီးက ဂဏန်းဟင်းကို မြိန်ရည်ယှက်ရည်စားချင်တဲ့အတွက် သူမ၀တ်ထားတဲ့ လက်စွပ်ကိုချွတ်ပြီး စားပွဲပေါ်တင်ကာ အရသာရှိလှတဲ့ ဂဏန်းဟင်းလျာကို စားသောက်နေခဲ့ပါတယ်။

facebook/Daryl William Bridger

ဂဏန်းဟင်းစားပြီးလို့ နာရီဝက်လောက်နေမှ သူမက ချွတ်ထားတဲ့ လက်စွပ်ကို ပြန်သတိရပါတယ်။ လက်စွပ်က သူမအမေပေးထားတဲ့ လက်စွပ်လေးပါ။ သူမကြည့်လိုက်တော့ အဖိုးတန်သူမရဲ့ လက်စွပ်က စားပွဲပေါ်မှာ မရှိတော့ပါဘူး။ လက်စွပ်အရောင်ကလည်း ဂဏန်းခွံတွေရဲ့ အရောင်လိုဖြစ်နေတော့ အမှိုက်ထင်ပြီး စားပွဲထိုးတွေက လွှင့်ပစ်မိတာ ဖြစ်နိုင်ပါတယ်။

READ
သခင်အိမ်ခေါ်လာတဲ့ ကြောင်ပေါက်လေးတွေကို အမြဲထိန်းပေးတတ်တဲ့ ကြောင်ဖိုးဖိုးကြီး
facebook/Daryl William Bridger

ဒါနဲ့ပဲ ဆိုင်ကို ပြောပြတော့ ဆိုင်က ၀န်ထမ်းတွေဟာ ချက်ခြင်းပဲ လက်စွပ်ပျောက်ရှာပုံတော် ဖွင့်ကြပါတယ်။ ဒါရိုင်းလ်က “ကျွန်တော် ကျွန်တော့်မိန်းမရဲ့ လက်စွပ်ပျောက်တဲ့အကြောင်း စားသောက်ဆိုင်က တာဝန်ရှိတဲ့ အဒေါ်ကြီးတစ်ယောက်ကို ပြောလိုက်တယ်။ သူက တာဝန်ခံပေါ့။ ကျွန်တော်လည်း လက်စွပ်ကိုတော့ တွေ့အောင် ရှာပေးပါဆိုပြီး ပြောခဲ့တာ။ ဆိုင်ဝန်ထမ်းတွေက အရမ်းကျေးဇူးတင်စရာကောင်းလွန်းပါတယ်….” လို့ ပြောပြပါတယ်။

Fatty Crab ၀န်ထမ်းတွေက အရမ်းကူညီတတ်တဲ့အတွက် ဒါရိုင်းလ်က တော်တော်လေး အံ့သြသွားပါတယ်။ ဆိုင်ဝန်ထမ်းတွေဟာ ချက်ခြင်းပဲ လက်စွပ်ရှာဖို့ အမှိုက်ပုံးတွေဆီကို သွားပြီး လှန်လှောကြပါတယ်။ ပြီးတော့ မွစာကြဲနေတဲ့ ဂဏန်းခွံတွေကြားမှာ ဂဏန်းခွံတွေနဲ့ အရောင်မတိမ်းမယိမ်းရှိတဲ့ လက်စွပ်ကို ဂရုတစိုက် လိုက်ရှာကြပါတယ်။

facebook/Daryl William Bridger

Today we had dinner at Fatty Crab. When we were on the way home, 30 mins or so, my lovely wife realised that she left…

Posted by Daryl William Bridger on Sunday, January 12, 2020

ဒါရိုင်းလ်က “၀န်ထမ်းထက်ဝက်လောက်က အမှိုက်ပုံးတွေဆီ သွားရှာတာ။ လက်စွပ်လည်း တွေ့ရော သူတို့လက်စွပ်တွေ့တဲ့အတိုင်းပဲ လက်ခုပ်လက်ဝါးတီးပြီး ပျော်နေကြတာ။ ဆိုင်က စားသုံးသူတွေအပေါ်မှာ ခုလို ဆက်ဆံတာမျိုး တွေ့ရတော့ ကျွန်တော် အရမ်းကျေနပ်မိပါတယ်…” လို့ ပြောပြပါတယ်။ ဒါ့အပြင် ဒါရိုင်းလ်တို့မောင်နှံက သူတို့လက်စွပ်ကို ပြန်ရှာပေးလို့ ကျေးဇူးတင်တဲ့အနေနဲ့ဆိုင်ဝန်ထမ်းတွေကို ဆုချဖို့လုပ်ခဲ့ပေမယ့် ၀န်ထမ်းတွေက ငြင်းခဲ့ကြတယ်လို့လည်း သိရပါသေးတယ်။

READ
နေစရာသွားမရှိ ဖြစ်နေတဲ့ အိမ်ရာမဲ့မိသားစုကို တစ်နှစ်တာ အိမ်အလှူပေးခဲ့တဲ့ အမျိုးသား

လင်းလင်း (ShweMom)

SHARE