မသမာသူလက်ချက်ကြောင့် HIV လူနာတွေရဲ့ အချက်အလက်တွေ ပေါက်ကြားခဲ့တဲ့ ဖြစ်ရပ်

လတ်တလော စင်ကာပူတစ်နိုင်ငံလုံးကို လှုပ်လှုပ်ခတ်ခတ် ဖြစ်နေစေတဲ့ ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။ တစ်နိုင်ငံလုံးက HIV ပိုး ကူးစက်ခံထားရသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေအကုန် အခိုးခံရပြီး အွန်လိုင်းပေါ်မှာ ပေါက်ကြားသွားခဲ့တာပါ။

ယခုဖြစ်ရပ်ကြီးကို အစပြုခဲ့တဲ့ တရားခံကတော့ Mikhy Farrera-Brochez ဆိုသူ ဖြစ်ပါတယ်။ သူဟာ အမေရိကန်လူမျိုးတစ်ယောက်ဖြစ်ပြီး စင်ကာပူနိုင်ငံမှာ ၂၀၀၈ ကနေ ၂၀၁၇ အထိ နေထိုင်ခဲ့ပါတယ်။ ၂၀၁၇ မှာတော့ မူးယစ်ဆေးမှု၊ HIV ပိုးရှိတာနဲ့ ပတ်သက်လို့ အလုပ်သမားဝန်ကြီးဌာနကို လိမ်လည်ခဲ့မှု စတာတွေနဲ့ ထောင်ချခံခဲ့ရပါတယ်။ ထို့နောက်မှာတော့ နယ်နှင်ဒဏ်ပါ အပေးခံခဲ့ရတာပါ။

straitstimes

သူဟာ လိင်တူချစ်သူတစ်ဦးဖြစ်ပြီး သူ့ပါတနာကတော့ စင်ကာပူလူမျိုး ဆရာဝန်တစ်ဦးပါ။ ၎င်းဆရာဝန်က အမျိုးသားလူထု ကျန်းမာရေး ဌာနက ဌာနမှူးဖြစ်ခဲ့ပြီး ၂၀၁၂ ကနေ ၂၀၁၃ အတွင်း နိုင်ငံတွင်းက HIV ပိုးရှိသူ လူနာတွေရဲ့ အချက်အလက်တွေကို ကိုင်တွယ်ခွင့်ရခဲ့ပါတယ်။ တရားခံ Mikhy အွန်လိုင်းမှာ တင်လိုက်တဲ့ အချက်အလက်တွေကတော့ သူ့ပါတနာ ဆရာဝန်ဆီက ဖြစ်ပါတယ်။

READ
၇၇စတုန်ရှိတဲ့အမျိုးသမီးကိုဆေးရုံခေါ်သွားဖို့ အိမ်နံရံဖျက်ထုတ်ပစ်ခဲ့ရ

မှတ်တမ်းတွေမှာ HIV ပိုး ကူးစက်ခံထားရတဲ့ စင်ကာပူနိုင်ငံသား ၅၄၀၀ ဦး၊ နိုင်ငံခြားသား ၈၈၀၀ ဦးတို့ရဲ့ ကိုယ်ရေးအချက်အလက်၊ ဆေးမှတ်တမ်းစတဲ့ အသေးစိတ်တွေ အကုန်ပါဝင်ပါတယ်။ ဒေတာတွေက ၂၀၁၃ အထိ ယူထားတဲ့ update ဒေတာတွေ ဖြစ်ပါတယ်။

ပြဿနာမပြေလည်ခင်မှာတော့ ထိုအချက်အတွက် စင်ကာပူကျန်းမာရေး ဝန်ကြီးဌာနက တောင်းပန်စာ အရင်ထုတ်ပြန်ထားပါတယ်။ လက်ရှိမှာ HIV လူနာတွေရဲ့ အချက်အလက်တွေကတော့ တရားခံ Mikhy လက်ထဲမှာ ရှိနေတုန်းပါပဲ။ သူကတော့ နယ်နှင်ဒဏ် အပေးခံထားရတာကြောင့် စင်ကာပူနိုင်ငံ ပြင်ပမှာ ဖြစ်ပါတယ်။ သူက စင်ကာပူနိုင်ငံမှာ အလုပ်လုပ်ခွင့်ရအောင် သွေးစစ်ဆေးမှုကိုလည်း သူ့လိင်တူချစ်သူရဲ့ သွေးနဲ့ အစားထိုးပြီး အောင်မြင်ခဲ့တာပါ။

TNP FILE

Polytechnic ကျောင်းမှာ ကျူတာဖြစ်လာတဲ့ သူက ၂၀၁၇ မှာတော့ မူးယစ်ဆေးမှုတွေနဲ့ ထောင်ကျခဲ့တာပါ။ သူအွန်လိုင်းပေါ် တင်ခဲ့တဲ့ HIV လူနာ မှတ်တမ်းတွေ ပေါက်ကြားသွားတဲ့အကြောင်းကိုတော့ စင်ကာပူရဲဌာနဆီ ဇန်နဝါရီ ၂၂ ရက်က တိုင်ကြားမှု ရောက်လာခဲ့တာပါ။ Mikhy ကို အချက်အလက်တွေ လွှဲခဲ့တဲ့ လိင်တူချစ်သူ ဆရာဝန်လည်း အဖမ်းခံခဲ့ရပါတယ်။

READ
တိုက်ခိုက်မှုစွမ်းရည် အပြည့်ရှိနေပြီဆိုတာကို ပြသခဲ့တဲ့ အီရန်အမျိုးသမီး နင်ဂျာများ

“ဒီကိစ္စနဲ့ပတ်သက်လို့ ကျွန်တော်တို့ အလေးထား ဆွေးနွေးနေပါတယ်။ အမှုနဲ့ ပတ်သက်တဲ့ ဆေးအမှုထမ်းဟောင်းကိုလည်း အရေးယူထားပါတယ်။ လူနာတွေ ရင်ဆိုင်ရမယ့် အခက်အခဲပြဿနာတွေနဲ့ စိုးရိမ်ပူပန်မှုတွေကိုလည်း ကျွန်တော်တို့ နားလည်ပါတယ်။ ကျွန်တော်တို့ရဲ့ အချက်အလက်ထိန်းသိမ်းရေးစနစ်တွေကို ပိုလုံခြုံအောင် ဆောင်ရွက်သွားမှာပါ” လို့ စင်ကာပူကျန်းမာရေး ဝန်ကြီး Gan Kim Yong က ပြောကြားခဲ့ပါတယ်။

ST FILE

လက်ရှိမှာတော့ စင်ကာပူနိုင်ငံက HIV ပိုး ကူးစက်ခံထားရတဲ့ လူနာတွေနဲ့ မိသားစုဝင်တွေက သူတို့ရဲ့ အချက်အလက်တွေ ပေါက်ကြားသွားတဲ့အတွက် လူမှုဆက်ဆံရေးနယ်ပယ်မှာ ထိခိုက်မှုတွေ ရှိလာနေတဲ့အကြောင်းလည်း သတင်းများမှာ ဖော်ပြနေကြပါတယ်။

Ref: Strait Times

SHARE