မိုးရာသီမှာ Dating လုပ်လို့ကောင်းမယ့် အကြံဥာဏ်လေးတွေ

Syda Productions/shutterstock

ချစ်သူစုံတွဲတွေအတွက်တော့ မိုးရာသီဆိုတာ ပျော်ဖို့ကောင်းတဲ့ ရာသီတစ်ခုမဟုတ်ပါဘူး။ အပြင်သွားမယ်လို့ ချိန်းပြီးတော့မှ မိုးတွေသည်းလာလို့ ချိန်းထားတာ ဖျက်လိုက်ရတာ၊ နှစ်ယောက်သား ပန်းခြံထဲမှာရှိနေတုန်း မိုးတွေရွာလာလို့ ပြေးရတာ…စတာတွေက ချစ်သူတွေအတွက် တကယ်ပဲ စိတ်ပျက်စရာပေါ့။ ဒါပေမယ့်လည်း မပူပါနဲ့။ သင့်မှာ ပိုက်ဆံနည်းနည်းပါးပါးရှိပြီး ချစ်သူနဲ့လည်း လျှောက်သွားချင်တယ်ဆိုရင် မိုးရာသီမှာ Dating လုပ်လို့ကောင်းမယ့် အကြံလေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။

(၁)။ ရုပ်ရှင်ရုံတွေ

မိုးရာသီမှာ ဒိတ် လုပ်လို့အကောင်းဆုံးကတော့ ရုပ်ရှင်ရုံတွေပဲလေ။ ပေါက်ပေါက်လေးတစ်ဗူးဝယ်၊ ချစ်သူလက်လေးကိုင်ပြီး နှစ်ယောက်သား သာသာယာယာ ရုပ်ရှင်လေး ကြည့်နေရတာ ဘယ်လောက်များ ကောင်းလိုက်မလဲ။

Stock-Asso/Shutterstock

(၂)။ ကော်ဖီဆိုင်တွေ

တစ်ယောက်မျက်နှာတစ်ယောက်ကြည့်၊ကော်ဖီလေးသောက်၊ စကားလေးပြောပြီး ကော်ဖီဆိုင်မှာ ဒိတ်ရတာကလည်း အရသာတစ်မျိုးပါနော်။ အပြင်မှာ မိုးရွာနေတယ်ဆိုလည်း ပူစရာမလို။ မိုးရွာနေလေလေ ပြောစရာစကားတွေ မကုန်နိုင်လေလေမို့ ကော်ဖီဆိုင်မှာ ဒိတ် လုပ်တာက ချစ်သူတွေအတွက်တော့ အသင့်တော်ဆုံးလို့တောင်ပြောရမှာပါ။

READ
ကျောင်းကားလာခေါ်တိုင်း တာ့တာပြတဲ့အဖေကို ရှက်တဲ့သားအပေါ် ဖခင်ရဲ့တုန့်ပြန်မှု
MinDof/Shutterstock

(၃)။ Hot Pot ဆိုင်တွေ

မိုးလေးအေးအေးမှာ Hot Pot ပူပူလေးကို ချစ်သူနဲ့အတူတူ စားလိုက်ရရင်တော့လား။ Hot Pot ဟာ မိုးရာသီနဲ့ အလိုက်ဖက်ဆုံးပဲလို့ တချို့က သတ်မှတ်ထားကြပါတယ်။ ဒါပေမယ့် Admin ကတော့ မိုးရာသီမှာမှ ချစ်သူတွေ အတူစားဖို့ အသင့်လျှော်ဆုံးပဲလို့တောင် သတ်မှတ်လိုက်ချင်တယ်။ အငွေ့ပူပူလေးတွေကြား တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်းလေ။

(၄)။ ဟင်းအတူချက်စားတာ

သူ့အိမ်မှာပဲဖြစ်ဖြစ်၊ ကိုယ့်အိမ်မှာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် သူငယ်ချင်းတစ်ယောက်အိမ်မှာပဲဖြစ်ဖြစ် ဟင်းအတူချက်စားတာ၊ မုန့်တစ်ခုခုလုပ်စားတာ စတာမျိုးကလည်း မိုးရာသီအတွက် အကောင်းဆုံး ဒိတ်လုပ်နည်းတစ်မျိုးပါပဲ။ ဒီလိုလုပ်ချင်းအားဖြင့် နှစ်ဦးကြားက ဆက်ဆံရေးက ပိုလို့နွေးထွေးလာမှာဖြစ်ပြီး ပျော်စရာအချိန်လေးတွေအဖြစ် အမှတ်ရနေမှာပါ။

Jack Frog/Shutterstock

(၅)။ Bar တွေ

အပြင်မှာ မိုးအေးအေးလေးနဲ့ ဘား ထဲမှာ သီချင်းသံလေးနားထောင်၊ တစ်ခုခုလေးသောက်ပြီး ချစ်သူနဲ့အတူ အချိန်ကုန်ကြည့်လိုက်ပါလား။ အချိန်တွေဆိုတာ ဘယ်လိုကုန်လို့ ကုန်သွားမှန်းမသိ။ ဒီနည်းက ပိုက်ဆံအကုန်အကျများနိုင်ပေမယ့် မူးလာလေလေ စကားတွေ ပြောချင်လေလေ ဖြစ်လာမှာမို့ သင်တို့မှာ စကားပြောနေရတာနဲ့တင် တန်လှပါပြီ။

READ
ကောင်မလေးကို သင်ဘယ်လောက်ချစ်ကြောင်း ဘယ်လိုပြမလဲ

Linn

 

SHARE