မိခင်ဖြစ်သူဟာ တစ်ချိန်တုန်းက Kamen Rider ဆိုတာကို မယုံနိုင်ဖြစ်နေတဲ့ သမီးငယ်

[email protected]

ကျွန်တော်တို့ ငယ်ငယ်တုန်းက Kamen Rider ဇာတ်ကားတွေ တော်တော်များများ ကြည့်ခဲ့ဖူးကြမယ် ထင်ပါတယ်။ Kamen Rider ကိုတော့ ဒီမှာနှံကောင်စက်ရုပ်လို့ လူသိ များကြပါတယ်။ Kamen Rider မှာ ဇာတ်ကောင်တွေ အများကြီးရှိခဲ့ပါတယ်။ အဲဒီ Kamen Rider ဇာတ်ကောင်တွေထဲကမှာ Miho Kirishima အမျိုးသမီးဇာတ်ကောင်ဟာ ထင်ရှားပါတယ်။ Miho Kirishima ဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ခဲ့တဲ့လူကတော့ ဂျပန်နိုင်ငံရဲ့ နာမည်ကြီးမင်းသမီးတစ်ဦးဖြစ်သူ Natsuki Kato ပဲ ဖြစ်ပါတယ်။ အခုလည်း Natsuki ရဲ့ သမီးဖြစ်သူဟာ တစ်ချိန်က သူမရဲ့ မိခင်ဟာ Kamen Rider တစ်ယောက်ဖြစ်ခဲ့ကြောင်းကို မယုံမကြည်ဖြစ်နေကြောင်း Sora News 24 သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

 

Natsuki ရဲ့ သမီးဖြစ်သူအကြိုက်ဆုံး Anime ဇာတ်ကားကတော့ Demon Slayer ပဲ ဖြစ်ပါတယ်။ အဲဒီထဲ ဇာတ်ကားထဲမှာမှ Natsuki ရဲ့ သမီးလေးဟာ Nezuko လို့ အမည်ရတဲ့ Anime ဇာတ်ကောင်ကို အကြိုက်ဆုံးပါ။ ဒီလိုနဲ့ Natsuki ရဲ့ သမီးဖြစ်သူဟာ Natsuki ကို သူကြိုက်တဲ့ Anmie ဇာတ်ကောင်အကြောင်း အားရပါးရပြောနေပါတယ်။ အဲဒီအချိန်မှာ Natsuki က သူ့သမီးကို Kamen Rider ကိုကော သိလားလို့ မေးခဲ့ပါတယ်။ အဲဒီအချိန်မှာ Natsuki ဟာ သူ့သမီးကို တစ်ချိန်တုန်းက အမေဟာ Kamen Rider တစ်ယောက်ဖြစ်ကြောင်း၊ အရမ်းကို လူကြိုက်များပြီး နာမည်ကြီးတဲ့ Miho Kirishima ဆိုတာ အမေဖြစ်ကြောင်း ရှင်းပြခဲ့ရာမှ Natsuki ရဲ့ သမီးဟာ မယုံမကြည်တွေဖြစ်ပြီး သူ့အမေလျှောက်ပြောနေတာဖြစ်ကြောင်း ပြန်ပြောခဲ့လို့ Natsuki ဟာ ငိုအားထက်သန်ရယ်အားထက်သန်တောင် ဖြစ်ခဲ့ရပါတယ်။

READ
လအနည်း ငယ်သာခြားပြီး ရင်သွေးကိုယ်စီ ရခဲ့ကြတဲ့ မီးသတ်ရဲဘော်(၇)ယောက်

 

“ကျွန်မမှာ ဘာပြောလို့ ပြောရမှန်းတောင် မသိတော့ပါဘူး။ ရှင်းပြတော့လည်း လက်မခံ၊ နောက်ဆုံး ကျွန်မဓာတ်ပုံတွေပြတော့မှ ယုံသွားတယ်။ အခုတောင် ကျောင်းမှာ သူ့သူငယ်ချင်းတွေကို ကြွားချင်လို့  ကျွန်မဓာတ်ပုံတွေတောင် ယူသွားလေရဲ့။ တစ်ကယ်ကို ချစ်ဖို့ကောင်းတဲ့ ကျွန်မသမီးလေးပါပဲ”လို့ Natsuki က ပြောကြားခဲ့ပါတယ်။

 

 

Pyi Hein Kyaw

SHARE