ကျန်းမာရေးမကောင်းတဲ့မိခင်ကို အားကစားနဲ့ပြန်လည်ကျန်းမာအောင် ကူညီပေးခဲ့တဲ့ သမီး

instagram/trainwithjoan

ဘ၀ကိုကောင်းကောင်းမွန်မွန်နေထိုင်ဖို့ ဘယ်တော့မှနောက်မကျဘူးလို့ဆိုကြပါတယ်။ ဒီအကြောင်း ကနေဒါနိုင်ငံအွန်တိုရီယိုပြည်နယ်က ဂျိုရန်မက်ဒေါ်နယ်ကိုကြည့်ရင်သိနိုင်ပါတယ်။ ဂျိုရန်က အသက် (၇၃) နှစ်ရှိပြီဖြစ်တဲ့ အမျိုးသမီးကြီးပါ။ အသက်ကြီးလာတဲ့အပြင် ၀ကလည်းဝတော့ ရောဂါအမျိုးမျိုးကလည်းဝင်လာပြီး နေထိုင်မကောင်းဖြစ်လာခဲ့ပါတယ်။ ဆရာဝန်တွေက ဒီပုံစံအတိုင်းသာ ဆက်သွားရင် စားဆေးတွေထပ်တိုးသောက်ဖို့ကလွဲလို့ နည်းမရှိတော့ဘူးလို့ ဆိုခဲ့ပါတယ်။

instagram/trainwithjoan

မိခင်ဖြစ်သူရဲ့ကျန်းမာရေးချို့ယွင်းလာတာကိုမြင်တဲ့ မစ်ရှဲလ်ကဒီတိုင်းကြည့်မနေခဲ့ပါဘူး။ မစ်ရှဲလ်ဟာ ယောဂလေ့ကျင့်သူတစ်ဦးဖြစ်တဲ့အပြင် ၀ိတ်လည်းမပါတယ်။ သူမရဲ့အလုပ်အကိုင်က စားဖိုးမှုးတစ်ယောက်ပါ။ အနေအထိုင်အစားအသောက်ပုံစံမကျလို့ ကျန်းမာရေးမကောင်းတဲ့အပြင် စိတ်ဖိစီးမှုဒဏ်ပါခံစားနေရတဲ့မိခင်ကို မစ်ရှဲလ်က ကူညီပေးခဲ့ပါတယ်။

instagram/trainwithjoan

ဂျိုရန်ဟာ သမီးဖြစ်သူရဲ့ အွန်လိုင်းလေ့ကျင့်ခန်းပြုလုပ်တဲ့အစီအစဉ်တစ်ခုမှာပါဝင်လိုက်ပါတယ်။ အဲ့ဒီကတည်းကစပြီး နေ့တိုင်း gym သွားကာ အမောခံနိုင်အောင်နဲ့ ကိုယ်ခံအားပြန်တက်အောင် လုပ်ပါတယ်။ ဂျိုရန်မှာဖုန်းလည်းရှိတော့ ဖုန်းနဲ့တစ်ချို့ ကျန်းမာရေး app တွေကို ကိုယ်တိုင်အသုံးပြုပါတယ်။

instagram/trainwithjoan
instagram/trainwithjoan

မစ်ရှဲလ်ရဲ့လမ်းညွှန်ချက်အတိုင်း လမ်းလျှောက်တာ၊ ၀ိတ်မတာ၊ ယောဂကျင့်တာတွေကို သူ့အချိန်နဲ့သူ ဇောက်ချပြီး လေ့ကျင့်ပါတယ်။ ဂျိုရန်က “ကျွန်မက စိတ်ဆုံးဖြတ်ချက်ချပြီးမှ လုပ်တာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ငါလုပ်နိုင်တယ်။ လေ့ကျင့်ခန်းလုပ်ရတာများလွန်းလို့ ပင်ပန်းနေရင်တောင် အလျော့မပေးဘူးဆိုပြီးတော့ ကြိုးစားပါတယ်…” လို့ ပြောပြပါတယ်။

View this post on Instagram

Well, slowly but surely my form is improving, and this was AFTER I finished my workout! 😅😅 Every time I come down here to Tulum it’s like the clock turns back another few years. Maybe it’s the warm sea salt air, or being in the jungle, or being around family I don’t know, but I love it. I can’t wait to meet all the beautiful women arriving on Friday for our retreat on the beach!! Have a wonderful Monday everybody and a fantastic week! Believe in yourself, keep your heart and mind open for the best possibilities to come your way and remember, a grateful heart is a magnet for good things. 💕💕 . Leggings: @tilyoucollapse Use JOAN at checkout for a 10% discount! 😊 . . #pushups #silverhair #fitover70 #fitness #inspo #fitspo #anyage #agingbackwards #longevity #wellness #bodybuilding #bodypositive

A post shared by Joan MacDonald (@trainwithjoan) on

ဂျိုရန်ဟာ အစပိုင်းတုန်းက ပေါင်(၂၀၀) တောင်ရှိခဲ့တာပါ။ လေ့ကျင့်ခန်းတွေကို တစိုက်မတ်မတ်စွဲလုပ်ရင်း (၃) နှစ်အကြာမှာတော့ သူမဟာ (၆၂) ပေါင်တောင် ကျသွားခဲ့ပြီး အခုလိုမျိုး လှပလာတာဖြစ်ပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းရဲ့အကျိုးက လူတစ်ယောက်ရဲ့ ကျန်းမာရေးကိုပြုပြင်ပေးနိုင်တာတင်မကပါဘူး။ ကိုယ်ခန္ဓာအချိုးအစားကိုလည်း လုံးဝကြီးခြားနားသွားအောင် ပြုပြင်ပေးနိုင်တာကို ဂျိုရန်ကိုနမူနာအနေနဲ့ သိနိုင်ပါတယ်။ အသက် (၇၀) ကျော်ဖြစ်ပေမယ့် အဖွားအိုကြီးဖြစ်မသွားပဲ တက်ကြွဆဲ လန်းဆန်းဆဲဖြစ်တဲ့ ဂျိုရန်ကို ခုလို အားကျဖွယ်တွေ့ရမှာပါ။ ဂျိုရန်ဟာ အခုဆို စားဆေးတွေလည်း သောက်ဖို့မလိုတော့ပဲ ကျန်းမာရေးကောင်းမွန်စွာနဲ့ ဘ၀ကိုဖြတ်သန်းနေတယ်လို့လည်း boredpanada အရသိရပါတယ်။

View this post on Instagram

How many do you think I can do by the end of the year? 😅😅 . Okay the big trick here is us using a bench so I’m starting from the bottom position but not hanging. This has helped me a lot because I have a trick shoulder that gives me a lot of pain. Two years ago I started with the machine. Then I moved on to heavy rubber assistance bands. And finally at my daughters gym I worked my way up to unassisted chin ups. They are now one of my favorite exercises and I have a real sense of accomplishment from them. I’d love to know what your favorite exercise in the gym is, and if you do chin ups, how many can you do? Would you like an instructional video on how to do these? I think I could do that for you! 👵🏼👵🏼 . #progressnotperfection #olderwomen #silverhair #oldermodel #fitover70 #chinups #inspo #fitspo #stronggirls #trainwithjoan

A post shared by Joan MacDonald (@trainwithjoan) on

လင်းလင်း (ShweMom)

SHARE