“လိပ်ပြာစံအိမ်” ရုပ်ရှင်ကားကို ပရိသတ်တွေနဲ့အတူ လာရောက် ကြည့်ရှုခဲ့တဲ့ ဒေါင်း

ဒေါင်းကတော့ လတ်တလောမှာ ပရိသတ်တွေရဲ့ စိတ်ဝင်စားအားပေးမှုတွေကို ရရှိနေတဲ့ မင်းသားတစ်ယောက်ဖြစ်ပြီး အနုပညာလှုပ်ရှားမှုတွေကိုလည်း မနားတမ်းပြုလုပ်နေရတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ဒေါင်းကတော့ လက်ရှိမှာ ပြသနေဆဲဇာတ်ကားတစ်ကားဖြစ်တဲ့ “လိပ်ပြာစံအိမ်” ဇာတ်ကားမှာလည်း ပါဝင်သရုပ်ဆောင်ထားပြီး သူ့ရဲ့ သရုပ်ဆောင်ချက်တွေကြောင့် ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုတွေကိုလည်း ရရှိနေတာဖြစ်ပါတယ်။

ဖေဖေါ်ဝါရီလ ၁၀ ရက်ေ်န့မှာတော့ ဒေါင်းက သူ့ကို လာရောက်အားပေးကြတဲ့ “လိပ်ပြာစံအိမ်” ရုပ်ရှင်ပရိသတ်တွေနဲ့အတူ City Mall စိန်​ဂျွန်းက JCGV ရုပ်​ရှင်​ရုံမှာ ရုပ်ရှင်အတူကြည့်ပေးခဲ့တာဖြစ်ပါတယ်။ ဒေါင်းကတော့ သူရဲ့ ပရိသတ်တွေနဲ့တောင် အတူတူထိုင်ပြီး ရုပ်ရှင်ကြည့်ခဲ့တာဖြစ်ပါတယ်။

ပရိသတ်တွေရဲ့ အချစ်တော် ဒေါင်းကတော့ သူကို လာရောက်အားပေးကြတဲ့ ပရိသတ်တွေနဲ့အတူလည်း ဓါတ်ပုံတွေ ရိုက်ကူးခဲပါသေးတယ်။ ဒေါင်းကို အားပေးကြတဲ့ ပရိသတ်တွေအတွက် ဓါတ်ပုံတွေကို တင်ဆက်ပေးလိုက်ပါတယ်။ ဒေါင်းရဲ့ ရှေ့လျှောက်အနုပညာလှုပ်ရှားမှုတွေကိုလည်း အားပေးလိုက်ပါဦးနော် ပရိသတ်ကြီးရေ။

READ
အမိုက်စားဖက်ရှင်နဲ့ ပွဲတက်လာခဲ့တဲ့ မင်းသမီးလေး ရွှေမှုံရတီ

Source: လိပ်ပြာစံအိမ်

SHARE