သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းလေးကို သရုပ်ဖော်ကြမယ့် ဒေါင်း၊ပိုင်ဖြိုးသုနဲ့ အိန်ဂျယ်လမုန်

စာဖတ်ပရိသတ်တိုင်းကြိုက်နှစ်သက်ကြတဲ့ စာရေးဆရာမကြီး နုနုရည်အင်းဝရဲ့ နာမည်ကျော် ဝတ္ထုတစ်ပုဒ်ဖြစ်တဲ့ “အချစ်ဖြင့်လွမ်းစေ” ကို ဇာတ်လမ်းအဖြစ်ပုံဖော်ရိုက်ကူးတော့မှာဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ ပရိသတ်တွေရဲ့ အချစ်တော်သရုပ်ဆောင်တွေဖြစ်တဲ့ ဒေါင်း၊ ပိုင်ဖြိုးသူ၊အိန်ဂျယ်လမုန်တို့က ပါဝင်သရုပ်ဆောင်ကြာမှာဖြစ်ပါတယ်။ ဒီဇာတ်လမ်းကိုတော့ ဒါရိုက်တာ နေသန်မောင်က ဖန်တီးထားတာဖြစ်ပါတယ်။

“အချစ်ဖြင့်လွမ်းစေ” ဇာတ်လမ်းကတော့ ရန်ကုန်တက္ကသိုလ် နှစ် ၁၀၀ ပြည့်အထိမ်းအမှတ်အဖြစ်နဲ့ ရိုက်ကူးထားတာဖြစ်ပါတယ်။ “အချစ်ဖြင့်လွမ်းစေ”ဇာတ်လမ်းကတော့ ပိုစတာဓါတ်ပုံတွေထွက်ရှိလာပြီဖြစ်ပြီး ဖေစ်ဘုတ်ကနေလည်း ရိုက်ကွင်းပုံရိပ်တွေကို တင်ပေးနေတာဖြစ်ပါတယ်။

“အချစ်ဖြင့်လွမ်းစေ”ဇာတ်လမ်းကိုတော့ Kamayut Media Page ကနေတစ်ဆင့် ထုတ်လွှင့်ပြသသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။ လူကြိုက်များတဲ့ အနုပညာရှင်သုံးဦးက အဓိက သရုပ်ဆောင်တွေအဖြစ်ပါဝင်ထားတာဖြစ်လို့ ပရိသတ်တွေစောင်မျှော်ကြည့်ရှုသင့်တဲ့ ကားကောင်းတစ်ကားပါ။

SOurce: “အချစ်ဖြင့်လွမ်းစေ”

SHARE