ပရိသတ်တွေအားကျသွားလောက်အောင် ဝတ်မှုန်ရွှေရည်ကို အကြည့်တွေနဲ့ပြုံးပြနေတဲ့ ဒေါင်း

ပရိသတ်တွေကြားမှာ ရေပန်းစားနေတဲ့ နာမည်ကျော် မင်းသား ဒေါင်းကတော့ လတ်တလောမှာ ရုံတင်ပြသနေတဲ့ “လိပ်ပြာစံအိမ်” ရုပ်ရှင်ကားကြီးထဲမှာ အကယ်ဒမီ မင်းသမီး ဝတ်မှုန်ရွှေရည်နဲ့အတူ တွဲဖက်သရုပ်ဆောင်ထားတာဖြစ်ပြီး သူတို့နှစ်ယောက်ကတော့ “လိပ်ပြာစံအိမ်” ရုပ်ရှင်ကားကြီးနဲ့အတူ ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုတွေကို ရရှိနေတဲ့ အနုပညာရှင်နှစ်ယောက်လည်းဖြစ်ပါတယ်။

“လိပ်ပြာစံအိမ်” ရုပ်ရှင်ဇာတ်ကားကြီးကတော့ ဖေဖေါ်ဝါရီလ ၆ရက်နေ့က Junction City မှာ အနုပညာရှင်တွေကို ဖိတ်ကြားခဲ့ပြီး အထူးပွဲပြသခဲ့ပြီဖြစ်ပါတယ်။ အထူးပွဲနေ့က အမှတ်တရတွေကိုတော့ “လိပ်ပြာစံအိမ်” ဖေစ်ဘုတ်ပေဂ်ျ့ကနေ ဗီဒီယိုလေးတစ်ခုအဖြစ် တင်ပေးခဲ့တာဖြစ်ပါတယ်။ ဒီဗီဒီယိုထဲမျာဆိုရင်တော့ ဝတ်မှုန်ရွှေရည်နဲ့ဒေါင်းတို့အတူ ပွဲတက်လာတာကိုတွေ့ရမှာဖြစ်ပါတယ်။

ပရိသတ်တွေ အားကျသွားလောက်စေတဲ့ အကြည့်တွေနဲ့ ဝတ်မှုန်ရွှေရည်ကို ငေးကြည့်နေတဲ့ ဒေါင်းရဲ့ ဗီဒီယိုဖိုင်လေးကို တင်ဆင်ပေးလိုက်ပါတယ်။ ပရိသတ်တွေကတော့ လိုက်ဖက်တဲ့ အနုပညာရှင်နှစ်ယောက်လို့ မှတ်ချက်ပေးနေကြပါတယ်။ ပရိသတ်တွေရော ဘယ်လိုထင်ကြလဲ..?

READ
JB နဲ့ တရားဝင် သက်ဆိုင်သွားပြီဖြစ်ကြောင်း နည်းလမ်းတစ်မျိုးနဲ့ အသိပေးလိုက်တဲ့ Hailey

https://www.facebook.com/theonlymom.myanmarfilm/videos/279665626035315/?t=96

Source:”လိပ်ပြာစံအိမ်”

SHARE