သည်ရောခ့်က ထရမ့်ထက်ပိုကောင်းတဲ့ သမ္မတဖြစ်နိုင်ကြောင်း ဘာတစ္စတာ သုံးသပ်

WWE နပန်းသမားလောကကနေ ဟောလိဝုဒ်ရုပ်ရှင်လောကထဲက နောက်ထပ်ဝင်ရောက်ခဲ့တဲ့ ဘာတစ္စတာက သည်ရောခ့်ဟာ ဒေါ်နယ်ထရမ့်ထက် ပိုကောင်းတဲ့ သမ္မတဖြစ်နိုင်တယ်ဆိုတဲ့ သူရဲ့ အတွေးအမြင်ကို ထုတ်ဖော်ခဲ့ပါတယ်။

မကြာသေးခင်က ကြိုးဝိုင်းထဲက အနားယူခဲ့တဲ့ ဘာတစ္စတာက သူ့ရဲ့ စိတ်ထဲမှာ ရှိတာကို ပြောဖို့ ဘယ်တော့ ရှက်ရွံ့နေခဲ့သူမဟုတ်ပါဘူး။ Gurdian of the Galaxy စတားတစ်ယောက်ဖြစ်တဲ့ ၄င်းက ထရမ့်ကို ဆန့်ကျင်တဲ့ သူတစ်ယောက်ဆိုတာ သူရဲ့ ထုတ်ဖော်ချက်ကို ကြည့်တာနဲ့ သိနိုင်ပါတယ်။

၂၀၁၇ အနှောင်ပိုင်းတုန်းက သည်ရောခ့်က သမ္မတ နေရာအတွက် ၀င်အရွေးခံမယ်လို့ ပြောခဲ့ဖူးပါတယ်။ ဒါပေမယ့် သူ့အနေနဲ့ ၂၀၂၀ အတွက် အသင့်ဖြစ်မနေသေးချိန်မှာ ဘာတစ္စတာက ထရမ့်နေရာမှာ အစားထိုးဖို့ သည်ရောခ့်ဟာ ပိုသင့်တော်ကြောင်း အခုလို ပြောဆိုလာတာပဲဖြစ်ပါတယ်။ ဂျွန်ဆင်တစ်ယောက် အရင်က ထူးခြားခြားရွေးချယ်မှုတွေ လုပ်နေတာနဲ့ ပတ်သက်ပြီး ဘာတစ္စတာက ပြောဆိုခဲ့ဖူးတာတွေရှိပေမယ့် အခုအခါမှာ သူ ဘာကိုဆိုလိုကြောင်း ရှင်းလင်းပြောဆိုခဲ့တာဖြစ်ပါတယ်။

READ
ဝေဖန်တိုက်ခိုက်သူတွေကို မေးခွန်းပြန်ထုတ်လိုက်တဲ့ နန္ဒာလှိုင်

အရင်က ဂျွန်ဆင်အနေနဲ့  သမ္မတကောင်းတစ်ယောက်ဖြစ်လိမ့်မယ်လို့ မပြောခဲ့ဖူးပေမယ့် အခုအခါမှာ လက်ရှိသမ္မတထက် ပိုကောင်းနိုင်ကြောင်း သူရဲ့ ထင်မြင်ချက်ကို ပြောဆိုခဲ့တာဖြစ်ကြောင်း Washington Examiner ရဲ့ ဖော်ပြချက်များမှာ တွေ့ရပါတယ်။ ဘာတစ္စတာက သူရော၊ Stuber ရုပ်ရှင်ထဲမှာ အတူတွဲ သရုပ်ဆောင်ခဲ့တဲ့ သူရဲ့ လုပ်ဖော်ကိုင်ဖက် ကူမေးလ်တောင် ထရမ့်ထက် ပိုအရည်အချင်းပြည့်ဝကြောင်း ဟာသအနေနဲ့ ပြောခဲ့ပါသေးတယ်။

“ကျွန်တော့်အနေနဲ့ သည်ရောခ့်ဟာ သမ္မတကောင်းတစ်ယောက် လုပ်နိုင်တယ်လို့ ပြောဖို့ လာတာမဟုတ်ပါဘူး၊ လက်ရှိ သမ္မတထက် ပိုကောင်းတဲ့ သမ္မတဖြစ်နိုင်တယ်လိုပဲ ထင်မြင်မိရုံပါ။ ပိုပြီးလည်း အရည်အချင်းပြည့်ဝတယ်လို့ ကျွန်တော် ယုံကြည်တယ်” ဆိုပြီး ပြောခဲ့ပါတယ်။

ဂျွန်ဆင်ဟာ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ အတွေ့အကြုံတွေ ပြည့်ဝနေတဲ့ သူမဟုတ်သေးပေမယ့် သူ့မှာ တခြားသူတွေရဲ့ ထောက်ခံရပ်တည်မှုကို ရအောင် လုပ်နိုင်တဲ့ အစွမ်းတော့ရှိတယ်။ အရင် နပန်းလောက ကြိုးဝိုင်ထဲမှာဆိုလည်း “The People’s Champion” ဆိုပြီး ခေါ်ဝေါ်ခံရသလို၊ သန်းပေါင်းများစွာသော ပရိသတ်တွေရဲ့ မေတ္တာကိုလည်း ရရှိထားတဲ့သူဖြစ်ပါတယ်။

READ
အမျိုးသမီး Idol တွေရဲ့ ညှို့အားပြင်း တဲ့ Sports Photoshoots ပုံရိပ်များ

အနုပညာလောကထဲကို ရောက်လာပြန်တော့လည်း ထင်ပေါ်ကျော်ကြား လူကြိုက်များတဲ့သူတစ်ယောက် ဖြစ်ခဲ့တယ်။ ဒါကြောင့်နဲ့ အနာဂတ်မှာ သမ္မတနေရာအတွက် ၀င်ရွေးခံမယ်ဆိုလည်း ပရိသတ်အခိုင်အမာရှိထားတာကြောင့် မျှော်လင့်ချက်ရှိနေပါတယ်။

Ref: Screenrant

Matthew (ShweMOM)
SHARE