ရက်ပ်ပါ Vanilla Ice ရဲ့ ဘ၀ဇာတ်ကြောင်း ရိုက်ကူးမယ့် ရုပ်ရှင်မှာ ပါဝင်မယ့် Dave Franco

[email protected] davefranko [email protected] vanillaiceofficial

90’s ခေတ်တွေတုန်းက နာမည်ကြီးခဲ့တဲ့ အမေရိကန် ရက်ပ်ပါ Vanilla Ice ကိုတော့ ဟစ်ဟော့ပရိသတ်တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ Vanilla Ice ရဲ့ နာမည်အရင်းကတော့ Rob Van Winkle ပဲ ဖြစ်ပြီး တစ်ချိန်တုန်းက တော်တော်ကို နာမည်ကြီခဲ့တဲ့ ရက်ပ်ပါတစ်ယောက်ဆိုလဲ မမှားပါဘူး။ အခုမကြာခင်အချိန်အတွင်းမှာ Vanilla Ice ရဲ့ အကြောင်း ရိုက်ကူးတော့မယ့် ဇာတ်ကားမှာ Vanilla Ice ရဲ့ နေရာကနေ ပါဝင်သရုပ်ဆောင်မယ့်လူကတော့ Hollywood ရဲ့ နာမည်ကြီးမင်းသား Dave Franco ဖြစ်ကြောင်း People သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

View this post on Instagram

dave in suits ✨+ #davefranco

A post shared by Dave Franco (@davefranko) on

Now You See Me, Neighbors, 21 Jump Street, The Rental အစရှိတဲ့ နာမည်ကြီးဇာတ်ကားတွေနဲ့ နာမည်ကြီးလာခဲ့တဲ့ Dave ကတော့ Vanilla Ice အကြောင်း ရိုက်ကူးမယ့် “To the Extreme” ဇာတ်ကားထဲမှာ Vanilla Ice နေရာကနေ ပါဝင်သရုပ်ဆောင်ရဖို့ တော်တော်လေးကို စိတ်လှုပ်ရှားနေပါတယ်။ To the Extreme လို့ အမည်ပေးထားရတဲ့ အကြောင်းအရင်းကတော့ ၁၉၉၀ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်နေ့မှာ ထွက်ရှိခဲ့တဲ့ Vanilla Ice ရဲ့ နာမည်အကြီးဆုံး အယ်လ်ဘမ် ဖြစ်တဲ့ To the Extreme အယ်လ်ဘမ်ကိုပဲ အစွဲပြုပြီး ပေးခဲ့တာ ဖြစ်ပါတယ်။

READ
ဒိုင်ပွဲရပ်ဖြင့် Myanmar Idol Season 3 Winner ဆု ဆွတ်ခူးခဲ့တဲ့ ဖြိုးမြတ်အောင်

Vanilla Ice ရဲ့ To the Extreme အယ်လ်ဘမ်ဟာ တစ်ချိန်တုန်းက Billboard ရဲ့ နံပါတ်တစ် ထိပ်ဆုံးမှာ ၁၆ ပတ်ဆက် နေရာယူနိုင်ခဲ့ပြီး အချပ်ရေပေါင်း ၁၅ သန်းကျော် ရောင်းရလောက်အောင်ကိုပဲ တော်တော်ကြမ်းခဲ့ပါတယ်။ ဒီအယ်လ်ဘမ်ထဲမှာ ပါဝင်တဲ့ Ice ice baby သီချင်းဟာလည်း အဲဒီအချိန်တုန်းက လူတိုင်းရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားခဲ့တဲ့ သီချင်းတစ်ပုဒ်ဆိုလည်း မမှားပါဘူး။ Vanilla Ice ဟာ အဲဒီအယ်လ်ဘမ်ထွက်ပြီး နောက်ပိုင်းမှာ နာမည်ကြီး အဆိုတော် Madonna နဲ့ တရားဝင်တွဲခဲ့ပြီး ၁၉၉၁ ခုနှစ်မှာ Cool as Ice ဆိုတဲ့ သူ့ရဲ့ကိုယ်ပိုင် ရုပ်ရှင်ဇာတ်ကားကိုတောင် ရိုက်ကူးခဲ့ပါတယ်။

View this post on Instagram

HAPPY FOURTH OF JULY #INDEPENDENCEDAY #USA #GoNinjaGoNinjaGo

A post shared by Vanilla Ice (@vanillaiceofficial) on

“ကျွန်တော်ကိုယ်တိုင်လဲ Vanilla Ice ကို ဖုန်းဆက်ပြီး သူ့အကြောင်းရိုက်ကူးမယ့် ဇာတ်ကားအကြောင်းကို ဆွေးနွေးခဲ့ပါသေးတယ်။ သူကေတော်တော်ကို စိတ်နှလုံးကောင်းမွန်တဲ့ လူတစ်ယောက်ပါပဲ။ ကျွန်တော်ကိုလည်း ဒီဇာတ်ကားရိုက်ကူးနေတဲ့ တောက်လျှောက်မှာ လိုအပ်တဲ့ အကူအညီမှန်သမျှကိုလည်း သူ့ဖက်ကနေ အကူအညီပေးမယ့်အပြင် လူတော်တော်များများ မသိသေးတဲ့ သူ့ရဲ့အကြောင်းတစ်ချို့ကိုပါ ပြောပြပြီး ဇာတ်ကားထဲမှာ ထည့်ပြီးရိုက်ကူးနိုင်အောင် စီစဉ်ပေးမယ်လို့လဲ ပြောပါသေးတယ်”လို့ Dave Franco က ပြောကြားခဲ့ပါတယ်။

View this post on Instagram

i hope dave does something soon!! + #davefranco

A post shared by Dave Franco (@davefranko) on

Pyi Hein Kyaw

SHARE