အွန်လိုင်းလေကြောင်းဂိမ်းက အစပြုပြီး ဝေဟင်အမြင့်ပေ(၃၇,၀၀၀) မှာ လက်ထပ်ခဲ့ကြတဲ့ စုံတွဲ

youtube/Jetstar

လေယာဉ်တွေနဲ့ပတ်သက်လို့ အထူးစိတ်ပါဝင်စားသူ ၀ါသနာရှင်နှစ်ဦးဟာ သြစတေးလျကနေ နယူးဇီလန်ကိုသွားတဲ့ လေယာဉ်ခရီးစဉ်အတွင်း မြေပြင်အထက် ပေပေါင်း(၃၇,၀၀၀) အမြင့်မှာ ထိမ်းမြားကတိသစ္စာပြုခဲ့ကြောင်း insider သတင်းအရ သိရပါတယ်။ သူတို့နှစ်ဦးဟာ ဒေးဗစ်နဲ့ ကတ်သီဗားလီးရန့်တို့ပဲ ဖြစ်ပါတယ်။ ဒေးဗစ်နဲ့ ကတ်သီတို့ဟာ အွန်လိုင်းမှာ လေကြောင်းနဲ့ပတ်သက်တဲ့ ဗီဒီယိုဂိမ်းကစားရင်းကနေ ဆုံတွေ့ခဲ့ကြတာပါ။

ဒေးဗစ်ဟာ သြစတေးလျက ဖြစ်ပြီး ကတ်သီကတော့ နယူးဇီလန်က ဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ ဆစ်ဒနီကနေ အောက်ကလန်ပြန်မယ့် ခရီးလမ်းကြောင်း တစ်ဝက်တိတိမှာပဲ လေယာဉ်ပေါ်မှာ လက်ထပ်ထိမ်းမြားခဲ့တာ ဖြစ်ပါတယ်။ ဒေးဗစ်တို့ လိုက်ပါစီးနင်းလာတဲ့ လေကြောင်းလိုင်းကတော့ သြစတေးလျ Jetstar လို့ သိရပါတယ်။ မင်္ဂလာပွဲကျင်းပမယ့် အကြောင်းကိုတော့ လေယာဉ်လိုင်းဆီ ကြိုအသိပေးထားခဲ့တာ ဖြစ်ပြီး ပရိသတ်တွေအဖြစ် သတို့သား သတို့သမီးဘက်က သူငယ်ချင်း၊ မိသားစုဝင်တွေနဲ့ အခြားခရီးသွားတွေသာ ရှိပါတယ်။

READ
ကာတွန်းဇာတ်ကောင် ငါးမန်းကြီး Bruce ကဲ့သို့ပင် တကယ်ပြုံးတတ်တဲ့ သက်ရှိငါးမန်းကြီး
Google Maps

ဒေးဗစ်နဲ့ ကတ်သီတို့ဟာ သူတို့ရဲ့ မင်္ဂလာပွဲကို ဗီဒီယိုရိုက်ကူးထားခဲ့ပြီး ၄င်းဗီဒီယိုကိုတော့ Jetstar ရဲ့ YouTube channel ထဲမှာ တင်ထားခဲ့ပါသေးတယ်။ မင်္ဂလာမောင်နှံတို့ဟာ မတူညီတဲ့ နိုင်ငံအသီးသီးက ဖြစ်ကြပေမယ့် သူတို့ရဲ့ မင်္ဂလာပွဲအစီအစဉ်ကိုတော့ လေယာဉ်ပေါ်မှာပဲ ပြုလုပ်ဖို့ဆုံးဖြတ်ခဲ့တာပါ။ နှစ်ဦးစလုံးက လေယာဉ်ပျံတွေနဲ့ ပတ်သက်ရင် စိတ်ဝင်စားမှုက အတူတူပဲ ဖြစ်တဲ့အတွက် ဒီိလိုဝါသနာတူတာကြောင့်ပဲ သူတို့နှစ်ဦးကို ပေင်းစည်းဖို့ ဖြစ်လာစေတာပါ။

“ကျွန်တော်တို့ နှစ်ယောက်စလုံး လေယာဉ်ပျံတွေကို ချစ်တယ်။ လေယာဉ်ပျံ လေကြောင်းလိုင်းတွေနဲ့ ပတ်သက်တာတွေကိုလည်း စိတ်ဝင်စားတယ်…” လို့ ဒေးဗစ်က ဆိုပါတယ်။ သူတို့နှစ်ဦးဟာ (၂၀၁၁) ခုနှစ်တုန်းက အွန်လိုင်းဂိမ်း Airport City ဂိမ်းကစားရင်းနဲ့ စတင်သိကျွမ်းခဲ့တာဖြစ်ပြီး (၂) နှစ်အကြာမှာတော့ အပြင်မှာ လူချင်းတွေ့ဆုံခဲ့ကြတာ ဖြစ်ကြောင်းလည်း သိရပါတယ်။

READ
Batman Suparman ကို ရန်ပြုတိုက်ခိုက်ခဲ့လို့ ထောင် (၂)နှစ်ခွဲကျခဲ့တဲ့ စင်ကာပူအမျိုးသား

လင်းလင်း (ShweMom)

SHARE