ခြောက်လတိတိကားမောင်းခွင့်မရှိတော့တဲ့ ဒေးဗစ်ဘက်ခမ်

အင်္ဂလန်အသင်းရဲ့နာမည်ကျော်ဘောလုံးသမားဟောင်း ဒေးဗစ်ဘက်ခမ်တစ်ယောက်ကတော့ ခြောက်လတိတိ ကားမောင်းခွင့် ပိတ်ပင်ခြင်းခံလိုက်ရပါတယ်။

အသက် (၄၃)နှစ်အရွယ် ဘက်ခမ် ဟာ ပြီးခဲ့တဲ့ (၂၀၁၈) နိုဝင်ဘာလအတွင်းက လန်ဒန်မြို့အတွင်းမှာ ကားမောင်းရင်း ဖုန်းသုံးနေတာကို တာဝန်ရှိသူတွေက တွေ့ရှိခဲ့ကြပြီး တရားရုံးက မနေ့ကမှ ပြစ်ဒဏ်ကို အပြီးသတ် ချမှတ်လိုက်တာပါ။

ဒေးဗစ်ဘက်ခမ် ဟာ အမှုအတွက် အယူခံဝင်ခဲ့သေးပြီး သူ့ရဲ့အယူခံဟာ ပယ်ချခံခဲ့ရပါတယ်။

AFP

တရားရုံးရဲ့ဆုံးဖြတ်ချက်မှာတော့ ပေါင်(၁)သိန်းတန် ဘန်တလေကားမောင်းပြီး ယာဉ်စည်းကမ်းဖောက်ဖျက်ခဲ့တဲ့ ဘက်ခမ် ကို ပေါင် (၇၅၀) ဒဏ်ငွေရိုက်ခဲ့ပြီး ယာဉ်မောင်းခွင့် (၆)လ ပိတ်ပင်ခဲ့တာပါ။

ဘက်ခမ်အနေနဲ့ အဲဒီ (၆)လအတွင်းမှာ ကား၊ မော်တော်ဆိုင်ကယ် စတဲ့ ယာဉ်တွေကို မောင်းနှင်ခွင့်ရတော့မှာမဟုတ်ပဲ သူ့ရဲ့တန်ဖိုးကြီးကားတွေကို ချောင်ထိုးထားရဦးမယ့် ပုံပါပဲ။

READ
ဆွီဒင်နိုင်ငံ၏ ဂီတပွဲတော်တွင် အဓမ္မကျင့်မှုနှင့် မူးယစ်ဆေးဝါးအမှု များစွာဖြစ်ပွားခဲ့

တရားရုံးဆီကို မီးခိုးရောင်ဝတ်စုံနဲ့ရောက်လာခဲ့တဲ့ ဒေးဗစ်ဘက်ခမ် ဟာ တရားရုံးဆုံးဖြတ်ချက်ကို စိတ်ပျက်နေခဲ့ပုံရပြီး မီဒီယာတွေကို မေးခွန်းတွေ ဖြေဆိုသွားဖို့လည်း ငြင်းဆန်သွားခဲ့ပါတယ်။

ဘက်ခမ်ရဲ့ ကားမောင်းခွင့်ပိတ်သိမ်းခံရမှုဟာ ဓာတ်ပုံတစ်ပုံကြောင့်ဖြစ်ပြီး (၂၀၁၈) နိုဝင်ဘာ (၂၁)ရက်နေ့မှာ ဘန်တလေကားမောင်းလာရင်း ဖုန်းသုံးနေခဲ့တဲ့ ဘက်ခမ်ရဲ့ဓာတ်ပုံကို ပရိသတ်တစ်ဦးက ရိုက်ထားရာကနေ အစပြုခဲ့တာပါ။

ဓာတ်ပုံထဲမှာတော့ ဘက်ခမ်ဟာ သူ့ရဲ့ဒူးအထက်နားမှာ ဖုန်းကို ကိုင်ထားခဲ့ပြီး ကားမောင်းနှင်နေစဉ်အတွင်း တွေ့ရှိခဲ့ရတယ်လို့ ဆိုရှယ်မီဒီယာတွေထက်မှာ နာမည်ကြီးသွားခဲ့တာပါ။

Dailymail

Linn

Source : Dailymail

 

 

SHARE