ရည်းစားထက် မိသားစုကို အချိန်ပိုပေးဖို့ သားအကြီးကို သတိပေးလိုက်တဲ့ ဘက်ခမ်း

ရည်းစားနဲ့ အချိန်ဖြုန်းတာတွေ လျှော့ပြီး မိသားစုကို ပိုအချိန်ပေးဖို့ သားကြီး ဖြစ်သူ ဘရွတ်ကလင်း ဘက်ခမ်းကို ဒေးဗစ်က သတိပေးလိုက်ကြောင်း The Sun သတင်းဌာနရဲ့ ဖော်ပြမှုအရ သိရပါတယ်။

လူငယ်စုံတွဲ ပီပီ လူမြင်ကွင်းတွေထဲမှာတွေ့ရတဲ့ပုံ၊ သမီးရည်းစားကိစ္စတွေနဲ့ ရှုပ်ရှုပ်ယှက်ယှက်တွေဖြစ်နေတာမြင်ရပုံတွေကြောင့် ဒေးဗစ်ဟာ စိတ်ပင်ပန်းလာတဲ့ဟန်ရှိတယ်။ ပြီးခဲ့တဲ့ Cannes Film Festival ပွဲတုန်းကလည်း လူမြင်ကွင်ထဲ အော်ဟစ်၊ ငိုယိုနေကြတာကို တွေ့မြင်ခဲ့ကြရတယ်။

Andrea Raffin / Shutterstock.com

ဒီလို ကိစ္စတွေရှိခဲ့တာကြောင့် ဒေးဗစ်နဲ့ ဗစ်တိုးရီးယားတို့ဟာ သားဖြစ်သူအတွက် စိုးရိမ်ပူပန်လျက်ရှိနေကြပြီး ဘရွတ်ကလင်းကိုလည်း ရည်းစားဖြစ်သူနဲ့ အနာဂတ်အတွက် ဒေးဗစ်က အသေအချာ အလေးအနက်ထား စဉ်းစားစေလိုပါတယ်။

ဘရွတ်ကလင်းတို့ စုံတွဲက ပြီးခဲ့တဲ့ ဒီဇင်ဘာလကမှ စတင် ဒိတ်လုပ်ခဲ့ကြပါတယ်။ နှစ်ယောက်လုံးကလည်း လန်ဒန်နဲ့ လော့စ်အိန်ဂျလိစ်မြို့ထဲ လူမြင်ကွင်းထဲ ခဏခဏ စကားများ ရန်ဖြစ်တာတွေရှိနေတယ်။ ပြတ်လိုက်ဆက်လိုက်ကလည်း ခဏခဏပါပဲ။

READ
(၁၃)ခုမြောက် လူခြေထောက် ထပ်မံဆယ်ယူရရှိခဲ့ပြီး ပဟေဠိတွေရှိနေဆဲကမ်းခြေ

 

 

View this post on Instagram

 

Had so much fun last night celebrating #VBAW19 ! ❤️❤️

A post shared by Hana (@hancross) on

Photo Agency / Shutterstock.com

နောက်လထဲဆို မိဘနှစ်ပါးရဲ့ နှစ် ၂၀ မြောက် မင်္ဂလာနှစ်ပတ်လည်ပွဲ ကျင်းပဖို့ရှိနေပြီး ပြီးခဲ့တဲ့ အပတ်က မိုင်ယာမီကမ်းခြေမှာ မိသားစုလိုက် အားလပ်မှာ အပန်းဖြေခဲ့ကြပါတယ်။ ဒါပေမယ့် ယူအက်စ်မှာ ရှိနေတဲ့ ဟာနာကိုတော့ မိသားစုနဲ့ အတူတကွ မတွေ့ခဲ့ရပါဘူး။

Photo Agency / Shutterstock.com

နီးစပ်ရာတွေ ပြောကြားချက်အရတော့ ဘက်ခမ်းက ဘရွတ်ကလင်းကို မိသားစုအပေါ် အချိန်ပိုပေးဖို့ တောင်းဆိုထားပြီး လူမြင်ကွင်းထဲမှာ ပြဿနာဖြစ်တာတွေ မမြင်ချင်ဘူးလို့ ပြောထားကြောင်း၊ ဒီကိစ္စကိုလည်း အေးအေးဆေးဆေးကိုင်တွယ်သွားပြီး သားဖြစ်သူကိုလည်း အကြံတစ်ချို့ပေးခဲ့ကြောင်းသိရပါတယ်။ ဒေးဗစ်က ဟာနာခရော့စ်ကို သိပ်သဘောကျတဲ့ မပုံပေါ်ဘူးဆိုတာ ထင်ရှားကြောင်း ဖော်ပြပေးလိုက်ရပါတယ်။

READ
ဆိုင်ထဲဝင်လာတဲ့ လက်နက်ကိုင်လူရမ်းကားတွေကို တံမြက်စည်းရိုးနဲ့ ဖြေရှင်းခဲ့တဲ့ ဆိုင်ရှင်

Matthew (ShweMOM)

SHARE