ဖခင်ရဲ့မျက်နှာအမူအရာတွေကို ပုံစံတစ်မျိုးစီ ပိုင်ဆိုင်ထားတဲ့ ဘက်ခမ်းရဲ့ သားသမီးများ

Instagram/DavidBeckham

ဘက်ခမ်းမိသားစုမှာ အခုဆိုရင် သား(၃)ယောက်၊ သမီးတစ်ယောက်နဲ့ အတော်လေးကို မြိုင်ဆိုင်နေပါပြီ။ သားအကြီးဆုံးကတော့ ဘရွတ်ကလင်းဘက်ခမ်းဖြစ်ပါတယ်။ သူကတော့ (၂၀)နှစ်ပါ။ သားလတ်ကတော့ ရိုမီယိုဂျိမ်းစ်ဘက်ခမ်းဖြစ်ပြီး၊ (၁၇)နှစ်ပါ။ သားအငယ်ဆုံးကတော့ ခရုဇ်ဘက်ခမ်းဖြစ်ပြီး (၁၄)နှစ်ဖြစ်ပါတယ်။ သမီးကတော့ ဟာပါဆဲဗင်းဘက်ခမ်းဖြစ်ပြီး အခုမှ (၈)နှစ်ပါ။

ဘက်ခမ်းတို့မိသားစုရဲ့ နှစ်သစ်ကူးနေ့ ဓာတ်ပုံတွေ ပေါ်ထွက်လာပြီးနောက် ဘက်ခမ်းဟာ ဘောလုံးကန်ရာမှာ တော်ရုံသာမက မိတ္တူကူးတဲ့နေရာမှာလည်း ဆရာတစ်ဆူပဲဆိုပြီး ချီးမွှမ်းနေကြပါတယ်။ အကြောင်းကတော့ သူရဲ့ကလေးတွေအကုန်လုံးဟာ သူဖြတ်သန်းခဲ့တဲ့တစ်လျှောက် ပုံရိပ်တွေနဲ့ တိုက်ဆိုင်စွာ တူနေလို့ပါ။

Instagram/DavidBeckham

ကလေးတွေအားလုံးဟာ မိခင်ဗစ်တိုးရီးယားဘက်ကို သိပ်မတူကြပဲ၊ ဖခင်ဘက်ခမ်ရဲ့ ရုပ်တွေနဲ့ တထေရာတည်းဖြစ်ကြပါတယ်။ သူတို့မိသားစုဟာ Cotswolds ကို သွားရောက်လည်ပတ်ခဲ့ကြပြီး၊ မိသားစုစုံစုံညီညီ ဓာတ်ပုံတွေ ရိုက်ကူးခဲ့ပါတယ်။

သားကြီး ဘရွတ်ကလင်းကတော့ (၂၀၀၃)ခုနှစ်တုန်းက ဘမ်းခမ်းရဲ့ပုံစံနဲ့ ထပ်တူဖြစ်နေပြီး၊ (၂၀၀၄)ခုနှစ်တုန်းက ဖခင်ရဲ့ဆံပင်ရှည်ပုံစံနဲ့ တစ်ထပ်တည်းဖြစ်နေပါတယ်။ သားလတ်ရိုမီယိုကတော့ (၁၉၉၇)ခုနှစ်က ငယ်မူငယ်သွေးအပြည့်နဲ့ ဘက်ခမ်းနဲ့ တစ်ထပ်တည်းတူနေတာပါ။ သားငယ် ခရုဇ်ကတော့ (၂၀၀၆)ခုနှစ်က ဘက်ခမ်းရဲ့ မှုန်တေတေ မျက်နှာပေးနဲ့ သွားတူနေပါတယ်။

Instagram/DavidBeckham
Instagram/DavidBeckham
Instagram/DavidBeckham
Instagram/DavidBeckham

နှစ်သစ်ကူးညမှာ ဘရွတ်ကလင်းက သူရဲ့ ချစ်သူအသစ် အမေရိကန်မင်းသမီး Nicola Peltz ကို အိမ်အထိ ဖိတ်ခေါ်ခဲ့ပါတယ်။ သူတို့မိသားစုဟာ နှစ်သစ်ကူးညမှာ သီချင်းတကျော်ကျော်နဲ့ ရှန်ပိန်လေးသောက်လိုက်၊ ဆိုလိုက်ကလိုက်နဲ့ ပျော်ပျော်ပါးပါး ဖြတ်သန်းခဲ့ကြပါတယ်။ ဒေးဗစ်ဘက်ခမ်းကတော့ သူ့အချစ်တော်သမီးလေးကို ပခုံးမှာထမ်းပြီး ရီဝေဝေနဲ့ သီချင်းဆိုနေတာကို တွေ့ရပါတယ်။

Instagram_BrooklynBeckham

နောက်ခံသီချင်းကတော့ Beach Boy ရဲ့ ဂန္ထဝင်သီးချင်းတွေကို ဖွင့်ထားတာဖြစ်ပြီး၊ သူတို့နဲ့အတူ အထူးဖိတ်ကြားထားတဲ့ ဧည့်သည်တော်တွေလည်း နှစ်သစ်ကူးညကို ပျော်ပျော်ပါးပါး ဖြတ်သန်းခဲ့ကြပါတယ်။ အင်္ဂလန်နဲ့ မန်ချက်စတာယူနိုက်တက်ဂန္ထဝင် ဒေးဗစ်ဘက်ခမ်းကတော့ ကစားသမားဘဝကနေ အနားယူပြီးပေမယ့် ပြင်ပ ပုဂ္ဂလိကဘဝမှာ ထင်ပေါ်ကျော်ကြားနေဆဲပါ။

လင်းသုတ

SHARE