ယာဉ်မောင်းခွင့် ပိတ်ပင်ခံထားရလို့ သားအကြီဆုံးကို အားကိုးနေရတဲ့ ဘက်ခမ်း

အင်္ဂလန်နိုင်ငံမှာ ယာဉ်မောင်းခွင့် ပိတ်ပင်ခံထားရတဲ့ ဘက်ခမ်းတစ်ယောက် လတ်တလောမှာ သူဖြစ်သူ ဘရွတ်ကလင်းကိုပဲ အားကိုးနေရကြောင်း နီးစပ်ရာတွေရဲ့ ဖော်ပြမှုတွေအရ သိရပါတယ်။

The Sun

ပြီးခဲ့တဲ့ စနေနေ့က သားအကြီးဖြစ်သူရဲ့ ပေါင် ၇ သောင်းတန်  Land Rover ငွေရောင်ကားနဲ့ ၀င်ဘာလေ အားကစားကွင်းကနေ ထွက်ခွာသွားတာကို တွေ့ခဲ့ကြပါတယ်။

The Sun

အသက် ၄၄ နှစ်အရွယ် ဘက်ခမ်းဟာ သူရဲ့ အသင်း Salford City အသင်း AFC Fylde အသင်းနဲ့ ကစားတဲ့ပွဲကို သွားရောက်ကြည့်ရှုခဲ့တာဖြစ်ပါတယ်။ သူ့အသင်းက အဲ့ဒီ့ပွဲမှာ သုံးဂိုးပြတ်နဲ့ အနိုင်ရခဲ့တယ်။

Twitter

အင်္ဂလန် ကြယ်ပွင့်ဟောင်းက ကားမောင်းရင် ဖုန်းသုံးနေခဲ့တာကြောင့် ပြီးခဲ့တဲ့ (၉.၅.၂၀၁၉)ရက်နေ့က ယာဉ်မောင်းဖွင့် ပိတ်ပင်ခံရပါတယ်။ ဒါကြောင့်နဲ့ ဘရွတ်ကလင်းကိုပဲ အားကိုးခဲ့ရပါတယ်။ ဘက်ခမ်းဟာ Salford City အသင်းကို ဂယ်ရီ နဗီးလ်၊ ဖေးလ် နဗီးလ်၊ ရိုင်ယန် ဂစ်၊ နစ်ကီ ဘတ်တို့နဲ့ အတူ ရင်းနှီးမြှုပ်နှံ့ထားတာ ဖြစ်ပါတယ်။

READ
ဒေါ်လာသန်းနဲ့ချီ ပေါက်ဈေးရှိနေတဲ့အမေရိကားရဲ့ ရှေးအကျဆုံးသစ်လုံးအိမ်ကြီး
PA

ဘက်ခမ်းက သူလုပ်ရပ်ကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာမှာ ၀န်ခံခဲ့ပြီးတဲ့နောက် အခုလောလောဆယ်မှာ ယာဉ်မောင်းခွင့် ၆ လ ပိတ်ပင်ခံနေရပြီး ဒဏ်ငွေ ပေါင် ၇၅၀ ပေးဆောင်ခဲ့ရပါတယ်။

Ref: The Sun

Matthew (ShweMOM)

 

SHARE