ထူးထူးဆန်းဆန်း ကုန်ပစ္စည်းတစ်မျိုးကို ထုတ်လုပ်ရောင်းချတော့မယ့် David Beckham

[email protected]

လက်ရှိအချိန်ဟာ COVID 19 ကပ်ရောဂါဖြစ်နေတဲ့အချိန်ဖြစ်တာကြောင့် လူတိုင်းနီးပါး အိမ်မှာပဲနေနေကြရပါတယ်။ အိမ်မှာပဲ နေနေရတာ အရမ်းကို ပျင်းဖို့ကောင်းပေမယ့် တစ်ဖက်ကကြည့်မယ်ဆိုရင်လည်း ဒီလိုအချိန်မျိုးဟာ ကိုယ်ဘာကိုဝါသနာပါသလဲဆိုတဲ့ ကိုယ့်ကိုယ်ကို ကောင်းကောင်းကြီး ဆန်းစစ်နိုင်မယ့်အချိန်ဖြစ်ပါတယ်။ အခုလည်း အင်္ဂလန်နိုင်ငံရဲ့ လက်ရွေးစင်ဘောလုံးသမားဟောင်းကြီး David Beckham ကတော့ Lockdown ကာလအတွင်း အိမ်မှာ ပျားတွေမွေးနေပြီး မကြာခင်အချိန်အတွင်းမှာ ကိုယ်ပိုင် အမှတ်တံဆိပ်နဲ့ ပျားရည်ကို ထုတ်လုပ်ရောင်းချတော့မှာဖြစ်ကြောင်း The Sun သတင်းစာရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

 

Beckham ဟာ Lockdown ကာလအစကတည်းက အင်္ဂလန်နိုင်ငံရှိ Cotswolds မြို့ရှိ သူ့ရဲ့ စံအိမ်တော်ကြီးမှာပဲ မိသားစုလိုက် အတူတူ နေနေခဲ့တာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အိမ်မှာပဲ နေနေရတာ ပျင်းတာကြောင့် Beckham ကြီးဟာ Lockdown ကာအတွင်း အိမ်နောက်က ခြံကြီးထဲမှာ ပျားမွေးတဲ့ အလုပ်ကို လုပ်ကိုင်ခဲ့ပါတယ်။ အစပိုင်းမှာတော့ ဒီအလုပ်ကို အကြောင်းပြချက်မရှိပဲ လုပ်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ဒီအလုပ်ကို တစ်ဖြည်းဖြည်း စိတ်ဝင်စားလာခဲ့ပြီး ဝါသနာပါတဲ့ အလုပ် ဖြစ်လာခဲ့ပါတယ်။ သူ့ရဲ့ သားသမီးတွေကလည်း တစ်ခါတစ်လေ Beckham ကြီးရဲ့ ပျားမွေးတဲ့အလုပ်ကို ဝိုင်းဝန်းကူညီပေးကြပြီး မကြာခင်အချိန်အတွင်းမှာလည်း Beckham ကတော့ ကိုယ်ပိုင်အမှတ်တံဆိပ်နဲ့ ပျားရည်ကို ထုတ်လုပ်ရောင်းချတော့မှာဖြစ်ကြောင်း သိရှိရပါတယ်။

READ
နှစ်ပေါင်း (၃၅)နှစ်ကြာမှ ဦးခေါင်းက အကြိတ်ကြီးကို ကုသခွင့်ရခဲ့တဲ့ ထိုင်းအမျိုးသား

 

Instagram-@davidbeckham

“ကျွန်တော် ဒီအလုပ်လုပ်ရတာ တော်တော်လေးကို ပျော်ရွှင်ရပါတယ်။ အစကတော့ ဒီအတိုင်း စမ်းသပ်ပြီး လုပ်ခဲ့ချင်ပေမယ့် နောက်ပိုင်းမှာတော့ ဒီအလုပ်ဟာ ကျွန်တော်တစ်ကယ်စိတ်ဝင်စားပြီး ဝါသနာပါတဲ့အလုပ်မှန်း သိလာခဲ့ရပါတယ်။ ကိုယ်ပိုင် အမှတ်တံဆိပ်နဲ့ ပျားရည်ထုတ်လုပ်ရောင်းချတယ်ဆိုတာကလည်း ကျွန်တော့် အနေနဲ့ ပိုက်ဆံလိုချင်လို့ မဟုတ်ပါဘူး။ ကျွန်တော်ကိုယ်တိုင် သေသေချာချာ ပြုလုပ်စီမံထားတဲ့ သဘာဝပျားရည်စစ်စစ်ကို မြည်းစမ်းကြည့်စေချင်လို့ပါ။ ကျိန်းသေတာကတော့ ဒီအလုပ်လုပ်နေရရင် လူကအလိုလို စိတ်တက်ကြွနေတတ်ပါတယ်”လို့ David Beckham က ပြောကြားခဲ့ပါတယ်။

READ
ISIS တွေမကျရှုံးသေးသရွှေ့၊ အိမ်မပြန်ဘူးလို့ ဆိုလာတဲ့ ဘဏ်လုပ်ငန်းရှင်ဟောင်း စစ်သားကြီး
Instagram-@davidbeckham

Pyi Hein Kyaw

SHARE