David Beckham ကို ရှုးရှုးရှဲရှဲဖြစ်ရလောက်တဲ့ထိ အတည်ပေါက်နောက်ခဲ့တဲ့ ဟာသမင်းသား

ဟာသမင်းသား James Corden ရဲ့ ကျီစားမှုကြောင့် Beckham တစ်ယောက် အခိုးတွေ ထောင်းထောင်းခဲ့ရပါတယ်။ အကြောင်းကတော့ David ရဲ့ ပုံတူရုပ်ထု အလွဲကြီးကြောင့်ပါ။

CBS/ BACKGRID

ပြီးခဲ့တဲ့ တနင်္လာနေ့ The Late Late Show မှာ ထုတ်လွှင့်ခဲ့တဲ့ ရုပ်သံမှာတော့ အသက် (၄၃) နှစ်အရွယ် ဘောလုံးသမားဟောင်းဟာ သူရဲ့ ပုံတူရုပ်တုကိုတွေ့ပြီးတဲ့နောက်မှာ မှင်သက်ရမယ့် အစား စိတ်ကသိအောက် ဖြစ်ခဲ့ရပြီး ရိုက်ကူးရေးအဖွဲ့ကိုတောင် ရိုက်နေတာ ရပ်ခိုင်းလိုက်တဲ့ အထိပါပဲ။

CBS/ BACKGRID
CBS/ BACKGRID

ဒါကို စီစဉ်ခဲ့တဲ့ James  ဟာ ဘောလုံးအကျော်အမော်ရဲ့ ဒေါပွနေပုံကြောင့် သဘောကျနေခဲ့ပြီး ရယ်သံတွေ မပါသွားအောင် ရိုက်ကူးရေးပြုလုပ်ရာ ဘေးအပြင်ကနေ ကြည့်နေခဲ့ပါတယ်။

USA today sports

မတ်လ အစောပိုင်းတုန်းက LA Galaxy အသင်းဟာ သူတို့ရဲ့ ၂၀၁၉ ဘောလုံးရာသီ အဖွင့်ပွဲစဉ်ကို David Beckham အား ဂုဏ်ပြုတဲ့အခမ်းအနားနဲ့ စတင်ခဲ့ကြပါတယ်။ အဲ့ဒီ အခမ်းအနားမှာ သူ့ရဲ့ ပုံတူရုပ်ထုအစစ်ကို ထုတ်ဖော်ပြသပြီး ဂုဏ်ပြုခဲ့ကြတာပါ။

READ
ခင်ပွန်းသည်ရဲ့ကြောက်မယ်ဖွယ်ငယ်ပါကိုမြင်ပြီး ပုလင်းနဲ့ထုခဲ့လို့နဖူးကွဲခဲ့ရတဲ့သတို့သား

James ရဲ့ တကယ်ကို ဟာသမြောက်တဲ့ စိတ်ကူးအတိုင်း အစီအစဉ်တင်ဆက်သူက ရုပ်တုအစစ်ကို အခုလိုမဖော်ပြခင် တစ်ပတ်အလိုကတည်းက အတုတစ်ခု လဲထားခဲ့ပါတယ်။ ဒေးဗစ်က မေးစေ့နဲ့ တင်းပါးတွေဟာ သိပ်ကြီးလွန်းနေတယ်ဆိုပြီး ပြောတယ်လို့ အစီအစဉ်မှူးကလည်း နောက်ပြောင်ခဲ့တယ်လို့ သိရတယ်။

CBS/ BACKGRID
CBS/ BACKGRID

James ရဲ့ နောက်ပြောင်ကျီးစယ်မှုမှာ LA Galaxy အသင်း ဥက္ကဌနဲ့ အသင်းဖော်ဟောင်း Chris Klein တို့လည်း ပါဝင်ခဲ့ပြီး  လန်ဒန်မြို့ဖွား ဘောလုံးသမားရဲ့ ကစားသမားဘ၀ တစ်လျှောက် ဟိုက်လိုက်တွေပြရမယ့် နေရမှာလည်း သူရဲ့ အဆိုးရွားဆုံး ပွဲစဉ်တွေကိုသာ ပြသခဲ့တယ်။ ဒါတွေကြောင့် David လည်းအခုလို စိတ်ပျက် ဒေါသဖြစ်ရတာလည်း မဆန်းဘူး။

CBS/ BACKGRID
CBS/ BACKGRID
CBS/ BACKGRID

ရုပ်တုက ပေါက်ကွဲချင်ရင်လည်း ပေါက်ကွဲစရာပါပဲ။ မေးစေ့ ငေါငေါ၊ သွားသုံးချောင်းနဲ့ ကျောဘက်က အစိတ်ပိုင်းကိုလည်း မတော်တရော်ကြီးဖြစ်အောင် လုပ်ထားပါတယ်။

CBS/ BACKGRID

ဒေါသတကြီး ဖြစ်နေတဲ့ David ဟာ ဒါ သူ နောက်ဆုံး ချီကာဂိုမြို့မှာ နောက်ဆုံးတွေ့ခဲ့တုန်းကနဲ့ တခြားစီပဲလို့ အော်ဟစ်နေခဲ့တယ်။ အဲ့ဒီ့နောက် ပိုပို ခက်ထန်လာပြီး ရိုက်ကူးနေတာကိုပါ ရပ်ပစ်ခိုင်းခဲ့တယ်။ အဲ့ဒီ့နောက် သူ့ဇနီးကလည်း ဒီကို လာနေပြီဖြစ်ကြောင်း၊ ကလေးတွေ မလိုက်လာတာ ကံကောင်းကြောင်း၊ တကယ်လို့များ ဒါကို သူတို့လေးတွေ မြင်သွားခဲ့ရင် ငိုယိုကုန်လိမ့်မယ်လို့ မကျေမနပ်ပြောခဲ့ပါတယ်။

READ
သူ့ဘဲရှေ့မှာဆက်စီကနေတဲ့အကမယ်ကို ပညာဝင်ပြတဲ့ချစ်သူကောင်မလေး
CBS/ BACKGRID
CBS/ BACKGRID

ခင်ဗျားတို့ကို ဘယ်လိုနည်းနဲ့မှ မကျေမနပ်မဖြစ်ချင်ဘူး၊ ဒါပေမယ့် ဒါက ကျုပ်အတွက် ကြီးကျယ်တဲ့ အရာတစ်ခုပဲ။ တကယ်ကို ကသိကအောက်ဖြစ်စရာပဲလို့ စတူဒီယိုထဲက ထွက်ဖို့မလုပ်ခင် David က ရှင်းပြသွားခဲ့ပါတယ်။

CBS/ BACKGRID
CBS/ BACKGRID
CBS/ BACKGRID

ဒါပေမယ့် အဲ့ဒီရုပ်ထုကြီးက ခဏနေတော့ ဘူဒိုဇာနဲ့ ဖျက်စီးလိုက်ကြတယ်။ ဟာသမင်းသား James က ရိုက်ကူးရေး ဆက်တင်ပေါ်ကို ၀င်လာတော့မှ  David လည်း စိတ်သက်သာရာရပြီး ပြုံးနိုင်တော့တယ်။ အဲ့ဒီ့နောက် David Beckham ကို ကျေးဇူးအထူးတင်ကြောင်းလည်း ပြောဆိုခဲ့ကြတာကို ဗီဒီယိုရဲ့ အဆုံးမှာ တွေ့ရမှာပါ။

instagram

Source: Dailymail
Matthew (ShweMOM)
SHARE