Victoria ကို ဘာကြောင့် ချစ်မိသွားလဲဆိုတာ ဖွင့်ပြောလာတဲ့ David Beckham

Image:IG/David Beckham & Victoria

David Beckham နဲ့ Victoria  တို့ ကတော့ (၁၉၉၉)ခုနှစ် ဇူလိုင် (၄)ရက်နေ့က လက်ထပ်ခဲ့ကြတာပါ။ အခုဆိုရင် တော့ မင်္ဂလာ သက်တမ်း (၂၁)နှစ်ရှိခဲ့ပါပြီ။ နာမည်ကြီး ဆယ်လီစုံတွဲတွေထဲမှာဆိုရင်တော့ (၂၁) နှစ် လောက် အိမ်ထောင်သက်ခံတဲ့ စုံတွဲက  တော်တော်လေး ရှားပါတယ်။ အိမ်ထောင်သက်ကာလတစ်လျှောက်မှာတော့ လမ်းခွဲလိုက်ပြီဆိုတဲ့ ကောလာဟလတွေလည်း ထွက်ပေါ်ခဲ့ဖူးပေမယ့် အခုချိန်ထိ နှစ်ယောက်သား ရွှေလက်ခိုင်မြဲနေတုန်းပါ။ မင်္ဂလာသက် (၂၁)နှစ်ပြည့် မှာတော့ ဇနီး ဖြစ်သူကို ဘာကြောင့် ချစ်မိ သွားလဲ ဆိုတာ ပြန် ပြော ပြ ခဲ့ပါတယ်။ ဒီအကြောင်းကိုတော့ ယူကေသတင်းမီဒီယာ Daily Mail မှာ ဖော်ပြထားတာပါ။

Image:IG/David Beckham & Victoria

သူတို့ရဲ့ အချစ်က မြင်မြင် ချင်း အချစ် ပါလို့ နှစ်ယောက် လုံးက ဖွင့် ဟ ခဲ့ဖူးပါတယ်။ တွေ့ စ အချိန် တုန်းက Spice Girls အဖွဲ့ ၀င်  Victoria ကို မြင်ချိန် မှာ ဘာကြောင့် အရူးအမူး ဖြစ်ခဲ့ လဲ ဆိုတာကိုတော့ David Beckham က အခုလို ပြော ပြ ခဲ့ပါတယ်။ အဲ့ဒီတုန်းက Spice Girls ရဲ့ “Say You’ll Be There” သီချင်း MV  ကလည်း အရမ်း ပေါက် နေတဲ့ အချိန်ပါ။

Image:IG/David Beckham Victoria

အဲ့ဒီအထဲမှာ Victoria  က အနက်ရောက် အသားကပ် ၀တ်စုံ ကို ၀တ်ထား တာပါ။ “လွန် ခဲ့တဲ့ ၂၃ နှစ်က ပေါ့ ကျ တော် Gary Neville (Manchester United အသင်းဖော်) နဲ့ အတူ အခန်းထဲမှာ ထိုင်နေ တယ်။ အဲ့ဒီမှာပဲ သူ့ဘက်ကို ကျ တော် လှည့်ပြီး ..အဲ့ဒီအနက် ရောင် Catsuit နဲ့ ကောင် မ လေးကို ငါ ကြိုက်တယ် လို့ ပြော လိုက်တယ်။ ဘယ်သူက ထင်မှာလဲ အဲ့မိန်းကလေးနဲ့ပဲ အိမ်ထောင်သက် ၂၁ နှစ် ကလေး  ၄ ယောက် ရှိ နေပြီ။ ကျေးဇူး တင်ပါတယ်။ ပျော်စရာ မင်္ဂလာနှစ်ပတ်လည်လေးပါ ချစ်တယ် @victoriabeckham” ဆိုပြီး IG မှာ တင်ထားပါတယ်။

အနက်ရောင် ကိုယ်ကျပ်အင်္ကျီနဲ့ ကောင်မလေးက သူ့အတွက် ကြွေစရာလေး ဖြစ်နေခဲ့တာပါ။(၁၉၉၇)ခုနှစ်တုန်းက ဘောလုံး ရန်ပုံ ငွေ ပွဲတစ်ခု မှာ စဆုံ ခဲ့တာဖြစ်ပြီး Victoria ရဲ့ MV တွေ ကို ကြည့်ပြီး တည်းက ကြွေ နေခဲ့တာပါ။ အသက် (၄၆) နှစ်ရှိ နေတဲ့ Mrs Beckham ကလည်း “I do (လက်ထပ်တုန်းက ကတိသစ္စာဆိုတုန်းက သဘော တူ ကြောင်းပြောခဲ့တဲ့စကား) ဆိုတဲ့ စကား ကို ပြောပြီး အတူရှိခဲ့တာ ၂၁ နှစ် ရှိ ပြီလို့ မယုံ နိုင် သေးဘူး။ ကလေး ၄ ယောက်၊ ခွေး  ၄ ကောင် နဲ့ ပျော်စရာကောင်းနေပြီ။ နေ့တိုင်း ပိုချစ် သွားပါ့မယ်.. ” ဆိုပြီး ပြောခဲ့ပါတယ်။ သူတို့ စုံတွဲဟာ ဇူလိုင် (၄) (၁၉၉၉)တုန်းက  Luttrellstown Castle မှာ လက်ထပ်ပွဲ ဆင်နွှဲ ခဲ့တာပါ။ အခုဆိုရင် တော့ သား (၃)ယောက်၊ သမီးတစ်ယောက်နဲ့ ပျော်စရာ မိသားစုဘ၀လေးကို ပိုင်ဆိုင်နေပါပြီ။

#SHWEMOM

SHARE