မန်ယူမှာဗန်ဟားဆက်ရှိရင် အသင်းမှထွက်ခွာဖို့ရှိနေတဲ့ဒီဂီယာ

စက်တင်ဘာလတုန်းက ၄နှစ်စာချုပ်သက်တမ်းထက်တိုးခဲ့တဲ့ ဒီဂီယာဟာ ဗန်ဟားရဲ့လက်အောက်မှာ မပျော်မရွှင်ဖြစ်နေ
တယ်လို့သိရပါတယ်။ ဗန်ဟားနဲ့ဆက်ဆံရေးပိုင်းမှာလည်း သိပ်အဆင်မပြေဘူးလို့ Guardian သတင်းစာကဆိုပါတယ်။
အသက်၂၅နှစ်အရွယ် ဒီဂီယာဟာ အောင်မြင်မှုတွေကို ဆာလောင်နေပြီး အခြားနည်းပြတစ်ဦးဦးသာရောက်မလာပါက
အသင်းမှ ထွက်ခွာဖို့ရှိနေပါတယ်။

မန်ယူအသင်းဟာ မော်ရင်ဟိုနဲ့ အကြိုသဘောတူညီမှုရထားတယ်လို့ သတင်းထွက်နေပေမယ့် အခုထက်ထိအတည်ပြု
ထားခြင်းမရှိသေးပါဘူး။ ဒီဂီယာဟာ ချန်ပီယံလိဂ်မှာပါဝင်ကစားချင်နေတာဖြစ်ပြီး ချန်ပီယံလိဂ်ဆုဖလားကို အလိုရှိနေ
ကြောင်းသိရပါတယ်။

မန်ယူအသင်းရဲ့ပရိတ်သတ်တော်တော်များများကတော့ ဒီရာသီမှာ ဒီဂီယာနဲ့မာရှယ်ကို သနားပြီးရီးရဲလ်သာပြောင်းသွား
ကြပါတော့လို့ ပြောခဲ့ကြဖူးပါတယ်။ အသင်းမှာ ကြိုးစားလိုစိတ်ပျောက်ဆုံးနေပြီး မန်ယူအသင်းနဲ့တောင်မတူတော့ဘူးလို့
လည်း ကစားသမားဟောင်းပေါလ်စခိုးက မကြာခဏဝေဖန်ခဲ့ပါတယ်။ မန်ယူပရိတ်သတ်ကြီးေ၇ာ ဗန်ဟားကိုပိုလိုချင်လား
ဒီဂီယာကိုပိုလိုချင်လား?

Source:guardian

shwemom

SHARE