ဇနီးသည်နဲ့ ကွာရှင်းခွင့်ရဖို့ တရားရုံးကို ထူးထူးခြားခြားတောင်းဆိုခဲ့တဲ့ အမျိုးသား

HBO

အိမ်ထောင်ကွဲတာဟာ စိတ်ရှုပ်ထွေးစရာကောင်းပါတယ်။ တစ်ချို့ဆိုရင်လည်း ပစ္စည်းတွေ ခွဲဝေတဲ့အခါမှာ ကတောက်ကဆ ရန်ဖြစ်ပြီးမှ လမ်းခွဲကြရပါတယ်။ အခုဖော်ပြပေးမယ့် သတင်းတစ်ပုဒ်မှာလည်း ဆိုးဝါးတဲ့ အိမ်ထောင်ကွဲမှုအကြောင်းကို ladbible သတင်းကနေ တွေ့မြင်ရမှာ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ ကန်းဆတ်ပြည်နယ်မှာ အသက် (၄၀) အရွယ် ဒေးဗစ်အော့စ်ထရွမ်ဆိုသူ အမျိုးသားတစ်ဦး ရှိပါတယ်။ သူက သူ့ရဲ့ ဇနီးဟောင်း ဘရစ်ဂျစ်အော့စ်ထရွမ်နဲ့ ကွာရှင်းချင်နေပါတယ်။

ပုံမှန်ဆို ရှေ့နေတစ်ယောက်နဲ့ လုပ်ရိုးလုပ်စဉ်အတိုင်း ဆောင်ရွက်ရင် ပြီးနေပြီဖြစ်ပေမယ့် သူကတော့ မပြီးနိုင်သေးပါဘူး။ သူဟာ ထူးထူးဆန်းဆန်းပဲ ဇနီးဟောင်းနဲ့ ဓားချင်းယှဉ်ခုတ်ပြီး သူတို့အိမ်ထောင်ရေးကို ဖြေရှင်းမယ်လို့ ဆိုခဲ့တာပါ။ ဒါတင်မကသေးပါဘူး။ ဒီလိုဓားချင်းယှဉ်ခုတ်မယ့်အရေးကို တရားရုံးကသာ တကယ် ခွင့်ပြုသဘောတူခဲ့ရင် ဇနီးဟောင်းနဲ့ ဓားချင်းမယှဉ်ပြိုင်ခင် သူက အချိန် (၃) လလောက် လိုချင်တယ်လို့ ဆိုပါသေးတယ်။ အဓိကကတော့ ဂျပန် ကာတနနဲ့ ၀ါကီဇာရှီဓားတွေကို သူ့စိတ်တိုင်းကျ ပုံသွင်းပြုလုပ်ချင်လို့ ဖြစ်တယ်လို့လည်း ပြောပြခဲ့ပါတယ်။

READ
မောပန်းသမျှတွေ ခဏတာအတွင်း ပြေပျောက်သွားစေမယ့် အခွီဗွီဒီယိုဖိုင်
unsplash/Krys Amon

ဒေးဗစ်ဟာ တရားသူကြီးကိုလည်း “အခုထက်ထိ တစ်ယောက်နဲ့တစ်ယောက် ဓားနဲ့ယှဉ်ပြိုင်တိုက်ခိုက်တာဟာ အမေရိကန်မှာ မတားမြစ်ထားဘူး…” လို့လည်း ပြောခဲ့ပါသေးတယ်။ ပိုပြီး ရယ်စရာကောင်းတာက ဒေးဗစ်ဟာ သူ့ဇနီးဟောင်းရဲ့ ရှေ့နေ မက်သယူးဟက်ဒ်ဆန်ကိုပါ စိန်ခေါ်ခဲ့တာ ဖြစ်ပါတယ်။ ဒေးဗစ်က တကယ်လို့ သူ့ဇနီးဟောင်း ဘရစ်ဂျစ်ဟာ သူနဲ့ ဓားချင်းမယှဉ်ပြိုင်ချင်ဘူးဆိုရင်လည်း မက်သယူးကို ဘရစ်ဂျက်ဘက်က ချန်ပီယံအနေနဲ့ သတ်မှတ်ပြီး သူနဲ့ တိုက်ခိုက်နိုင်ကြောင်း ဆိုထားပါတယ်။

Casper Johansson

“တကယ်လို့ ဘရစ်ဂျစ်က သူ့ရှေ့နေ ဒေးဗစ်နဲ့ မပြိုင်စေချင်ဘူး တခြားလူခေါ်ခိုင်းပြီး ကျွန်တော်နဲ့ ဓားချင်းယှဉ်ခိုင်းမယ်ဆိုလည်း ရပါတယ်။ ကျွန်တော့် အထင်တော့ ဒေးဗစ်က ကျွန်တော်နဲ့ ဓားယှဉ်ခုတ်ချင်မယ်မထင်ဘူး။ သူက သွေးကြောင်တယ်…” လို့ ဒေးဗစ်က ပြောပါသေးတယ်။

မက်သယူးကတော့ ဓားယှဉ်ခုတ်တာက ထိခိုက်ဒဏ်ရာရနိုင်သလို အခန့်မသင့်ရင် လူ့အသက်အန္တရာယ်ရနိုင်တဲ့အတွက် မပြိုင်ဘူးလို့ ငြင်းဆိုခဲ့ပါတယ်။ တရားသူကြီးကတော့ နှစ်ဖက်စလုံးမှာ ပုံမှန်မဟုတ်တဲ့ အမှုအသွားအလာတွေဖြစ်တဲ့အတွက် တစ်စုံတစ်ရာ ပြန်လည်အဖြေပေးတာမျိုး မရှိသေးဘူးလို့တော့ သိရပါတယ်။

READ
ပျော်ရွှင်ဖွယ်မွေးနေ့လေးမှာ ကံဆိုးသွားတဲ့ ကောင်ကလေး

လင်းလင်း (ShweMom)

SHARE