Instagram မှာ six – pack ဓါတ်ပုံတင်ခဲ့တဲ့ ဖာဘရီဂတ်စ်ကို လှောင်ပြောင်ခဲ့တဲ့ ဒေးဗစ်ဗီလာ

ဖာဘရီဂတ်စ်က Instagram မှာ သူ့ရဲ့ six pack ကို တင်လိုက်တော့ အသင်းဟောင်းမှာ အတူတူကစားခဲ့ကြသူဖြစ်ပြီး ပြောင်ချင်နောက်ချင်တဲ့ ဆန္ဒဖြစ်လာပုံရတဲ့ ဗီလာဟာ ” ကောင်လေး အ၀တ် ၀တ်လိုက်ပြီး အသက်ကို အရင်ရှုလိုက်ပါဦး ” လှောင်ခဲ့တာဖြစ်ပါတယ်။

cesc-fabregas

ဒီကစားသမားနှစ်ယောက်ဟာ ဘာစီလိုနာအသင်းမှာ အတွဲညီညီကစားခဲ့ကြပြီး နိုင်ငံအသင်း ဖြစ်တဲ့ စပိန်မှာလည်း တူတူကစားခဲ့ကြသူတွေဖြစ်ပါတယ်။၂၀၁၀ စပိန်အသင်း ကမ္ဘာ့ဖလားရခဲ့တဲ့နှစ်မှာ သူတို့နှစ်ယောက် အကောင်းဆုံး ကစားနိုင်ခဲ့ကြပါတယ်။ဒါပေမဲ့ ဖာဘရီဂတ်စ်ကတော့ ကမ္ဘာ့ဖလား ဖိုင်နယ်ပွဲစဉ်ဖြစ်တဲ့ ဟော်လန်အသင်းနဲ့ပွဲမှာ ပွဲကြည့်စင်မှာသာထိုင်ခဲ့ရတာဖြစ်ပါတယ်။

၂၉ နှစ်အရွယ် ဖာဘရီဂတ်စ်ဟာ ဒီရာသီမှာချဲဆီးလ်အသင်းအတွက် ၅ ကြိမ်သာ ပါဝင်ကစားထားရတာဖြစ်ပြီး နှစ်ကုန်ရင် အသင်းပြောင်းရွှေ့မယ်လို့ သတင်းထွက်နေပါတယ်။ဒါပေမဲ့ ဖာဘရီဂတ်စ်ဟာ ပရီးမီယားလိဂ်ဂိုး ၁၀၀ ပေးပို့သူအဖြစ် ၄ ယောက်မြောက်ဖြစ်လာခဲ့ပြီး စတုတ်ကို ၄-၂ နဲ့ အနိုင်ကစားနိုင်ခဲ့တဲ့ ပွဲစဉ်မှာ စံချိန်တင်ခဲ့တာဖြစ်ပါတယ်။ပထမဆုံး ပရီးမီယားလိဂ်ဂိုး ၁၀၀ ပေးပို့သူအဖြစ်စံချိန်သစ်ခဲ့သူကတော့ ရိုင်ယန်ဂစ်ဖြစ်ပြီး ၃၆၇ ပွဲမှာ စံချိန်တင်ခဲ့တာဖြစ်ပြီးတော့ ဖာဘရီဂတ်စ်ကတော့ ၂၉၃ ပွဲမှာ စံချိန်တင်ခဲ့တာဖြစ်ပါတယ်။

READ
(၂၈-၃-၁၈) အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

Lumos (Shwemom)

Ref : The Sun

SHARE