ပြီးခဲ့တဲ့ စနေနေ့တုန်း(၂၂.၈.၂၀၂၀)က အွန်လိုင်းပေါ်မှာ DC FanDome ပွဲကို ကျင်းပခဲ့ပါတယ်။ အဲဒီမှာတော့ မကြာခင်မှာ ပြသဖို့ရှိနေတဲ့ DC superhero ရုပ်ရှင်ကားတွေနဲ့ ဂိမ်းတွေအကုန်လုံးကို ကြေငြာပေးခဲ့ပါတယ်။ ဒီတော့ ဘယ်ရုပ်ရှင်တွေဖြစ်မလဲဆိုတာ ကြည့်လိုက်ကြရအောင်။
Wonder Woman 1984
ပထမဆုံးသော DC FanDome က ကြေငြာခဲ့တဲ့ ရုပ်ရှင်ကားပဲဖြစ်ပါတယ်။ အမျိုးသမီး superhero နဲ့ ပွဲဦး ထုတ်မှာပေါ့။ Wonder Woman 1984 ထဲမှာတော့ DC ရုပ်ရှင်တွေထဲ တစ်ခါမှမမြင်ဖူးတဲ့ ဗီလိန်ဇာတ်ကောင် Cheetah လည်း ပါလာဦးမှာဆိုတော့ တော်တော်လေးကို စိတ်ဝင်စားဖို့ကောငာ်းနေပါတယ်။ ရုံတင်ပြသမယ့်ရက်ကိုတော့ အောက်တိုဘာလ ၂ ရက်နေ့လို့ ပြောထားပါတယ်။
The Flash
အစကတော့ ကိုဗစ်ကြောင့် ရိုက်ကူးရေးအပိုင်းတွေမှာ အနှောက်အယှက်တွေဖြစ်နေလို့ The Flash ဇာတ်လမ်းတွဲကို season 6 မှာပဲ ရပ်ပစ်မယ်လို့ လုပ်ခဲ့ပေမယ့် နောက်နှစ်ထဲ ပြသနိုင်ဖို့အတွက် season 7 ကို ရိုက်တော့မှာ သေချာနေပါပြီဆိုပြီး အတည်ပြုခဲ့ပါတယ်။
Gotham Knights
ဒါကတော့ game ပါ။ Gotham Knights နာမည်နဲ့ နောက်နှစ်ထဲမှာ ထုတ်သွားဖို့ရှိနေပါတယ်။ ပုံစံကတော့ Batman သေဆုံးပြီးနောက် Gotham မြို့ကို ဒုစရိုက်မှုနဲ့ ဘေးအန္တရာယ်တွေကနေ ကယ်ဆယ်ပေးဖို့အတွက် Batgirl, Robin, Nightwing နဲ့ Redhood တို့က အလုံးစုံတာဝန်ယူရတာမျိုးပါ။ Trailer ကြည့်ရသလောက်တော့ visual တွေက ကျွတ်ဆင်ကြီးတွေပဲ။
The Suicide Squad
၂၀၁၆ ခုနှစ်တုန်းက ထွက်ခဲ့တဲ့ Suicide Squad ကို James Gunn အနေနဲ့ soft reboot ပြန်ရိုက်မယ်လို့ပြောတုန်းက အကုန်လုံးပဲ အံ့အားသင့်ခဲ့ရပါတယ်။ ဒီကားကိုတော့ ၂၀၂၁ သြဂုတ်လ ၆ ရက်နေ့မှာ ရုံတင်ပြသသွားမှာပါတဲ့။
Zack Synder’s Justice League
ကြေငြာခဲ့တဲ့ဇာတ်ကားတွေထဲ လူတွေရဲ့စိတ်ဝင်စားမှုအခံရဆုံးသော ဇာတ်ကားတစ်ကားပါပဲ။ ၂၀၁၇ ခုနှစ်တုန်းက တစ်ကားထွက်ခဲ့ပြီး အခုချိန်ထိ ဘာမှကို အသံမကြားလာရတဲ့ Justice League ပေါ့နော်။ ဒီကားထဲမှာ Ben Affleck ကို Batman အဖြစ်ပဲပြန်လည်မြင်တွေ့ရဦးမှာဖြစ်ပေမယ့် ရုပ်ရှင်ကိုတော့ HBO Max မှာ exclusive အနေနဲ့ ၂၀၂၁ ထဲမှာ ပြသွားမှာပါတဲ့။ တစ်ပိုင်းကို တစ်နာရီကြာမယ့် အပိုင်း(၄)ပိုင်းခွဲ ပြသသွားမယ်လို့လည်း သိရပါတယ်။
The Batman
Robert Pattinson ရဲ့ ပထမဆုံး Batman ပါ။ အစကတော့ Robert Pattinson ကို Batman အဖြစ်ရွေးချယ်ခဲ့တဲ့အပေါ် ပရိတ်သတ်တွေဟာ ဝေဖန်မှုတွေပြင်းထန်ခဲ့ပေမယ့်လို့ အခု trailer လည်း ထွက်ပြီးရော ချီးကျူးနေတဲ့လူတွေတောင် ရှိနေပါပြီတဲ့လေ။ သူ့ကိုတော့ ၂၀၂၁ ခုနှစ်ရဲ့ အောက်တိုဘာလ ၂၁ ရက်နေ့မှာ ရုံတင်ပြသသွားမှာပါတဲ့။
Robert Pattinson is #TheBatman. Watch the #DCFandome Teaser Trailer now. pic.twitter.com/vhRXE7YlCA
— The Batman (@TheBatman) August 23, 2020
Black Adam
မင်းသားကြီး Dwayne Johnson ရဲ့ ပထမဆုံး superhero ကားဖြစ်ပါတယ်။ Black Adam ဟာ အရင် DC ကထွက်ခဲ့တဲ့ Shazam ရုပ်ရှင်ကားနဲ့ ဆက်စပ်မှုရှိနေပြီးတော့ DC ရဲ့ ဇာတ်ကောင်တွေထဲ နာမည်ကြီးပြီး လူကြိုက်များတဲ့ character တစ်ခုပါ။ ရုံတင်ပြသမယ့်ရက်ကိုတော့ ၂၀၂၁ ဒီဇင်ဘာလ ၂၂ ရက်နေ့လို့သိထားရပါတယ်။
View this post on Instagram
Suicide Squad : Kill The Justice League
၂၀၂၂ ခုနှစ်မှာ ထွက်ရှိလာမယ့် ဂိမ်းအသစ်ပါ။ နာမည်ကျော် Batman : Arkham စီးရီး ဂိမ်းတွေကို ဖန်တီးခဲ့တဲ့ Rocksteady ကုမ္ပဏီက တာဝန်ယူ ဖန်တီးသွားမှာလည်း ဖြစ်ပါတယ်။ ထူးခြားချက် အနေနဲ့ကတော့ ဒီဂိမ်းမှာ Suicide Squad အဖွဲ့ဝင်တွေအဖြစ် ကစားပြီး Justice League အဖွဲ့က စူပါဟီးရိုးတွေနဲ့ တိုက်ခိုက်ရမှာလည်း ဖြစ်ပါတယ်။
penny