နှစ်သစ်ကူးပိတ်ရက်မှာ အိမ်မှာပဲ နားနေနေမယ့်ပရိတ်သတ်ကြီးအတွက် ဒီတစ်ခေါက် ညွှန်းပေးချင်တာကတော့ DC superhero တွေရဲ့ အကြောင်းကို နားလည်အောင်လို့ ဘယ်လိုရုပ်ရှင်ကားတွေကို အစီအစဉ်အလိုက် ဘယ်လိုမျိုး ကြည့်ကြမလဲဆိုတာကို ညွှန်းပေးချင်တာပါ။ Batman အနေနနဲ့ကတော့ မင်းသား Ben Affleck ကလည်းကောင်း၊ Superman ကိုတော့ မင်းသား Henry Cavill ကလည်းကောင်း၊ Wonder Woman ကိုတော့ မင်းသမီး Gal Gadot ကလည်းကောင်းနဲ့ Jason Momoa ကတော့ Aquaman အဖြစ်နဲ့ Ezra Miller ကတော့ Flash အဖြစ် သရုပ်ဆောင်ထားတဲ့ Zack Synder ရဲ့ DC superhero တွေအကြောင်းကို ပြောပြပေးသွားမှာပါ။ အဓိကကတော့ Justice League အကြောင်းပါပဲ။
(၁) Wonder Woman
သိကြတဲ့အတိုင်း Wonder Woman ခေါ် Diana Prince ဆိုတာ Amazon လူမျိုးဖြစ်တဲ့အတွက် နားလည်လွယ်အောင်ပြောရရင် မအိုဘူးပေါ့လေ။ ဒီတော့ ၂၀၁၇ ခုနှစ်တုန်းကထွက်ခဲ့တဲ့ Wonder Woman ကိုတော့ ဦးဆုံးကြည့်ရမှာပါပဲ။
(၂) Wonder Woman 1984
၂၀၂၀ ရဲ့ ခရစ်စမတ်နေ့မှာပဲ ထွက်လာခဲ့တဲ့ Wonder Woman 1984 ကတော့ DC universe ခုနှစ်နဲ့ကြည့်မယ်ဆိုရင် ဒုတိယမြောက်ကားပါ။ ဒီကားထဲမှာတော့ လူ့လောကထဲ အံဝင်ခွင်ကျဖြစ်အောင် နေနေတဲ့ Diana Prince ဖက်အခြမ်းကို မြင်တွေ့ရမှာဖြစ်ပါတယ်။
(၃) Man of Steel
Man of Steel ကတော့ အားလုံးသိကြတဲ့အတိုင်း Henry Cavill ရဲ့ ပထမဆုံးသော Superman ကားဖြစ်ပါတယ်။ Superman ရဲ့ ဖြစ်တည်မှုအစပေါ့။
(၄) Batman Vs. Superman: Dawn of Justice
Man of Steel ထဲ Superman ကြောင့် Metropolis မြို့ကြီးအကုန်လုံး ပျက်ဆီးသွားတာကို ပထမဆုံးမြင်တွေ့ခဲ့ရတဲ့ Batman တစ်ယောက် Superman ရဲ့ ဖြစ်တည်မှုကို မကျေမချမ်းဖြစ်လာတဲ့အပြင် Superman ကိုလည်းလူတွေအားလုံး အထင်မြင်လွဲမှားခဲ့တဲ့ ကာလပေါ့။ ဒီမှာ Wonder Woman နဲ့ သူတို့နှစ်ယောက် ပထမဆုံးစတွေ့ခဲ့တဲ့အပြင် Lex Luthor ကြောင့် တခြား superhero တွေလည်း ရှိနေသးပါလားဆိုပြီး Batman တစ်ယောက် စသိခဲ့ပါတယ်။ နောက် အနာဂတ်က Flash လည်း Batman ကို လာတွေ့ခဲ့တဲ့အချိန်ပေါ့။
(၅) Justice League
Batman Vs. Superman ထွက်ပြီး ၂ နှစ်အကြာမှ ထွက်လာခဲ့တာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀၀ ကျော်လောက်တုန်းက Steppenwolf တစ်ယောက် ပြန်ရောက်လာခဲ့ပြီး ကမ္ဘာကြီးကို ပြန်လည်ရယူဖို့ ကြိုးစားခဲ့တာပါ။ ဟိုးအရင်တုန်းကလည်း လူသားတွေ၊ Amazon လူမျိုးတွေ၊ Atlantean တွေနဲ့ Olympian God တွေပေါင်းပြီး Steppenwolf ကို အနိုင်ယူခဲ့တဲ့ကာ အခုမှာတော့ Justice League တွေက ကမ္ဘာကြီးကို ကာကွယ်ပေးရမယ့်အခန်းပေါ့။
(၆) Auqaman
Justice League ထဲ နောက်ဆုံးထွက်ထားခဲ့တဲ့ superhero film ပါပဲ။ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ ထွက်ထားခဲ့တာဖြစ်ပြီးတော့ Aquaman နေရာမှာတော့ Jason Momoa က သရုပ်ဆောင်ထားခဲ့ပါတယ်။ နောက် မင်းသမီး Amber Heard တို့၊ Conjuring မင်းသား Patrick Wilson တို့က ပါဝင်ထားခဲ့ပါသေးတယ်။ Aquaman ရဲ့ ဖြစ်တည်မှုအကုန်လုံးကို ဒီကားထဲမှာ စတွေ့ရမှာဖြစ်ပါတယ်။
နောက်ထပ်ကြည့်ချင်သေးတယ်ဆိုရင်တော့ Superman Vs. Superman ပြီးရင် Suicide Squad ကို ကြည့်နိုင်ပြီးတော့ Aquaman ပြီးရင် Shamam! နဲ့ Suicide Squad နဲ့ Birds of Prey တို့ကို ဆက်ကြည့်နိုင်ပါတယ်။ ၂၀၂၁ ထဲမှာလည်း Justice League The Synder Cut version နဲ့ Aquaman 2 တို့ထွက်လာဦးမှာပါ။
penny