သေသွားတဲ့နှစ်ချို့သစ်ပင်ကြီးကို ရှင်းပစ်ရမယ့်အစား စာကြည့်တိုက်ငယ်လေးတစ်ခု ဖန်တီးခဲ့သူ

ယနေ့ဂလိုဘယ်ခေတ်ကြီးမှာ အင်တာနက်က ဘယ်လောက်ပဲ လွှမ်းမိုးနေပါစေ၊ စာအုပ်စာပေတွေကတော့ လူသားမျိုးနွယ်အတွက် အသိပညာ ဗဟုသုတတွေ ရစေဖို့ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ အကျိုးပြုနေဆဲပါ။

Little Free Library ဆိုတဲ့ ပရဟိတအဖွဲ့အစည်းတစ်ခုက နိုင်ငံပေါင်း ၈၈ နိုင်ငံမှာ စာကြည့်တိုက်ငယ်ပေါင်း ၇သောင်းခွဲ တည်ဆောက်ပေးထားပါတယ်။ ဒီအထဲကမှ အိုင်ဒီယာအကောင်းဆုံး အလှဆုံးလို့ ဆိုရနိုင်မယ့် စာကြည့်တိုက်လေးကတော့ အမေရိကန်နိုင်ငံ အိုင်ဒါဟိုပြည်နယ်က မိသားစုတစ်စု တည်ဆောက်ထားတဲ့ သစ်ပင်စာကြည့်တိုက်လေးတစ်ခုပါ။

Sharalee Howard ကတော့ စာကြည့်တိုက်မှူးတစ်ယောက်ဖြစ်ပြီး စာအုပ်ချုပ်သမားပါ လုပ်ဖူးပါတယ်။ စာပေချစ်မြတ်နိုးသူ Sharalee တစ်ယောက်ကတော့ သူမ အိမ်ရှေ့က သေဆုံးသွားပြီဖြစ်တဲ့ နှစ် ၁၁၀ သက်တမ်းရှိ နှစ်ချို့ဝါဂွမ်းပင်ကြီးကို ဖြတ်ထုတ်ပစ်ရမယ့်အစား Little Free Library အဖွဲ့အစည်းက စာကြည့်တိုက် ဆောက်လို့ရအောင် အသုံးပြုစေခဲ့ပါတယ်။

READ
ရေသူထီးဘ၀ကိုအားကျလို့ ပေါင်တစ်ထောင်ကျော်အကုန်ခံပြီး ငါးအမြီးဝတ်စုံချုပ်ဝတ်ခဲ့သူ

“ဝါဂွမ်းပင်ရဲ့ ပျှမ်းမျှသက်တမ်းက နှစ် ၄၀ ကနေ ၅၀ လေ။ ဒီသစ်ပင်ကြီးတော့ ပုံမှန်သက်တမ်းထက် ၂ ဆ တောင်။ သစ်ပင်ကြီးက သေဆုံးသွားပြီး သစ်ကိုင်းတွေလည်း ကျိုးကျနေခဲ့လို့ လူတွေကိုတောင် အန္တရာယ်ဖြစ်စေနေခဲ့ပြီ” လို့ Sharalee က Bored Panda မီဒီယာကို ပြောပြခဲ့ပါတယ်။ သစ်ငုတ်ကြီးကိုတော့ အတွင်းဘက်မှာ ထွင်းပြီး စာကြည့်တိုက် လုပ်နိုင်ခဲ့ပါတယ်။ ပုံလေးတွေ ကြည့်လိုက်ပါဦး။

boredpanda
boredpanda
boredpanda
boredpanda
boredpanda
boredpanda
boredpanda
boredpanda

Ref: Bored Panda

SHARE