ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှုကို ကမ္ဘာ့အဆင့် အရေးပေါ်အခြေအနေအဖြစ် W.H.O ကြေညာ

Science Photo Library

WHO ရဲ့ အကြီးအကဲဖြစ်သူ Tedros Adhanom Ghebreyesus က လက်ရှိတရုတ်နိုင်ငံမှာ ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှုနဲ့ပတ်သက်ပြီး တစ်ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်အခြေအနေအဖြစ် ကြေညာလိုက်ပြီ ဖြစ်ပါတယ်။ ခုလို ကြေညာရတဲ့အကြောင်းရင်းကတော့ ဗိုင်းရပ်စ်ဟာ တရုတ်နိုင်ငံမှာသာမကပဲ တခြားနိုင်ငံတွေကိုပါ ကူးစက်ပြန့်နှံ့နေတဲ့အတွက်ကြောင့်ပါ။

ဗိုင်းရပ်စ်ဟာ ကျန်းမာရေးအခြေခံအားနည်းတဲ့ နိုင်ငံတွေမှာဖြစ်ပြီး ပိုဆိုးလာမှာကို WHO က စိုးရိမ်နေတာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံဆီ ခရီးမသွားဖို့လည်း ကမ္ဘာ့နိုင်ငံတွေကို တားမြစ်ထားတာ ဖြစ်ပါတယ်။ လက်ရှိ တရုတ်နိုင်ငံမှာ အနည်းဆုံး လူ (၂၁၃) ဦးသေဆုံးပြီး ဗိုင်းရပ်စ်ဖြစ်ပွားသူ လူ (၁) သောင်းနီးပါး ရှိနေတာပါ။

 

အခြားနိုင်ငံတွေမှာတော့ ၀ူဟန်ရောဂါဖြစ်ပွားသူ (၉၈) ဦးရှိနေပြီး လူအသေအပျောက်တော့ မရှိသေးဘူးလို့ သိရပါတယ်။ ကူးစက်သူအများစုဟာ ၀ူဟန်မြို့ကို ရောက်ခဲ့ပြီးသား လူတွေသာ ဖြစ်နေပါတယ်။ ဒါပေမယ့် ၀ူဟန်ဗိုင်းရပ်စ်ဟာ လူကနေလူဆီ ကူးစက်တဲ့ဖြစ်ရပ်မျိုးကိုလည်း ဂျာမနီ၊ ဂျပန်၊ ဗီယက်နမ်နဲ့ အမေရိကန်နိုင်ငံတွေမှာ တွေ့ရပါသေးတယ်။

READ
ဒုန်းကျည်သတိပေးသံကြားပြီးချိန်မှာ ဟာဝိုင်အီမှ Pornhubကြည့်ရှုသူ ၅၀%မြင့်တက်သွားခဲ့

ကိုရိုနာဗိုင်းရပ်စ်ဟာ လူတစ်ယောက်ကနေ တစ်ယောက်စီ ကူးစက်ဖို့ (၁၅) မိနစ်သာ ကြာတယ်လို့ သိရပါတယ်။ သြစတေးလျကျန်းမာရေးအဖွဲ့ကတော့ ဗိုင်းရပ်စ်ရှိနေသူနဲ့ (၁၅) မိနစ်ကြာ နီးနီးကပ်ကပ် ရှိခဲ့ရင် ဥပမာ မျက်နှာချင်းဆိုင် စကားပြောတာမျိုး ဒါမှမဟုတ် ဗိုင်းရပ်စ်ရှိနေသူနဲ့ အလုံပိတ်ထားတဲ့ အခန်းတစ်ခုထဲမှာ (၂) နာရီကြာရှိနေမယ်ဆိုရင်လည်း ဗိုင်းရပ်စ်ကူးစက်ခံရနိုင်ကြောင်း BBC သတင်းအရ သိရပါတယ်။

လင်းလင်း (ShweMom)

SHARE