ခင်ဗျားတို့တော့မသိဘူး ကျွန်တော်ကတော့ MCU ရုပ်ရှင်တွေထဲ Deadpool ကိုကြည့်ရတာ အကြိုက်ဆုံးပဲ။ ဘာလို့လဲဆိုတော့ သူက superhero ဆိုပေမယ့် superhero သိပ်မဆန်ဘဲ သဘာဝကျကျနဲ့ အပြောအဆိုတွေကအစ ပါနေလို့ပါပဲ။
View this post on Instagram
Ryan Reynolds ပါဝင်ထားခဲ့တဲ့ Deadpool ဟာ အခုဆိုရင် ၂ ကားတိတိ ထွက်ထားပြီးပါပြီ။ ၂၀၁၆ တုန်းကပထမကားနဲ့ ၂၀၁၈ မှာ ဒုတိယကားပေါ့။ အခုဆိုနောက်ဆုံးကားထွက်ထားခဲ့တာ (၂) နှစ်ကျော်တောင် ကြာနေပြီဆိုတော့ တတိယကားရော ဘယ်တော့ ထွက်မလဲဆိုပြီး ပရိတ်သတ်တွေရဲ့ မေးခွန်းတွေကို Marvel ရဲ့ CEO Kevin Feige ကိုယ်တိုင် အတည်ပြုလိုက်ခဲ့ပါပြီ။
နောက်ထပ်ဝမ်းသာစရာအချက်တစ်ခုကတော့ Deadpool အနေနေဲ့ အရှေ့မှာ ရုပ်ရှင် ၂ ကားသာထွက်ထားခဲ့တယ်၊ Marvel ရဲ့ ဒီဖက်က Avengers တွေနဲ့ ပူးပေါင်းထားခြင်းမရှိခဲ့ပါဘူး။ အခု တတိယကားထဲမှာတာ့ MCU အောက်မှာ ရှိသွားမှာပါတဲ့။
Full disclosure: I showed them Spiderman 1 & 2 and told them it was Deadpool 1 & 2. #Deadpool3 https://t.co/N0IGDbpBK0
— Ryan Reynolds (@VancityReynolds) January 11, 2021
ရိုက်ကူးရေးတွေကိုတော့ ၂၀၂၂ ခုနှစ်လောက်မှ မှန်းထားတယ်လို့လည်း ထည့်ပြောထားပါသေးတယ်။ R-rated ဂုဏ်ပုဒ်ကိုတော့ ဆက်လက်ထိန်းသိမ်းသွားမှာဖြစ်ပြီး script ကိုတော့ MCU CEO Kevin Feige ရဲ့ ညီမနှစ်ယောက်ဖြစ်တဲ့ Lizzie Molyneux-Loeglin နဲ့ Wendy Molyneux တို့က ရေးသွားမှာပါ။
penny