ကျွန်တော်တို့ရုပ်ရှင်ကားတွေ တော်တော်များများထဲ ဖုန်းပြောတဲ့အခန်းတွေဆို တလွဲတွေ ဖြစ်ဖြစ်နေတာမျိုး ကြည့်ဖူးကြမယ်ထင်ပါတယ်။ ဥပမာ ဖုန်းပြောနေတယ်ဆိုပြီး ဖုန်းခေါ်တဲ့ပုံစံမပြဘဲ wallpaper ပေါ်နေတာမျိုး၊ ဒါမှမဟုတ်လည်း ဖုန်းကို ပြောင်းပြန်ကြီး ကိုင်ထားတာမျိုးပေါ့။ အခုလည်း ဟောလိဝုဒ်လောကမှာ ဖုန်းကိုင်တဲ့ပုံစံကြောင့် ပရိတ်သတ်တွေရဲ့ လှောင်တာ ခံနေရတဲ့ အဆိုတော်တစ်ယောက်ရှိနေပါတယ်။
သူမကတော့ Gwen Stefani ပါ။ No Doubt အဖွဲ့ဝင်ဟောင်း Gwen Stefani အနေနဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းလောက်တုန်းက music video တစ်ခု အသစိထွက်လာခဲ့ပါတယ်။ Let Me Reintroduce Myself ဆိုတဲ့ သီချင်းရဲ့ music video ပါ။
View this post on Instagram
ဒီဗီဒီယိုထဲ Gwen အနေနဲ့ ဖုန်းပြောတဲ့ပုံစံမျိုး သရုပ်ဆောင်တဲ့အခန်းတစ်ခန်းပါနေခဲ့ပါတယ်။ အဲဒီမှာ ဇာတ်လမ်းစတာပါပဲ။ Gwen တစ်ယောက်ဖုန်းကိုင်ပြီး စကားပြောရာမှာ ဖုန်းကြီးကို အပေါ်အောက် ပြောင်းပြန်ကြီးကိုင်ထားခဲ့တာပါ။ ဖြစ်တတ်တဲ့ အလွဲတစ်ခုဆိုပေမယ့်လို့ ပရိတ်သတ်တွေရဲ့ ထင်မြင်ချက်တစ်ခုလည်း ရှိနေပါတယ်။

အဲဒါကတော့ ဖုန်းကိုလူစိတ်ဝင်စားအောင် တမင်ပြောင်းပြန်ကိုင်ပြခဲ့တာပါတဲ့။ ဖုန်းကတော့ Google ရဲ့ Pixels 5 ဖုန်းအမျိုးအစားပဲဖြစ်ပါတယ်။

အရင်တုန်းကလည်း Pixels 2 ထွက်တုန်းက John Legendနဲ့ ကြော်ငြာကြမ်းခဲ့တဲ့ဖြစ်ရပ်ဆစ်ခုလည်း ရှိခဲ့လို့ လူတွေက ဒီလိုထင်ကြေးပေးနေခဲ့ကြတာပါ။ John Legend နဲ့တုန်းကတော့ ပွဲမှာရိုက်ထားတဲ့ သူတို့ဇနီးမောင်နှံနှစ်ယောက်ပုံကို ပြန် share ပြီး Pixles ဖုန်းက ကင်မရာအရမ်းကောင်းတာပဲ။ မိန်းမရဲ့ အလှတွေကို ပိုပေါ်လွင်စေတယ်ဆိုပြီး အမွန်းတွေတင်ထားခဲ့တာပါ။
One small correction: that was a Google pixel 3. Hence the photo that captured the full brilliance and beauty of my wife and her outfit.
— John Legend (@johnlegend) January 5, 2019
Gwen ရဲ့ music video လေးကို ကြည့်လိုက်ကြပါဦး။
penny