အချင်းချင်း လက်ဟန်အမူအရာနဲ့ပဲ ဆက်သွယ်ပြောဆိုတဲ့ ခွေးကလေးနဲ့ သခင်အမျိုးသား

instagram/nickandemerson

ကမ္ဘာပေါ်က လူတိုင်းမှာ တိရစ္ဆာန်အဖော်တစ်ကောင်လောက်တော့ ရှိကြတယ်လို့ ဆိုပါတယ်။ ဒီအဆိုကိုထောက်ခံထားတဲ့ ဥပမာလေးတစ်ခုကိုတော့ worldofbuzz ကနေတဆင့် ခုလို သိရပါတယ်။ နားမကြားတဲ့ ခွေးလေးတစ်ကောင်ဟာ သခင်မရှိပဲ တိရစ္ဆာန်ဂေဟာမှာ နေလာပြီးတဲ့နောက် သူ့ကို ကြင်ကြင်နာနာနဲ့ မွေးမြူမယ့် သခင်နဲ့ တွေ့သွားခဲ့ပါပြီ။

ခွေးလေးရဲ့ အမည်က အမ်မာဆန်ဖြစ်ပါတယ်။ အမ်မာဆန်ဟာ သူ့ရဲ့ သခင်ဖြစ်လာမယ့် နစ်ခ်နဲ့ စတွေ့တွေ့ချင်းမှာတင် သံယောဇဉ်တွယ်ခဲ့တာပါ။ နစ်ခ်ဟာလည်း အကြားအာရုံချို့ယွင်းနေတဲ့ လူတစ်ဦးဖြစ်ပါတယ်။ နစ်ခ်က အမ်မာဆန်ကို (၆) လသားထဲက စပြီး မွေးစားခဲ့တာ ဖြစ်ပါတယ်။

https://www.instagram.com/p/Bx-T02Qgsod/?utm_source=ig_web_copy_link

အမ်မာဆန်ရော နစ်ခ်ပါ နားမကြားကြပေမယ့် တစ်ဦးနဲ့တစ်ဦး ဆက်သွယ်တဲ့အခါ အဆင်ပြေကြပါတယ်။ နစ်ခ်က အမ်မာဆန်ကို လက်ဟန်အနေအထားနဲ့ ဆက်သွယ်လို့ရအောင် သင်ပေးပါတယ်။ ခွေးလေး အမ်မာဆန်ဟာ အရင်တုန်းက လေငန်းဆွဲပြီး ဗိုင်းရပ်စ်ပိုးဝင်ဖူးပါတယ်။ နားလည်းမကြားတော့ သူ့ကို ဘယ်သူမှ မမွေးစားချင်ကြပါဘူး။

READ
တိရစ္ဆာန်ပေမယ့် ငွေရှာပြီး အိမ်ရာမဲ့တွေကို ထောက်ပံ့နေတဲ့ ကြောင်ကလေး

ဒီမှာတင်ပဲ အမ်မာဆန်ဟာ နစ်ခ်နဲ့ တွေ့ခဲ့တာပါ။ နစ်ခ်က အမ်မာဆန်ကို အိမ်ခေါ်ပြီး နေရာပေးတဲ့အပြင် ထိုင်တာ၊ လှဲတာ၊ သခင်ဆီလာဖို့ခေါ်တာ စတာတွေကို လက်ဟန်အမူအရာတွေနဲ့ပဲ သင်ပေးပါတယ်။ “တကယ်လို့ နစ်ခ်က နားရွက်ဖျားကို လှုပ်ပြရင် အမ်မာဆန်က လှမ်းဟောင်တယ်။ ချစ်စရာအရမ်းကောင်းတယ်..” လို့ နစ်ခ်ရဲ့မိခင်က ဆိုပါတယ်။

https://www.instagram.com/p/BxF1AidnVhj/?utm_source=ig_web_copy_link

အမ်မာဆန်ရဲ့ နစ်ခ်ဟာ တစ်ဦးနဲ့တစ်ဦး အပြန်အလှန်အကျိုးပြုနေသူတွေလည်း ဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ အင်စတာဂရမ်ပေါ်မှာလည်း follower (၃) သောင်းကျော်ရှိပြီး “I Picked Him: A Nick and Emerson Story”  အမည်ရတဲ့ ကလေးစာအုပ်တစ်အုပ်ကို ထုတ်ဝေခဲ့ကြောင်းလည်း သိရပါတယ်။

Amazon.Com

လင်းလင်း (ShweMom)

SHARE