
လက်ရှိအချိန်ဟာ COVID 19 ကပ်ရောဂါကြီး ဖြစ်ပွားနေတဲ့ အချိန်ဖြစ်တာကြောင့် ကမ္ဘာပေါ်မှာရှိတဲ့ စီးပွားရေးလုပ်ငန်းတိုင်း အနည်းနဲ့ အများ နစ်နာဆုံးရှုံးရတာတွေချည်းပါပဲ။ ဒီလိုမျိုး စီးပွားရေးလုပ်ငန်းတွေ အကြပ်အတည်းဖြစ်တဲ့ အချိန်မှာ WWE နပန်းပွဲတွေလည်း ပါဝင်ခဲ့ပါတယ်။ ဒါ့ကြောင့်လည်း ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်အတွင်းထဲမှာ WWE က တာဝန်ရှိသူတွေဟာ ကုန်ကျမှုစရိတ်တွေ လျှော့ကျအောင်လို့ နပန်းကစားသမားတော်တော်များများကို အလုပ်ထုတ်ခဲ့ရပါတယ်။ ဒီလိုမျိုး အအထုတ်ခံခဲ့ရတဲ့ အထဲမှာ The Shield အဖွဲ့ရဲ့ နာမည်ကျော် နပန်းသမားတစ်ယောက်ဖြစ်တဲ့ Dean Ambrose လည်း တစ်ယောက်အပါအဝင် ဖြစ်ခဲ့ပါတယ်။
View this post on Instagram
The Shield အဖွဲ့ကိုတော့ WWE ပရိသတ်တွေ ကောင်းကောင်းသိကြမှာပါ။ Dean Ambrose, Seth Rollins နဲ့ Roman Regins တို့လို နာမည်ကြီး နပန်းသမား ၃ ယောက်နဲ့ ဖွဲ့စည်းထားတဲ့ နပန်းအဖွဲ့တစ်ခု ဖြစ်ပါတယ်။ သူတို့ ၃ ယောက်စလုံးဟာ နပန်းသတ်ရာမှာ အတွဲညီလွန်းတာကြောင့် WWE ပရိသတ်တွေရဲ့ အားပေးမှုအများဆုံး နပန်းအဖွဲ့တစ်ခု ဖြစ်လာခဲ့ပါတယ်။
ဒါပေမယ့် မကြာသေးခင်အချိန်က WWE ထုတ်ပစ်လိုက်တဲ့ နပန်းသမားတွေထဲမှာ Dean Ambrose တစ်ယောက် ပါသွားခဲ့ပါတယ်။ ဒီလိုမျိုး WWE နဲ့ လမ်းခွဲပြီးတဲ့ အချိန်မှာတော့ Dean ဟာ AEW(All Elite Wrestling) နဲ့ NJPW(New Japan Pro-Wrestling) တို့နဲ့ လက်တွဲခဲ့ပြီး စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ Dean Ambrose ရဲ့ အမည်ရင်းကတော့ Jonathan David Good ပါ။ ဒါပေမယ့် အဖွဲ့အစည်းသစ်တွေနဲ့ လက်တွဲချိန်မှာတော့ အရင်က စာချုပ်ပါ အချက်အလက်တွေအရ WWE မှာ အသုံးပြုခဲ့တဲ့ Dean Ambrose ဆိုတဲ့ အမည်ကို သုံးစွဲခွင့် မရှိပါဘူး။ ဒါကြောင့် Jon Moxley ဆိုပြီး အမည်သစ်ကို အသုံးပြုခဲ့ရပါတယ်။ ဒီလိုမျိုး အခက်အခဲတွေ မျိုးစုံကြုံတွေ့ခဲ့ရပြီး The Shield အဖွဲ့နဲ့ ကွဲသွားခဲ့ပေမယ့် အဖွဲ့ဝင်တွေနဲ့တော့ ယနေ့အချိန်အထိ အဆက်အသွယ်မပြတ် ရှိနေသေးကြောင်း ၀န်ခံခဲ့ပါတယ်။
View this post on Instagram
“Seth နဲ့ Roman ကတော့ ကျွန်တော်နဲ့ ဘယ်တော့မှ အဆက်အသွယ် မပြတ်ပါဘူး။ ဒီလိုမျိုးကြီး မမျှော်လင့်ပဲ The Shield အဖွဲ့ ပြိုကွဲခဲ့တဲ့အတွက် ပရိသတ်တွေကို အနူးအညွတ်တောင်းပန်ချင်ပါတယ်။ အခြေအနေနဲ့ အချိန်အခါက ဒီလိုမျိုးဖြစ်ဖို့ကို ဖြစ်လာခဲ့တာပါ။ ကျွန်တော်ကတော့ Seth နဲ့ Roman တို့ကို အမြဲသတိရပါတယ်။ ဘာလို့လဲဆိုတော့ သူတို့နဲ့က တကယ့်ကို စိတ်ကော၊လူပါ နှစ်ပြီးတော့ ပေါင်းသင်းလာခဲ့တဲ့ ညီအစ်ကိုတွေပါ။ Seth နဲ့ Becky (Seth ရဲ့ဇနီး)ဆိုရင်လည်း ရင်သွေးလေး လွယ်ထားရတဲ့အတွက်ကြောင့်လည်း ဂုဏ်ယူမိပါတယ်”လို့ Dean က Bleacher Report နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။
View this post on Instagram
Pyi Hein Kyaw