ခေါင်းတစ်ခြမ်းပဲ့ ကလေးသရဲက လိုက်လံခြောက်လှန့်နေကြောင်း ဖွင့်ဟခဲ့တဲ့ အမျိုးသား

အမေရိကန်နိုင်ငံ၊ နယူးယော့ခ်မြို့မှာ နေထိုင်တဲ့ Adam Ellis အမည်ရ အမျိုးသားဟာ သူ့ကို ကလေးသရဲတစ်ကောင်က လိုက်လံခြောက်လှန့်နေတယ်လို့ ယုံကြည်နေပါတယ်။ Adam ဟာ ပြီးခဲ့တဲ့ သြဂုတ်လမှာ သူရဲ့တွစ်တာကနေ တစ်ဆင့် သရဲခြောက်မှုမှတ်တမ်းတွေကို Live လွှင့်ခဲ့ရာက သူ့ကို လူသိပိုများစေခဲ့တယ်လို့ The Sun က ဆိုပါတယ်။

TWITTER

ကလေးသရဲအမည်ကို Dear David လို့ အမည်ပေးထားကြောင်း၊ ခေါင်းတစ်ခြမ်းပဲ့နေတဲ့ ကြောက်စရာ ကလေးသရဲဖြစ်ကြောင်း နဲ့ လူသေအလောင်းတွေကို တူးဖော်စားသောက်တဲ့ သရဲမျိုးနွယ်ဖြစ်ကြောင်း သူက ဆိုပါတယ်။

TWITTER

အဲဒီကလေးသရဲဟာ သူနေထိုင်ရာ အခန်းမှာ နေ့စဉ်နဲ့အမျှ ခြောက်လှန့်သောင်းကျန်းတယ်လို့ သူက ဆိုပါတယ်။ Adam ဟာ ပြီးခဲ့တဲ့လက ဂျပန်နိုင်ငံကို နှစ်ပတ်ကြာ သွားရောက်လည်ပတ်ခဲ့ပြီး၊ ဒီအတောအတွင်း သူ မရှိခိုက်မှာ အခန်းမှာနေထိုင်နေတဲ့ ကလေးသရဲဟာ တစ်ခြားနေရာကို ထွက်သွားလိမ့်မယ်လို့ သူက ယုံကြည်ခဲ့ပါတယ်။

READ
ညပိုင်းကင်းလှည့်စဉ် (၁၆)ပေရှည်တဲ့ စပါးအုံးမြွေကြီးနဲ့ ထိပ်တိုက်တိုးခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်များ

ဒါပေမယ့် Adam ဟာ ဂျပန်နိုင်ငံ Sapporo မြို့မှာရှိတဲ့ ရုပ်တုကြီးတစ်ခုကို တွေ့လိုက်ချိန်မှာတော့ ရုပ်ထုက ကလေးရုပ် တစ်ရုပ်ဟာ သူ့ကို လိုက်လံခြောက်လှန့်နေတဲ့ ခေါင်းတစ်ခြမ်းပဲ့ Dear David နဲ့ တူညီနေတာကို အံ့အားသင့်ဖွယ် တွေ့ခဲ့ရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး Adam က ” သိပ်ကို တူလွန်းပါတယ် .. ကျနော် ကြည့်နေရင်းနဲ့ ကြက်သီးတွေ ထလာတယ် .. ကျနော် စိတ္တဇဖြစ်နေတာလား .. ကျနော်ထင်တာတွေ တကယ်မဟုတ်ဘူးလားဆိုတာတော့ မဝေခွဲတတ်တော့ပါဘူး .. “လို့ ပြောခဲ့ပါတယ်။

Adam တွစ်တာမှာ တင်ခဲ့တဲ့ သရဲခြောက်မှု ဗွီဒီယိုဖိုင်တွေကလည်း ကြည့်ရှုသူ အလွန်များပြီး Shwemom ပရိသတ်ကြီးအတွက် လက်လှမ်းမီသမျှ ဖော်ပြပေးထားပါတယ်။

နတ်စည်တော် (Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE