Selfie အဆန်းထွင်ရိုက်မှုတွေကြောင့် သေဆုံးသူဦးရေမြင့်တက်

Selfie ယဉ်ကျေးမှုဟာ လူမှုကွန်ယက်မီဒီယာ ကျယ်ပြန့်လာတာနဲ့အမျှ လူထုအကြားမှာ စိမ့်ဝင်ရေပန်းစားလာခဲ့တာ ကာလအပိုင်းအခြားအားဖြင့် သိပ်မကြာသေးပါဘူး။ ဒါပေမယ့် ရူးကြောင်မူးကြောင် Selfie ရိုက်သူတွေရဲ့ မတော်တဆသေဆုံးမှု နှုန်းထားတွေဟာလည်း မြင့်တတ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ အပတ်လောက်တုန်းကလည်း ဂျာမန်ခရီးသွားတစ်ယောက် ပီရူးနိုင်ငံက Machu Picchu ဧရိယာအတွင်းက ချောက်ကမ်းပါးတစ်ခုအနီးမှာ ခုန်ပျံပြီး Selfie ရိုက်ဖို့ကြိုးစားရင်း မတော်တဆ ပြုတ်ကျသေဆုံးခဲ့ပါတယ်။ အဲဒီအဖြစ်အပျက်မတိုင်ခင်မှာလည်း အိန္ဒိယနိုင်ငံ ဂင်္ဂါမြစ်ရဲ့တံတားတစ်ခုပေါ်မှာ လူ(၇)ယောက် Selfie ရိုက်ဖို့ကြိုးစားရင်း မြစ်ထဲပြုတ်ကျကာ ရေနစ်သေဆုံးခဲ့ရပါတယ်။ ဒါဟာ အဆန်းထွင် Selfie ရိုက်မှုကနေ မတော်တဆသေဆုံးမှုမှာ လူအသေအပျောက်အများဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

Selfie ရိုက်ရင်း သေဆုံးမှုဖြစ်စဉ်အများဆုံးမှာ အမြင့်ကနေ ပြုတ်ကျသေဆုံးမှုဟာ အများဆုံးဖြစ်ပြီး ပျမ်းမျှအားဖြင့် အသက် 21 နှစ် ၀န်းကျင်အရွယ် အမျိုးသားတွေက 75% အထိ အများဆုံး သေဆုံးခဲ့တယ်လို့ Priceonomics.com ကနေ ပြုစုတဲ့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။ 2016 ခုနှစ် နှစ်ဦးပိုင်းမှာ Washington Post သတင်းစာကနေ ကောက်ယူခဲ့တဲ့ စစ်တမ်းအရ အိန္ဒိယနိုင်ငံဟာ Selfie ရိုက်ရင်း မတော်တဆသေဆုံးမှုမှာ အမြင့်ဆုံးနိုင်ငံ အဖြစ် ရပ်တည်နေပါတယ်။

READ
ရောင်းအားကျနေတဲ့ဆိုင်ကို တစ်ညတည်းနဲ့ ရောင်းအား (၄)ဆတက်စေခဲ့တဲ့ မိန်းမလှလေး

Screen Shot 2016-07-06 at 3.27.39 PM

အဆိုပါ သေဆုံးမှုတွေထဲမှာ အသက် (15)နှစ်မှ အသက် (25)နှစ်အတွင်းလူငယ်တွေသာ  အများဆုံး ပါဝင်ခဲ့ပါတယ်။ အမျိုးသားနဲ့ အမျိုးသမီး Selfie ရိုက်ရင် သေဆုံးမှုမှာ အမျိုးသားက 36 ယောက်ဖြင့် 73.5% အထိ ရှိပြီး အမျိုးသမီးကတော့ 13 ယောက်အထိ သေဆုံးထားကာ 26.5% နဲ့ ရပ်တည်နေပါတယ်။ ဒါကြောင့် အန္တရာယ်ရှိတဲ့ Selfie ရိုက်မှုတွေကို မိမိဆင်ခြင်ဉာဏ်နဲ့ သုံးသပ်ပြီး ရှောင်ရှားဖို့လိုပါတယ်။

source : thenextweb.com

sm

SHARE