Final Destination ဆန်ဆန် ကားတိုက်မှုကို ကိုယ်တွေ့ကြုံလိုက်ရတဲ့ ယာဉ်မောင်း

facebook/Whitfield County Fire

တကယ်လို့ စာဖတ်သူသာ Final Destination ရုပ်ရှင်တွေကို ကြည့်ဖူးခဲ့မယ်ဆိုရင် သေခြင်းတရားဟာ အနီးမှာအမြဲရှိနေတဲ့အပြင် ကံကြမ္မာဆိုးတွေဟာ အချိန်နေရာမရွေး ၀င်ရောက်လာနိုင်တယ်ဆိုတာကို အမှတ်ရမိမှာပါ။ ရုပ်ရှင်ထဲမှာတော့ လူတွေသည်းထိတ်ရင်ဖိုဖြစ်အောင် စိတ်ဝင်စားဖွယ် ဇာတ်လမ်းဇာတ်ကွက်အမျိုးမျိုးနဲ့ ပြင်ဆင်ပြသထားပေမယ့် တစ်ခါတစ်ရံ လက်တွေ့လောကထဲမှာလည်း အလားတူပုံစံမျိုးတွေ ဖြစ်နိုင်ပါတယ်။

facebook/Whitfield County Fire

အခုဖော်ပြပေးမှာကတော့ ladbible သတင်းမှာတွေ့ရပြီး အမေရိကန်နိုင်ငံ ဂျော်ဂျီယာပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ကားတိုက်မှုတစ်ခုပဲ ဖြစ်ပါတယ်။ ဒီကားတိုက်မှုဟာ အသေဆိုးနဲ့ သေကြသူတွေကို ရိုက်ကူးထားတဲ့ Final Destination ဆန်ဆန် ရုပ်ရှင်အတိုင်း ဖြစ်ပျက်ခဲ့တာပါ။ ဖြစ်ပုံကတော့ ကားသေးတစ်စီးဟာ ရှေ့မှာရှိတဲ့ သစ်လုံးတင်ကားကြီးကို ၀င်တိုက်ခဲ့တာပါ။ အရှိန်နဲ့ဖြစ်တဲ့အတွက် သစ်လုံးတွေဟာ ကားသေးရဲ့ မှန်ကိုတောင် ထိုးခွဲပြီး ကားနောက်ဖက်ထိတိုင် ဖောက်ဝင်သွားခဲ့တာပါ။

READ
စပါးအုံးမြွေကြီးကို မကြောက်မရွံ့စီးပြီး အပျော်ကြီးပျော်နေတဲ့ ကလေးမလေးတွေ
facebook/Whitfield County Fire

ကားသေးထဲမှာပါတဲ့ ဒရိုင်ဘာကတော့ ကံကောင်းပြီး လွတ်သွားပါတယ်။ သူလွတ်သွားပုံကလည်း ခပ်ဆန်းဆန်းပါပဲ။ တကယ်ဆို အဲ့ဒီဒရိုင်ဘာသာ ကံခေခဲ့မယ်ဆိုရင် သစ်လုံးတွေက သူ့ခေါင်းကိုတောင် ထုတ်ချင်းဖောက်ဝင်သွားနိုင်ပါတယ်။ ဒါပေမယ့် သစ်လုံးတွေဟာ ထူးဆန်းစွာပဲ တစ်စုံတစ်ယောက်က သေချာစနစ်တကျ ပြုလုပ်ထားသလို ဒရိုင်ဘာရဲ့ခေါင်းနေရာကိုပဲ ကွက်ချန်ပြီး ဖောက်ထွက်သွားတာပါ။ တော်တော်ကို ကံကြီးလွန်းတဲ့ ဒရိုင်ဘာပါပဲ။

facebook/Whitfield County Fire

Whitfiled ကောင်တီက မီးသတ်အကြီးအကဲ Edward O’Brien ကတော့ ဒရိုင်ဘာဟာ အသက်အန္တရာယ်စိုးရိမ်လောက်တဲ့ဒဏ်ရာမျိုး မရခဲ့ပဲ ပွန်းပဲ့ဒဏ်ရာအနည်းငယ်လောက်သာ ရခဲ့တယ်လို့ ပြောပြပါတယ်။ “အံ့သြစရာပါပဲဗျာ။ ဒီလိုပုံစံမျိုးနဲ့ ဒရိုင်ဘာသေမယ်ဆို သေလောက်တယ်။ သစ်လုံးတွေက သူ့ခေါင်းနေရာလေးကိုပဲ ကွက်ပြီး ဖောက်ထွက်သွားတာ အတော်ထူးဆန်းတာပဲ..” လို့ Edward က ဆိုပါတယ်။ ကားသေးထဲကိုတော့ သစ်လုံးအလုံး သုံးလေးဆယ်လောက် စိုက်ဝင်နေတာဖြစ်တဲ့အတွက် မီးသတ်ဝန်ထမ်းတွေကပဲ အကူအညီပေးခဲ့ကြကြောင်း သိရပါတယ်။

Advanced Extrication on Cleveland Hwy this morning. Great job guys! Patient had only minor injuries.

Posted by Whitfield County Fire on Friday, October 11, 2019

လင်းလင်း (ShweMom)

SHARE