သေဒဏ်ကျအကျဉ်းသားတွေကို ကွပ်မျက်မှုမှာ အလွန်ရုပ်ပျက်ဆင်းပျက်ဖြစ်ပြီး၊ မချိမဆန့်ခံစားရတယ်ဆိုတဲ့ ယူဆချက်တွေနဲ့အတူ မကြာသေးခင်ပဲ ကန့်ကွက်မှုတွေ ရှိခဲ့ပြီး၊ အကျဉ်းသားတွေကို ကွပ်မျက်မှုရပ်ဆိုင်းဖို့ တောင်းဆိုတဲ့လူ့အခွင့်အရေး အဖွဲ့အစည်းတွေ ရှိလာခဲ့ပါတယ်။
အမေရိကန် သေဒဏ်ကျအကျဉ်းသားတွေမှာတော့ သူတို့ကို သေဒဏ်မစီရင်မီမှာ အထူးအစားအစာ မှာယူဖို့ အစိုးရက စာရိတ်ထောက်ပံ့တယ်လို့ သိရပါတယ်။ သိရသလောက်တော့ ဒေါ်လာ(၂၀)ဝန်းကျင် ထောက်ပံ့ပါတယ်တဲ့။ ဒါပေမယ့် ဖလော်ရီဒါအခြေစိုက် အကျဉ်းထောင်တွေကတော့ သေဒဏ်ကျအကျဉ်းသားရဲ့ နောက်ဆုံးညစာအဖြစ် ဒေါ်လာ(၄၀)အထိ ထောက်ပံ့ပါတယ်။
သို့သော်လည်း အိုကလာဟိုးမားမှာတော့ (၁၅)ဒေါ်လာသာ ထောက်ပံ့တယ်လို့ သိရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မကြာခင်မှာ သေရတော့မယ့်လူအတွက် စားကောင်းသောက်ဖွယ်တွေဟာ တကယ် မြိန်စေမှာလားဆိုတာကတော့ သူတို့ပဲ သိပါလိမ့်မယ်။ ကိုယ်သေရမှာကို ကြိုသိနေတဲ့လူတွေအဖို့တော့ စိတ်မနောက်ပဲပုံမှန်ဖြစ်နေရင် ဒီအစားအစာတွေ ဝင်နိုင်စရာမရှိပါဘူး။
A statement from the victims son “You can’t fight murder with murder,” Ross Byrd, 32, told Reuters late Tuesday, the night before Wednesday’s scheduled execution of Lawrence Russell Brewer for one of the most notorious hate crimes in modern times. #SaveJohnWilliamKing 🙏🏼 pic.twitter.com/maMapRImnN
— Sandie Natasja (@SandieNatasja) 16 d’abril de 2019
(၂၀၁၁)တုန်းက တက္ကဆက်က သေဒဏ်ကျအကျဉ်းသားကတော့ စားကောင်းသောက်ဖွယ် စုံလင်စွာ မှာယူပြီးနောက် တစ်လုပ်တောင် မစားနိုင်ရှာဘူးလို့ ဆိုပါတယ်။ အသားရောင်ခွဲခြားရေး တက်ကြွလှုပ်ရှားသူ Lawrence Russell Brewer ဟာ သူ့ကို သေဒဏ်မစီရင်မီမှာ အထူးညစာကို မှာယူခဲ့ပါတယ်။ Brewer ဟာ (၁၉၉၈)ခုနှစ်တုန်းက လူမည်းတစ်ယောက်ကို ထရပ်ကားကနေ သံကြိုးနဲ့ချည်ပြီး သေအောင်ဒရွတ်ဆွဲပြီး သတ်ဖြတ်ခဲ့သူပါ။
Brewer ရဲ့ နောက်ဆုံးညစာကတော့ ကြက်ကင်နှစ်ခုကို ဟင်းအနှစ်စမ်းပြီး၊ ကြက်သွန်နီ ပါးပါးလှီးထည့်ခိုင်းပါတယ်။ ဝက်သားသုံးထပ်သားနဲ့လုပ်ထားတဲ့ ဒိန်ခဲဘာဂါ၊ ဒိန်ခဲကြက်ဥမွှေကြော်၊ အမဲသားစင်းကော စတာတွေကို ခရမ်းချဉ်သီးဆော့၊ ကြက်သွန်နီ၊ ငရုတ်ကောင်းနဲ့ Jalapeños ငရုတ်သီးစိမ်းတွေ မှာယူခဲ့ပါတယ်။
ဒါတင်မကသေးဘဲ Brewer ဟာ ညစာစားပြီးနောက် ရေခဲမုန့်၊ မြေပဲထောပတ်နဲ့ပြုလုပ်ထားတဲ့ မုန့်ချိုအပြင်၊ မြေပဲမှုန့်တွေကို မှာယူခဲ့ပါတယ်။ ဒါတင်မကသေးဘဲ အဲဒါတွေစားပြီးရင် ခံတွင်းရှင်းဖို့ ဘီယာအပျော့စား (၃)ပုလင်း သောက်ခဲ့သေးတယ်လို့ ဆိုပါတယ်။ သူကတော့ ခမ်းခမ်းနားနား စားသွားခဲ့တာပါ။
မှတ်တမ်းတွေအရ (၁၉၆၃)မှာ သေဒဏ်စီရင်ခံခဲ့ရတဲ့ အကျဉ်းသား Victor Fegeur ကတော့ သံလွင်သီးလေး တစ်လုံးသာ နောက်ဆုံးညစာအဖြစ် တောင်းဆိုခဲ့ပါတယ်။ နောက်ပြီး သူ့ရဲ့အုတ်ဂူပေါ်မှာ သစ်ပင်တစ်ပင် စိုက်ပေးဖို့ကိုလည်း တောင်းဆိုသွားတယ်လို့ သိရပါတယ်။
Margie Velma Barfield October 29, 1932 – November 2, 1984 was an American serial killer who was convicted of one murder, but eventually confessed to 6 murders. Barfield was the first woman in the U.S. to be executed after the 1976 resumption of capital punishment.#onthisday pic.twitter.com/6mmLNK4xoR
— Murderific True Crime Podcast (@MurderificBPC) 2 de novembre de 2019
သေဒဏ်ကျအကျဉ်းသူ Velma Barfield တော့ လူအစုလိုက်အပြုံလိုက် သတ်မှုနဲ့ (၁၉၈၄)ခုနှစ် နိုဝင်္ဘာမှာ ဆေးထိုးကွပ်မျက်ခံခဲ့ရသူပါ။ တကယ်က သူမကို ကနဦးတုန်းက လျှပ်စစ်ထိုင်ခုံနဲ့စီရင်ဖို့ ပြင်ဆင်ခဲ့ပေမယ့်၊ အဲဒီမတိုင်ခင်မှာ သက်ဆိုင်ရာတရားရုံးက လျှပ်စစ်နဲ့စီရင်ခြင်းကို ကန့်သတ်လိုက်လို့၊ ဆေးထိုးကွပ်မျက်ခံခဲ့ရတာပါ။
သူမရဲ့နောက်ဆုံးညစာကတော့ ရိုးရှင်းပါတယ်။ ကိုကာကိုလာနဲ့ Cheez Doodles (အာလူးကြော်ထုပ်)ဖြစ်ပါတယ်။ (၂၀၁၆) အောက်တိုဘာ (၁၉)မှာ ကွပ်မျက်ခံခဲ့ရတဲ့ Gregory Paul Lawler ကတော့ မသေမီမှာ ပြင်သစ်ကြက်သွန်ဥစွပ်ပြုတ်၊ ကညွှတ်ပင်နဲ့၊ ဝက်နံကင်နဲ့ အချဉ်ရေ၊ ရေခဲမုန့်၊ စတော်ဘယ်ရီ၊ နွားနို့၊ ပန်းသီးဖျော်ရည်တို့ကို တောင်းဆိုခဲ့ပါတယ်။
Gregory Paul Lawler was executed Wednesday after the murder of an Atlanta police officer in 1997 https://t.co/FA7nP1EEMC pic.twitter.com/o9vIEKSsVG
— CBS46 (@cbs46) 20 d’octubre de 2016
(၁၉၉၂)ခုနှစ် ဇန်နဝါရီလ (၂၄)ရက်မှာ ကွပ်မျက်ခံခဲ့ရတဲ့ သေဒဏ်ကျအကျဉ်းသား Ricky Ray Rector ကတော့ ဝက်ကင်၊ ကြက်သားကြော်၊ Kool-Aid အချိုရည်နဲ့၊ မြေပဲမလိုင် Pie ကို မှာယူစားသောက်ခဲ့ပါတယ်။ သူဟာ Pie ကို တစ်ကိုက်သာကိုက်ပြီး၊ သတ်ဖို့လာခေါ်တဲ့လူတွေကို “ အဲဒါကို အမှတ်တရ သိမ်းထား”လို့ ပြောခဲ့ပါသေးတယ်။ သူ့ကို စီရင်ပြီးတော့ လက်ကျန်အစားအစာတွေကို အမှိုက်ခြင်းထဲ သွန်ပစ်ခဲ့ပါတယ်တဲ့။
Ricky Ray Rector, who left part of his last meal ‘for later’: pic.twitter.com/pXGtxAXGd9
— Serial Killers (@MurderFactfile) 25 de juny de 2016
(၁၉၉၈)ခုနှစ် ဖေဖော်ဝါရီ(၃)ရက်မှာ ကွပ်မျက်ခံခဲ့ရတဲ့ အမျိုးသမီး သေဒဏ်ကျအကျဉ်းသား Karla Faye Tucker ကတော့ ငှက်ပျောသီး၊ မက်မွန်သီး၊ ဆလပ်ရွက်ကြော်နဲ့၊ အီတလီအမျိုးသမီး ရိုးရာဝတ်စုံတို့ကို တောင်းဆိုခဲ့ပါတယ်။ (၁၉၉၅)ခုနှစ် မတ်လ (၂၀)မှာ ကွပ်မျက်ခံခဲ့ရတဲ့ Thomas J. Grasso ကတော့ SpaghettiOs ကို မှာယူခဲ့ပေမယ့်၊ စီစဉ်ပေးသူက စပါဂတ်တီနဲ့ မှားယွင်းဝန်ဆောင်မှုပေးခဲ့လို့ အလွန်စိတ်ဆိုး ဒေါသထွက်ခဲ့ရကြောင်း သိရပါတယ်။
(၁၉၉၀)ခုနှစ်၊ ဇွန်လမှာ ကွပ်မျက်ခံခဲ့ရတဲ့ James Edward Smith ကတော့ Voodoo အတက်ပညာနဲ့ စီရင်ချင်လို့ဆိုပြီး အမှိုက်အတုံးအခဲတစ်ခုကို တောင်းခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ထောင်အာဏာပိုင်တွေက သူတို့ကို ဥပဒေအရ သတ်မှတ်ပေးထားတဲ့ အစားအစာထဲမှာ အမှိုက်က မပါဝင်တဲ့အတွက် တစ်ခြားအစားအစာကို ပြောင်းလဲဖို့ ဖိအားပေးခဲ့ရာ၊ ဒိန်ချဉ်ကိုသာ မှာယူခဲ့ကြောင်း မှတ်တမ်းတွေအရ သိရပါတယ်။
လင်းသုတ