အသက်အန္တရာယ်ခြိမ်းခြောက်ခံနေရတဲ့ UFC ချန်ပီယံ Conor McGregor

နာမည်ကျော် UFC တိုက်ခိုက်ရေးသမား Conor Mcgregor ဟာ အရက်ဘားတစ်ခုက ရန်ပွဲမှာ လူမိုက်ဂိုဏ်းသားတစ်ဦးရဲ့ ဆွေမျိုးတော်စပ်သူကို ထိုးနှက်ခဲ့ပါတယ်။ အသက် (၂၉)နှစ်အရွယ် McGregor ဟာ အင်အားကြီးမူးယစ်ဆေးဝါးဂိုဏ်းဖြစ်တဲ့ Kinahan ဂိုဏ်းရဲ့ ဂိုဏ်းသားတစ်ဦးဖြစ်တဲ့ Graham ‘The Wig’ Whelan ရဲ့ ဆွေမျိုးတော်စပ်သူကို ရိုက်နှက်ခဲ့တယ်လို့ သိရှိရပါတယ်။

အဆိုပါ Kinahan ဂိုဏ်းဟာ အိုင်ယာလန်နိုင်ငံကို ကိုကင်းအများဆုံးတင်သွင်းတဲ့ ဂိုဏ်းတစ်ဂိုဏ်းအဖြစ် လူသိများပြီး ပြိုင်ဘက် Hutch ဂိုဏ်းအဖွဲ့ဝင်တွေနဲ့ ရိုက်ပွဲတွေဖြစ်ပွားလေ့ရှိပါတယ်။

Photo source : Internet

 

Dublin မြို့တောင်ပိုင်း Crumlin မှာ နေထိုင်တဲ့ McGregor ဟာ Kinahan ဂိုဏ်းအဖွဲ့ဝင် တော်တော်များများနဲ့ အတူ ကြီးပြင်းလာခဲ့သူဖြစ်ပြီး ကျောင်းနေအရွယ်ကတည်းက သိကျွမ်းခဲ့သူလည်းဖြစ်ပါတယ်။ လူမှုကွန်ယက်ပေါ်က သတင်းတွေအရ Kinahan ဂိုဏ်းသားက Crumlin နေ လူငယ်တစ်ဦးကို ထိုးနှက်ပြီးတဲ့နောက် McGregor ဟာ Graham ရဲ့ ဆွေမျိုးတော်စပ်သူကို လက်သီးဖြင့် ထိုးခဲ့တာဖြစ်တယ်လို့ သိရှိရပါတယ်။

READ
ပရီးမီးယားလိဂ်အသင်းများ၏ ရာသီကုန် ဆုကြေးရရှိမှုဇယား
Photo source : Internet

အဲ့ဒီနောက် Kinahan ဂိုဏ်းက McGregor ရဲ့ အသက်ကို ချမ်းသာပေးဖို့အတွက် ယူရို (၉)သိန်းတောင်းဆိုခဲ့ပြီး မလိုက်လျောပါက McGregor ကို လုပ်ကြံသတ်ဖြတ်မှာဖြစ်တယ်လို့ သတင်းပေးပို့ထားပါတယ်။

ဒီကိစ္စနဲပတ်သက်လို့ McGregor ရဲ့ အသိုင်းအဝိုင်းဆီကိုဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဘာမှတ်ချက်မှမပေးခဲ့ဘူးလို့ သိရပါတယ်။

အိုင်ယာလန်ရဲတပ်ဖွဲ့ကတော့ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး သူတို့ကို အသိပေးအကြောင်းကြားထားတာ မရှိသေးဘူးလို့ ဆိုပါတယ်။ McGregor ဟာ လက်ရှိအချိန်မှာ ကားအရှိန်လွန်မောင်းနှင်မှုနဲ့ အိုင်ယာလန်မှာတရားရင်ဆိုင်နေရတယ်လို့လည်း သိရှိရပါတယ်။

SiThu (Shwemom)
Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
SHARE