ဒီဇင်ဘာဖွားများဟာ အသက်ပိုရှည်ပြီး ပိုသဘောကောင်းတဲ့သူများဖြစ်ပါတယ်တဲ့

Unsplash-freestocks.org

ဘယ်လဖွားပဲဖြစ်ဖြစ် သူ့ကောင်းကျိုးတွေနဲ့သူတော့ရှိကြစမြဲပါပဲ။ ဒါပေမဲ့လည်း The Sun မှာ ဖတ်ခဲ့ရတဲ့ သတင်းတစ်ပုဒ်အရတော့ ဒီဇင်ဘာဖွားတွေရဲ့ ကောင်းကျိုးနှစ်ခုကို စစ်တမ်းအရ ဖတ်ခဲ့ရပါတယ်။

ဒီလေ့လာမှုကိုတော့ National Statistics မှ တာဝန်ယူလေ့လာခဲ့တာဖြစ်ပါတယ်။ သုတေသီအဖွဲ့တွေကနေပြီး အမေရိကန်မှ လူပေါင်း ၁,၇၄၉,၄၀၀ လောက်ကို စမ်းသပ်ခဲ့တာပါ။ တွေ့ရှိချက်မှာတော့ Ageing Research ဂျာနယ်မှာ ထည့်သွင်းဖော်ပြခဲ့ပါသေးတယ်။ လေ့လာချက်အရ ဒီဇင်ဘာလဖွားလေးတွေရဲ့ ကောင်းကျိုးလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

Unsplash-Roberto Nickson

အသက် ၁၀၅ နှစ်နဲ့အထက် လူ့ပြည်မှာအသက်ရှည်ရှည်နေသွားခဲ့ကြသူအများစုဟာ ဒီဇင်ဘာဖွားတွေပဲဖြစ်ပါတ်ာတဲ့။ ရောဂါတွေနဲ့ပတ်သက်လာရင်လည်း ဒီဇင်ဘာဖွားတို့ဟာ တခြားလူတွေထက် ရောဂါဖြစ်ပွားမှုနှုန်းမရှိတတ်ကြပါဘူး။ ထင်ထင်ရှားရှားဥပမာတစ်ခုကတော့ နှလုံးသွေးကြောနဲ့သက်ဆိုင်တဲ့ ရောဂါတွေပါပဲ။

ဘာကြောင့်လဲဆိုရင် မိခင်ဝမ်းထဲ သန္ဓေစစတည်တဲ့အချိန်ဟာ နွေရာသီဖြစ်တာကြောင့် မိခင်ကတနေတစ်ဆင့် သနွေ္ဓသားဟာ ဗီတာမင် ဒီ ဓာတ်ကို တခြားသသူတွေထက် ပိုပြီးရတတ်ကြပါတယ်။ ဗီတာမင် ဒီ ဓာတ်ကြွယ်ဝခြင်းဖြင့် ကယ်လ်ဆီယမ်ဓာတ်နဲ့ သွေးတွင်းက ဖော့စ်ဖောရပ်စ်ဓာတ်တို့ကို အလိုအလျောက်ထိန်းသိမ်းနေနိုင်တဲ့အတွက်ကြောင့် အရိုး၊ သွေးကြောဆိုင်ရာနဲ့ ကျောက်ကပ်တို့မှာ ကောင်းကျိုးတွေ အများကြီးဖြစ်စေနိုင်မှာပါ။

READ
Work from home ရဲ့ အားသာချက်၊ အားနည်းချက်များ
Unsplash-freestocks.org

နောက် ပြီး တခြားလဖွားတွေထက် သဘောကောင်းသူတွေဖြစ်ကြောင်းကိုလည်း အမေရိကန်တက္ကသိုလ်တွေဆီသွားပြီး စမ်းသပ်မှုတွေပြုလုပ်ခဲ့ပါတယ်။ ပေါင်းသင်းဆက်ဆံရေးမှာရော၊ တိုင်တောမှုတွေ လုံးဝနည်းပါးမလုပ်တာဟာ ဒီဇင်ဘာဖွားတွေပါတဲ့လေ။

နောက်ဆုံးတစ်ချက်အနေနဲ့ကတော့ ဒီဇင်ဘာဖွားတွေ အများဆုံးရွေးချယ်တတ်ကြတဲ့ အသက်မွေးဝမ်းကျောင်းကတော့ သွားဆရာဝန်ပါတဲ့။

[email protected]

Penny

SHARE