ဒီဇင်ဘာလ ပထမအပတ်အတွင်း BILLBOARD TOP TEN ဝင်နိုင်ငံတကာ သီချင်းကောင်းများ

နိုင်ငံတကာသီချင်းတွေကို  အားပေးချစ်ခင်ကြတဲ့ ပရိသတ်တွေအတွက် ဒီဇင်ဘာလ ပထမအပတ်အတွင်း BILLBOARD TOP TEN ဝင်နိုင်ငံတကာ သီချင်းကောင်းတွေကို တင်ဆက်ပေးလိုက်ပါတယ်။ဘယ်သီချင်းတွေကို အကြိုက်ဆုံးလဲ ပရိသတ်ကြီးရေ။ နံပါတ် ၁၀ ကနေစပြီးတော့ တင်ဆက်ပေးလိုက်ပါတယ်။

10.Juice WRLD – Lucid Dreams 

ဒီသီချင်းကိုတော့ Juice WRLD ကသီဆိုထားတာဖြစ်ပြီး အရင်က နံပါတ် ၆နေရာမှာရှိနေခဲ့တဲ့ သီချင်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။

9.Maroon 5 – Girls Like You ft. Cardi B

နံပါတ် ၁ နေရာကို အချိန်အတော်ကြာ သိမ်းပိုက်ခဲ့တဲ့ ဒီသီချင်းကတော့ ဒီအပတ်မှာ နံပါတ် ၉နေရာကို ရောက်လာပါတယ်။

8.Lil Baby x Gunna – “Drip Too Hard”

ဒီသီချင်းကတော့ Billboard top ten ထဲမှာ ရှိနေခဲ့တာတော်တ်ာလေးကြာပြီဖြစ်ပါတယ်။ ဒီအပတ်မှာတော့ နံပါတ် ၈နေရာမှာ ရှိနေပါတယ်။

READ
သူမရဲ့ ပြောင်းလဲလာမှုတွေကို ချပြလိုက်တဲ့ အေးမြတ်သူ

7.Kodak Black – ZEZE (feat. Travis Scott & Offset)

Kodak Black သီဆိုထားတဲ့ ZEZE သီချင်းကတော့ အရင်အပတ်က နံပါတ် ၉နေရာမှာ ရှိနေခဲ့တာဖြစ်ပါတယ်။ ဒီအပတ်မှာတော့ နံပါတ် ၇နေရာကို ရောက်လာခဲ့တာဖြစ်ပါတယ်။

6.Sheck Wes – Mo Bamba

အရင်အပတ်က နံပါတ် ၉နေရာမှာရှိခဲ့တဲ့ Sheck Wes ရဲ့ Mo Bamba သီချင်းကတော့ ဒီအပတ်မှာ နံပါတ် ၆ နေရာကို ရောက်ရှိလာတာဖြစ်ပါတယ်။

5.Panic! At The Disco: High Hopes

ဒီသီချင်းလေးကတော့ အရင်အပတ်က နံပါတ် ၈နေရာမှာ ရှိနေခဲ့တာဖြစ်ပြီး ၃ နေရာတောင် တက်လာခဲ့တာဖြစ်ပါတယ်။

4.Halsey – Without Me

အရင်အပတ် က နံပါတ် ၄ နေရာမှာ ရပ်တည်ခဲ့တဲ့ Hasley ရဲ့ သီချင်းကတော့ ဒီအပတ်မှာ နံပါတ် ၄ နေရာမှာ ရပ်တည်နေဆဲဖြစ်ပါတယ်။

READ
ရွှေမှုံရတီနဲ့အတူ ရိုက်ကွင်းက ပုံလေးတွေတင်လိုက်တဲ့ တိုင်ရွန်

3.Marshmello ft. Bastille – Happier

ဒီသီချင်းလေးကတော့ လူကြိုက်တော်တော်များတဲ့ သီချင်းလေးဖြစ်ပြီး အရင်အပတ်ကတော့ နံပါတ် ၃ နေရာမှာရှိနေခဲ့တာဖြစ်ပါတယ်။

2.Ariana Grande – thank u, next

စထွက်တဲ့ အချိန်ကတည်းက နံပါတ် ၁ နေရာမှာ ရှိနေခဲ့တာဖြစ်ပါတယ်။ဒီသီချင်းလေးကတော့ ဒီအပတ်မှာတော့ နံပါတ် ၂နေရာကို ရောက်လာတာဖြစ်ပါတယ်။

1.Travis Scott – SICKO MODE ft. Drake

ဒီသီချင်းကတော့ အရင်အပတ်က နံပါတ် ၂ နေရာမှာ ရှိနေခဲ့ပြီး BILLBOARD TOP THREE မှာ အချိန်အတော်ကြာရှိခဲ့ပါတယ်။ ဒီအပတ်မှာတော့ နံပါတ်  ၁နေရာကို ရောက်လာခဲ့ပါတယ်။

Source: Billboard

 

SHARE