မဖြစ်မနေ ကြည့်သင့်တဲ့ Deepika Padukone ရဲ့ ဇာတ်ကား (၆ ) ကား

Image;IG/Deepika Padukone

Deepika Padukone ကတော့ ကမ္ဘာကျော် ဘောလိဝုဒ် မင်းသမီးချောပါ။သူမဟာ  ဟောလိဝုဒ်အထိပါ တက်လှမ်း နိုင်ခဲ့တဲ့ မင်းသမီးတစ်ယောက်ပါ။(1986)ခုနှစ် ဇန်န၀ါရီ (၅)ရက်နေ့မှာ မွေးပြီး သူမရဲ့ အသက်ကတော့ (၃၄)နှစ်ပါ။ပိုင်ဆိုင်မှု ကတော့ အမေရိကန်ဒေါ်လာ (၂၅)သန်းပါ။သူမရဲ့ အနုပညာသက်တမ်းတစ်လျောက်မှာ တော့ ဇာတ်ကား တွေ အများကြီး ရိုက်ကူးခဲ့ဖူးပါတယ်။အဲ့ဒီအထဲကမှ ဇာတ်ကား ကောင်းတွေကို ရွေးချယ် ဖော်ပြ ပေးချင်ပါတယ်။

Piku

Piku  ကတော့ အိန္ဒိယ ဟာသ -ဒရမ်မာ  ဇာတ်ကားဖြစ်ပြီး ဒါရိုက်တာ Shoojit Sircar ပါ။ဒီဇာတ်ကား မှာတော့  Amitabh Bachchan ၊ Deepika Padukone ၊ Irrfan Khan တို့  ပါဝင် သရုပ်ဆောင်ထားပါတယ်။ဒီဇာတ်ကား ကတော့ သမီးဖြစ်သူနဲ့ အသက်ကြီးနေတဲ့ သူမရဲ့ ဖခင်တို့ ကြားက Relationship ကို ပုံဖော် ထားပါတယ်။

Baajirao Mastani

Bajirao Mastani  ကတော့ (၂၀၁၅)ခုနှစ်က ထွက်ရှိခဲ့တဲ့ ဇာတ်ကားပါ။ဒီဇာတ်ကား ကတော့ သမိုင်း ကြောင်း ချစ်ဇာတ်လမ်း လေးပါ။မဖြစ်မနေ ကြည့်သင့်တဲ့ ဇာတ်ကားပါ။ဒီ ဇာတ်ကားမှာတော့ ဘောလိဝုဒ်ရဲ့ ဒိတ်ဒိတ်ကြဲ တွေ ဖြစ်တဲ့ Ranveer Singh, Deepika Padukone နဲ့  Priyanka Chopra တို့ ပါဝင် သရုပ်ဆောင်ထားပါတယ်။Maratha Peshwa Bajirao နဲ့ သူ့ရဲ့ ဒုတိယဇနီးတို့ ကြားက ချစ်ခြင်း မေတ္တာကို အဓိက ပုံဖော် ရိုက်ကူးထားတာပါ။

READ
Beyonce ကို အရူးအမူအားပေးသူဖြစ်ကြောင်း သက်သေပြလိုက်တဲ့ Adele

Cocktail

ဒီဇာတ်ကားလေးကလည်း သူမရဲ့ ဇာတ်ကားကောင်းတွေထဲက တစ်ကားပါ။ဟာသ ရိုမန်တစ် ဇာတ်ကား အမျိုးအစားပါ။ဒီကားမှာတော့  Saif Ali Khan, Deepika Padukone, Diana Penty  တို့ ပါဝင် သရုပ် ဆောင်ထားပါတယ်။သုံးပွင့်ဆိုင် အချစ်ဇာတ်ကားလေးပါ။

Goliyon Ki Raasleela Ram-Leela

Goliyon Ki Raasleela Ram-Leela ဇာတ်ကားကတော့ (၂၀၁၃) ခုနှစ်က ထွက်ရှိခဲ့တာပါ။ဒီဇာတ်ကားကိုတော့  ၀မ်းနည်းစရာ ချစ်ဇာတ်ကားလေးပါ။ဒီဇာတ်ကားမှာတော့  Deepika Padukone ၊ Ranveer Singh တို့ ပါဝင် သရုပ်ဆောင်ထားတာပါ။

Padmaavat (2018)

Padmaavat ကတော့ Deepika Padukone ရဲ့ မဖြစ်မနေ ကြည့် သင့်တဲ့ ဇာတ်ကား ပါ။ဟိန္ဒူဘုရင်မနဲ့ မွတ်စလင်ဘုရင်တို့ရဲ့အချစ်ဇာတ်လမ်းကို ပုံဖော်ရိုက်ကူး ထား တာပါ။ဒီကား မပြသ ခင်က ဆန့်ကျင်ကန့်ကွက်မှု တွေ နဲ့ ရင်ဆိုင်ခဲ့ရပါတယ်။အိန္ဒိယနိုင်ငံရဲ့ သြဇာတိက္ကမအကြီးဆုံး ဟိန္ဒူပါတီကြီး ရဲ့ ကန့်ကွက်မှုကို ခံခဲ့ရသလို မပြသဖို့ ကိုလည်း ၀ိုင်းပြီး ကန့်ကွက် ဆန္ဒပြ တာကို ခံခဲ့ရပါတယ်။

READ
မိန်းကလေးပရိသတ်တွေကို ရင်ခုန်အောင်လုပ်လိုက်ပြန်တဲ့ အောင်ရဲလင်း

Chhapaak(2020)

ဒီဇာတ်ကား ကတော့ ထွက်ရှိထားတာ သိပ်မကြာ သေးတဲ့ သူမရဲ့ ဇာတ်ကားသစ်ပါ။(၂၀၀၅)တုန်းက လမ်းမပေါ်မှာ အက်ဆစ်ပက်ခံလိုက်ရတဲ့ အမျိုးသမီး တစ်ယောက်ရဲ့ အကြောင်းကို ရိုက်ကူးပုံဖော် ထားတာပါ။အက်ဆစ်ပက်ခံရပြီး မျက်နှာ ပျက်စီးသွား ပေမယ့် သူမရဲ့ ဘ၀ကို ပြန်လည် တည်ဆောက်ဖို့ ကြိုးစားတဲ့ မိန်း ကလေး တစ်ယောက်ရဲ့ အကြောင်းပါ။

 

Source:Wiki

SHARE