Chhapaak က သူမအတွက် အခက်ဆုံး ဇာတ်ကားပါဆိုတဲ့ Deepika

Image:IG/Deepika

Chhapaak (2020) ဇာတ်ကားကတော့ ပရိသတ်တွေကြားမှာ အရမ်းကို ရေပန်းစားတဲ့  ဘောလိဝုဒ် ဇာတ်ကားလေးပါ။လူတိုင်း အထူးသဖြင့် အမျိုးသမီး တိုင်း မဖြစ်မ နေ ကို ကြည့်သင့်တဲ့ ဇာတ်ကားလေးပါ။ဒီဇာတ်ကား  ကတော့ တကယ့်ဖြစ်ရပ် မှန်ကို ပြန်လည် ရိုက်ကူးထားတဲ့ ဇာတ်ကားပါ။(၂၀၀၅)ခုနှစ်တုန်းက အိန္ဒိယနိုင်ငံ နယူးဒေလီက လမ်း ပေါ်မှာ အက်ဆစ်နဲ့ အပက်ခံလိုက်ရတဲ့ အမျိုးသမီး ငယ်လေး တစ်ယောက် သူမရဲ့ ဘ၀ကို ဘယ်လို မျိုး ပြန်လည် တည်ဆောက်လဲဆိုတာကို ရိုက်ကူးထားတဲ့ ဇာတ်ကားလေးပါ။Deepika Padukone ကတော့ ဒီကားမှာ အက် ဆစ် နဲ့ အပက်ခံ လိုက်ရတဲ့ မိန်းကလေး နေရာကနေ ပါဝင်ထားပါတယ်။

Image:IG/Deepika
Image:IG/Deepika

အက်ဆစ်နဲ့ အပက်ခံလိုက်ရတဲ့ မိန်းကလေး ရဲ့ နာမည်ကတော့ Laxmi Agarwal ပါ။ သူမက တော့ အခု ဆိုရင် Motivational speaker အ ဖြစ်ပါ ရပ်တည်နေပြီး သူမရဲ့ ဘ၀ကို အကောင်းဆုံး တည်ဆောက် နေပါပြီ။Deepika Padukone နဲ့ Laxmi Agarwal  တို့ ကတော့ နှစ်ယောက် အတူတူ ဓါတ်ပုံ တွေ ရိုက်ခဲ့ကြပါတယ်။Deepika ရဲ့ IG မှာတော့ နှစ်ယောက်တွဲ ပုံတွေ ကို အများကြီး ဝေမျှ ထားပါတယ်။Chhapaak (2020)  အတွက် မိတ်ကပ် ပိုင်းမှာ ဘယ်လို ပြင်ဆင်ခဲ့သလဲ ဆိုတဲ့ ဗီဒီယိုဖိုင်ကိုလည်း ဝေမျှ ထားပါတယ်။

Image:IG/Deepika

Chhapaak (2020)  ဇာတ်ကားက သူမ အတွက် ဘယ်လို ဇာတ်ကား ဖြစ်ခဲ့ သလဲ ဆိုတာကိုတော့ Deepika Padukone ကတော့ IG မှာ အခုလို ပြောပြခဲ့ပါတယ်။ဒီဇာတ်ကား ကတော့ သူမရဲ့ အနုပညာသက်တမ်းတစ်လျောက်မှာ အခက်ခဲ ဆုံး ဇာတ်ကား ဖြစ်ခဲ့တယ်လို့ ပွင့်ပွင့်လင်းလင်းထုတ်ပြောခဲ့ပါတယ်။” ကျမရဲ့ အနုပညာ သက်တမ်းမှာ ဒီ ဇာတ်ကားက အခက်ဆုံးပါ။ဒီလို ပြောရတာက Chhapaak  ဆိုတာက ကျမ အတွက် ရုပ်ရှင် တစ်ခု သက်သက် မဟုတ်ပါဘူး။ဒါဟာ လှုပ်ရှားမှု တစ်ခု၊ကျ မတို့ နားလည်ထားတဲ့ “Be auty” ဆိုတဲ့ အဓိပ္ပါယ်ကို စိန် ခေါ်လိုက်တာပါ။နာမည်ကြီး အမေရိကန် စိတ်ရောဂါ အထူးကု ဆရာဝန်  Elisabeth Ross က အခုလို ပြောတယ်။သူတို့ ဘယ်လို ခံစားရလဲ၊ရုန်းကန်ရလဲ၊ဘာတွေ ဆုံးရှုံးရလဲ၊ဘာတွေကို အနိုင်ယူလဲ ဆိုတာကို သိ ပြီး သူတို့ရဲ့ ခံစားမှုကို သေချာ သိမြင်နားလည်နိုင်တဲ့ လူ ကသာ အလှ ဆုံး လူ ပါ လို့ ပြောတယ်။

READ
တက်တူးတွေကို ထုတ်ကြွားလိုက်တဲ့ Justin Bieber
Image:IG/Deepika
Image:IG/Deepika

အဲ့လို မျိုး လူတွေ က ဘ၀ရဲ့ တန်ဖိုးထားမှု တွေ၊သိမ်မွေ့မှုတွေ၊ဂရုဏာ တရားတွေ၊နက်ရှိုင်းတဲ့ ချစ်မေတ္တာတရားတွေ ဒါတွေ ကို သေချာ နားလည် ကြတဲ့ သူမျိုးတွေပါ။လှပတဲ့ လူဆိုတာ မျိုးက ဒီအတိုင်း ဖြစ်လာတာ မဟုတ်ပါဘူး။ဒီညမှာ ကျမ ပြောချင်တာက Laxmi Agarwal ဆိုတာ အက်ဆစ် တိုက်ခိုက်ခံရ ပေမယ့် မယုံနိုင်စရာ ကောင်း လောက်တဲ့ ခရီးရှည်ကြီး ပေါ်မှာ ရှင်သန် နေပြီး တကယ့်အလှ စစ်ရဲ့ အဓိပ္ပါယ် ကို အားလုံးသိ အောင် ပြသ ပေးတဲ့ သူပါ..” ဆိုပြီး ပြောခဲ့ပါတယ်။

 

View this post on Instagram

 

Chhapaak truly has been the most difficult film of my career… Having said that,Chhapaak for me is not just a film.It is a movement;that has challenged the definition and our understanding of ‘Beauty’. Famous American Swiss Psychiatrist Elisabeth Ross said,the most beautiful people we have known are those who have known suffering,known struggle,known loss,known defeat…and have found their way out of the depths.These persons have an appreciation,a sensitivity and an understanding of life that fills them with compassion,gentleness and a deep loving concern.Beautiful people do not just happen. I dedicate tonight’s award to Laxmi Agarwal and every single acid attack survivor who on this most incredible journey have shown us all what beauty truly means! #feminabeautyawards2020

A post shared by Deepika Padukone (@deepikapadukone) on

Source:Deepika Padukone ‘s IG & Wiki

SHARE