(၁၄၈)ပေအနက်နဲ့ အတွင်းလိုဏ်ခေါင်းတွေပါဖောက်ထားတဲ့ ကမ္ဘာ့အနက်ဆုံးရေကူးကန်

ရေအောက်လိုဏ်ခေါင်းနဲ့ ဟိုတယ်ပါ တွဲစပ်ထားတဲ့ ကမ္ဘာ့အနက်ဆုံးရေကူးကန်ကို ပိုလန်နိုင်ငံမှာ ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။ ရေကူးကန်ဟာ (၁၄၈) ပေအနက်ထိ ရှိမှာဖြစ်ပြီး ရေထုထည်ဟာ အိုလံပစ်ရေကူးကန်တွေမှာ ပါဝင်တဲ့ရေထုထည်နဲ့ အတူတူပဲ ဖြစ်မှာပါ။ ၄င်းရေကူးကန်ကို DeepSpot ကို အမည်ပေးထားပြီး ပိုလန်မြို့ လေးတစ်မြို့ဖြစ်တဲ့ Mszczonow မှာ လာမယ့် ဆောင်းဦးရာသီမှာ ဖွင့်လှစ်မှာ ဖြစ်ပါတယ်။ Mszczonow ဟာ ပိုလန်ရဲ့ မြို့တော်ဖြစ်တဲ့ ၀ါဆောကနေ ကီလိုမီတာ(၄၀) အကွာမှာ ရှိပါတယ်။

CEN

ရေကူးကန်ထဲမှာ ရေငုပ်နိုင်မှာ ဖြစ်ပြီး အတွင်းမှာ ရေအောက် လိုဏ်ခေါင်းတွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။  ရေကူးကန်အတွင်းပိုင်းထဲမှာပဲ ဟိုတယ်ခန်း၊ စားသောက်ဆိုင်နဲ့ အစည်းအဝေးခန်းမတွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။ DeepSpot ကို ထင်ရှားတဲ့ indoor skydiving simulator တစ်ခုဖြစ်တဲ့ FlySpot ကိုတည်ဆောက်ခဲ့တဲ့ ကုမ္ပဏီကပဲ တည်ဆောက်မှာ ဖြစ်ပါတယ်။

CEN

ဒေသမီဒီယာရဲ့ အဆိုအရ ရေကူးကန်ကို ဖြည့်ဖို့ ရေကုဗမီတာပေါင်း (၈) ထောင် လိုအပ်မယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း DeepSpot ဟာ ကမ္ဘာ့အနက်ဆုံး ရေကူးကန်အဖြစ် (၆) လတာ မျှသာ နာမည်ယူထားနိုင်မှာ ဖြစ်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ လက်ရှိ အင်္ဂလန်နိုင်ငံ ကိုလ်ချက်စတာမှာ Blue Abyss အမည်ရှိတဲ့ ရေကူးကန်တစ်ခု ဆောက်လုပ်ထားပြီး ၄င်းရေကူးကန်မှာတော့ ရေအနက်ပေါင်း(၁၆၄) ပေရှိမှာ ဖြစ်ပါတယ်။ Blue Abyss ကိုတော့ လေ့လာရေးသုတေသနလုပ်ငန်းတွေ ပြုလုပ်ဖို့အတွက် ရည်ရွယ်ပြီး တည်ဆောက်မှာပါ။

READ
ရှားရှားပါးပါးမွေးရာပါအမှတ်အသားများနဲ့ လူသားများ
CEN

DeepSpot မတိုင်ခင် ကမ္ဘာ့အနက်ဆုံးရေကူးကန်ကတော့ အီတလီနိုင်ငံ မြောက်ပိုင်းမှာရှိတဲ့ Y-40 Deep Joy ပဲ ဖြစ်ပါတယ်။ Deep Joy ကိုတော့ ထင်ရှားတဲ့ဗိသုကာပညာရှင်ကြီးတစ်ဦးဖြစ်တဲ့ အီမန်နျူရယ်ဘိုအာရက်တိုက ဒီဇိုင်းဖန်တီးထားပြီး ရေကူးကန်ဟာ ကြယ်လေးပွင့်ဟိုတယ်တစ်ခုဖြစ်တဲ့ Terme Millepini တွင်းမှာ ရှိပါတယ်။

CEN

Deep Joy ထဲမှာလည်း ရေငုပ်တာ၊ ဒိုင်ဗင်ပစ်တာတွေကို ပြုလုပ်နိုင်ပြီး ဥမင်လိုဏ်ဂူတွေထဲ ရေငုပ်တဲ့ cave diving ကို အခြေခံအဖြစ် သင်ကြားပေးလျက် ရှိနေပါတယ်။ ဒါ့အပြင် ရေကူးကန်ထဲကို ရေစိုခံမကူးချင်ပဲ လေ့လာချင်သူတွေအတွက်လည်း ကန်ထဲမှာ ထွင်းဖောက်မြင်နိုင်တဲ့ လိုဏ်ခေါင်းတွေကို ဖောက်လုပ်ထားပါတယ်။ Deep Joy မတိုင်ခင်မှာတော့ ဘယ်လ်ဂျီယမ် ဘရက်ဆဲလ်မြို့က Nemo 33ဟာ (၁၁၃) ပေအနက်နဲ့(၂၀၁၄) ခုနှစ်မတိုင်မီမှာ ကမ္ဘာ့အနက်ဆုံး ရေကူးကန်တစ်ကန် ဖြစ်ခဲ့ကြောင်း သိရပါတယ်။

လင်းလင်း (ShweMom)

Ref: dailymail, headtopics

SHARE