အိမ်ထဲဝင်ပြီး ဓားပြတိုက်တာခံခဲ့ရတဲ့ အင်္ဂလန်လက်ရွေးစင် ဘောလုံးသမား Dele Ali

[email protected]

အင်္ဂလန်ဘောလုံးအသင်းနဲ့ စပါးအသင်းရဲ့ လက်ရွေးစင်ဘောလုံးသမား Dele Alli ကိုတော့ ဘောလုံးပရိသတ်အမားစု သိကြမှာပါ။ Alli ဟာ COVID 19 ကပ်ရောဂါဖြစ်နေတဲ့ အချိန် သူ့ရဲ့ ဒေါ်လာ ၄ သန်းတန်  နေအိမ်ကြီးမှာပဲ သူ့ကောင်မလေး Ruby Mae နဲ့ အေးအေးလူလူ အနားယူလျက်ရှပါတယ်။ ဒါပေမယ့် မကြာသေးခင်အချိန်က ညသန်းခေါင်မှာ Alli တို့အိမ်ကို ဘယ်ကမှန်းမသိတဲ့ လူတစ်စုရောက်လာပြီး Alli ကို ကိုယ်ထိလက်ရောက်ကျူးလွန်ပြီး ရတနာပစ္စည်းအချို့နဲ့ နာရီတွေ လုယူသွားကြောင်း New.com.au သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

https://www.instagram.com/p/B7o2DaIHBgy/

အသက် ၂၄ နှစ်ရှိပြီဖြစ်တဲ့ Alli ဟာ အဲဒီညမှာ ညသန်းခေါင်အထိ သူ့ရဲ့ချစ်သူရယ်၊ သူ့အကို Harry နဲ့ သူ့အကိုကောင်မလေးရယ်၊အခြားသူငယ်ချင်းကောင်လေးတစ်ယောက်ရယ် စုစုပေါင်း Alli အပါအဝင် ၅ ယောက်ဟာ အိမ်အောက်ထပ်ရှိ ရေကူးကန်မှာ နေနေတုန်း အိမ်ထဲကို မျက်နှာဖုံးတပ်ထားတဲ့ ၅ ယောက်ထက်မနည်းတဲ့ လူတွေရောက်လာပြီး သူတို့အကုန်လုံးကို ဖမ်းချုပ်ခဲ့ပါတယ်။

READ
သံပုရာသီးတစ်ခြမ်းကို အိပ်ယာနားမှာထားအိပ်ရင် ရလာမဲ့အံသြစရာရလဒ်(၆)မျိုး

https://www.instagram.com/p/B4atTASBqM1/

အဲဒီအနောက် Alli တို့ (၅) ယောက်စလုံးကို အိမ်ထဲခေါ်သွားဖို့ လုပ်ခဲ့ပါတယ်။ အဲဒီအချိန်မှာ Alli ရဲ့ သူငယ်ချင်းတစ်ယောက်က ထပြေးဖို့လုပ်တာကြောင့် အုပ်လိုက်ဝိုင်းပြီး ရိုက်နှက်ခဲ့သေးပါတယ်။ အဲဒီနောက်မှာ Alii ရဲ့ ဝတ်ထားတဲ့ နာရီနဲ့ Alli အခန်းထဲက တန်ဖိုးကြီးလက်ပတ်နာရီတွေရယ်၊ ရတနာပစ္စည်းတွေရယ်ကို ယူပြီး ထွက်ပြေးဖို့ လုပ်ပါတယ်။ အဲဒီအချိန်မှာ Alli က ရဲတိုင်ဖို့ လုပ်ခဲ့လို့ ဓားပြတစ်ယောက်က Alli ကို လက်သီးနဲ့ ထိုးသွားပါသေးတယ်။

https://www.instagram.com/p/BzVSi4DA5oI/?utm_source=ig_embed

“လက်ရှိအချိန်ထိတော့ ဓားပြတွေကို မဖမ်းနိုင်သေးပါဘူး။ ရဲတွေကတော့ စုံစမ်းမှုတွေ ပြုလုပ်နေပါတယ်။ ကျွန်တော်ကော ကျွန်တော်သူငယ်ချင်းရော ဘာမှမဖြစ်ပါဘူး။ ဒါပေမယ့် ဒီဓားပြတွေက တော်တော်ရဲတင်းလွန်းတယ်။ ကျွန်တော့်အိမ်အကြောင်း ကောင်းကောင်းလေ့လာထားတဲ့ပုံပဲ။ အဲဒါကြောင့်မို့လို့ သူတို့ ခြံထဲ အလွယ်တကူ ဝင်နိုင်တာပေါ့” လို့ Alli က ပြောကြားခဲ့ပါတယ်။

READ
ဖုန်း alarm ပိတ်ပိတ်သွားတဲ့ တရားခံဆိုးလေးကို အမှတ်မထင် တွေ့လိုက်ရတဲ့အခါ…

Pyi Hein Kyaw

SHARE