ဝန်ထမ်းတွေ နေရပ်ပြန်နိုင်အောင် လေယာဉ်လက်မှတ် ၀ယ်ပေးခဲ့တဲ့ အလုပ်ရှင်

Image:pixabay/sarangib

ကိုဗစ် ကြောင့် တစ်နယ်တစ်ကျေးမှာ အလုပ်လုပ် နေသူတွေဟာ သူတို့ရဲ့ နေရပ်တွေ ကို ပြန်ကုန် ကြပါပြီ။နေရပ် ပြန် ဖို့ အခက်အခဲ တွေ့ နေရတဲ့ သူတွေ အတွက် တော့ အိန္ဒိယ လယ်သမားတစ်ယောက်က ကူညီ ပေးခဲ့ပါတယ်။သူ့ရဲ့ အလုပ်သမားေ တွ အိမ်ပြန် ဖို့ အခက်အခဲရှိ နေတာကို သိတဲ့ အတွက် လေယာဉ် လက်မှတ် တွေ စီစဉ် ပေးပြီး အိမ်ပြ န် လို့ ရ အောင် ကူညီ ပေးခဲ့တာပါ။နှစ်လ ကြာ Lockdown ကာလပြီးတဲ့ အချိန် မှာတော့ ရွှေ့ ပြောင်း လုပ်သားတွေ ဟာ နောက်ဆုံး မှာေ တာ့ နောက်ဆုံးမှာတော့ အလုပ်ရှင် ကြောင့် ပြန်နိုင်ခဲ့ပါတယ်။ဒီ အကြောင်းကိုေ တာ့ news18 မှာ ဖော်ပြ ထားပါတယ်။

Image:pixabay/Holgi

ရွှေ့ ပြောင်းလုပ်သမား (၁၀) ယောက်က တော့ သူတို့ရဲ့  မွေးရပ် မြေ  အိန္ဒိယနိုင်ငံ Bihar  ပြည်နယ် ကို ကြင်နာ တတ်တဲ့ အလုပ်ရှင် ကြောင့် ပြန်နိုင်ခဲ့ပါတယ်။သူတို့ရဲ့ အလုပ်ရှင်က တော့ Delhi က လယ်သမား ပါ။ဝန် ထမ်း တွေ အတွက် Rs 68,000  ဖိုးရှိတဲ့ လေယာဉ် လက်မှတ် တွေကို ၀ယ်ပေးခဲ့တဲ့ အပြင် အပြန် လမ်းစရိတ် အတွက် Rs 3,000  ကိုပါ ပေး ခဲ့တာပါ။ဝန်ထမ်းတွေ ကတော့ ပုံမှန်ဆိုရင် ကားတွေ ၊ရထားတွေကို အဆင့်ဆင့်စီးပြီးမှ သူတို့ ရဲ့ နေရပ် ကို ပြန်ရတာပါ။ဒါပေမယ့် ဒီတစ်ခါ မှာတော့ အလုပ်ရှင်ရဲ့ ကောင်းမှု ကြောင့် လေယာဉ် နဲ့ သက် သောင့် သက်သာ ပြန်နိုင်ခဲ့တာပါ။အလုပ်သမားတစ်ဦး ကတော့ ..”သူ့ရဲ့ ဘ၀မှာ လေယာဉ်စီးရလိမ့်မယ်လို့ ဘယ်တုန်းကမှ မ ထင် ထားခဲ့ ကြောင်း၊ဘယ်လောက်ထိ ပျော်နေလဲ ဆိုတာကို ဖော်မ ပြ တတ် လောက် အောင် ဖြစ် နေ တယ်လို့ ပြော ခဲ့ပါတယ်။

READ
Prince Harry ကို အရောင်းဌာန လက်ထောက်ရာထူး ကမ်းလှမ်းလိုက်တဲ့ Burger King

ကူညီပေးခဲ့တဲ့ အလုပ်ရှင်ရဲ့ နာမည်ကတော့ Pappan Singh ဖြစ်ပြီး မှိုလယ်သမားကြီးပါ။သူက တော့ ရွှေ့ ပြောင်း လုပ်သား တွေ နေရပ်ပြန်နိုင်ဖို့ တစ်ဖက်တလမ်းက နေ ကူညီ ပေးနေသူပါ။အလုပ်သမားတွေထဲကမှ Lakhinder ဆိုတဲ့ တစ်ယောက်ကဆိုရင်တော့ Pappan ရဲ့ လယ်မှာ အလုပ်လုပ်တာ နှစ် တွေ တော်တော် ကြာခဲ့ပါပြီ။မိသားစု ရဲ့ စားဝတ်ေ န ရေး အထိ သေချာ ဂရုစိုက် ပေးတတ်တဲ့ အလုပ်ရှင် လို့လည်း သူ့ရဲ့ သူဌေး ကို ချီးကျူး ခဲ့ပါတယ်။လေယာဉ် စရိတ် အပြင် လမ်းစရိတ် အထိ ပါ သေချာ ဂရုစိုက် ပေးတဲ့ အတွက်လည်း မွေး ရပ် မြေကို စိတ်  အေး လက် အေး နဲ့ ပြန်နိုင်တာ လို့ ဆိုပါတယ်။Pappan က တော့ ၀န်ထမ်းတွေ အိမ်ပြန်လမ်း ချော မွေ့ အောင် ကျန်းမာရေး ထောက်ခံ စာက အစ သေချာ လေး ပြင်ဆင် ပေးခဲ့တာပါ။

READ
သဘာဝတရားကြီးကဖန်တီးပေးထားတဲ့ ထူးခြားဆန်းပြားတဲ့အဖြစ်အပျက်များကို ပြနေတဲ့ပုံများ

#SHWEMOM

 

SHARE