စိုးရိမ်ဖွယ်ကောင်းနေတဲ့ ရာသီဥတုအခြေအနေကိုမျှဝေခဲ့ကြတဲ့ အိန္ဒိယပြည်သူများ

twitter/shubhrata_p

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဖြစ်ပွားတဲ့အချိန်အတွင်း ကောင်းတဲ့အချက်တွေထဲကတစ်ခုကတော့ သဘာဝတရားဟာ သူ့ကိုယ်သူပြန်လည်ကုစားခွင့်ရတာပါ။ တိရစ္ဆာန်တွေအဖို့လည်း စားကျက်မြေတွေပြန်ရသလို မြစ်တွေချောင်းတွေဟာလည်း ပိုပိုပြီးသန့်ရှင်းလာပါတယ်။ လူတွေရဲ့ လုပ်ဆောင်မှုတွေ ဝင်ရောက်စွက်ဖက်တာတွေမရှိတော့တဲ့အတွက် ပတ်ဝန်းကျင်တစ်ခုလုံးဟာ ပြန်လည်သာယာလာတာဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံ ဒေလီမြို့ဟာ ကမ္ဘာပေါ်မှာ လေထုအညစ်ညမ်းဆုံးအဆင့်၁ နေရာကိုပိုင်ဆိုင်ထားတဲ့နေရာပါ။ ဒါပေမဲ့ လော့ဒေါင်းတုန်းကတော့ ဒေလီမှာတောင် လူသွားလူလာကင်းသွားလို့ ဒေလီမှာကောင်းကင်ပြာပြာကိုတောင် တွေ့မြင်ရပြီး သန့်ရှင်းတဲ့လေကိုရှူရှိုက်ရတဲ့အထိ ရာသီဥတုကြည်လင်ခဲ့ပါတယ်။

ဒါပေမဲ့လည်း နိုဝင်ဘာလထဲမှာတော့ ဒေလီရဲ့လေထုအရည်အသွေးက ပြန်ကျလာနေတယ်လို့ storypick သတင်းကဆိုပါတယ်။ အကြောင်းရင်းကတော့ တောင်ယာတွေကိုမီးရှို့တဲ့ အလေ့အထကြောင့်ဖြစ်ပါတယ်။ တောင်ယာတွေမီးရှို့ရာက ထွက်လာတဲ့ မီးခိုးနဲ့ဖုန်မှုန့်တွေကြောင့် ဒေလီမြို့ထဲက လေထုအခြေအနေကတော့ တော်တော်လေးဆိုးဝါးသွားခဲ့ပါတယ်။

မြို့တွင်းနဲ့ ဒေလီအနီးတစ်ဝိုက်ကမြို့တွေမှာ လေတိုက်နှုန်းဟာ တစ်နာရီ ၅ကီလိုမီတာအထိ အနည်းဆုံးနှုန်းထားနဲ့ ကျဆင်းသွားခဲ့ပါတယ်။ မြို့နေရာတစ်ခုလုံးမှာတော့ နေရာတိုင်းမှုန်ဝါးဝါးနဲ့ ပြာမှုန်တွေချည်း ဖြစ်နေခဲ့တာပါ။ အိန္ဒိယမိုးလေဝသဌာန (India Meteorological Department) ကတော့ လေအရည်အသွေးဆိုးဝါးမှုက ရက်အနည်းငယ်လောက်အထိ ဆက်တိုက်ဖြစ်နေဦးမယ့်အကြောင်း သတိပေးထားပါတယ်။ အောက်မှာကတော့ မြို့သူမြို့သားတွေက မြို့ရဲ့လေအရည်အသွေးဆိုးဝါးလာတဲ့အကြောင်း အရင်နဲ့အခုဖြစ်နေတဲ့ပုံရိပ်တွေကိုရိုက်ယူပြီး ဆိုရှယ်မီဒီယာပေါ်တင်ထားကြတာတွေကို တွေ့ရမှာဖြစ်ပါတယ်။

ShweMom

SHARE